ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
### Unicode Version ###
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လို့သည်လုပ်ငန်းရှင်များသည် မြေဧက ၅၀ မှ ၁၀၀ ကြားတောင်းခံနေသည်ဟု ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြော ကြားသည်။
သို့သော်လည်း လိုအပ်သည့်မြေယာကို အချိန်တိုတွင်း မစီစဉ်ပေးနိုင်သေး၍ အခြားနိုင်ငံများကိုရွေးချယ်နေသည်ဟု ၎င်းကဆိုသည်။
ရင်းနှီးမြှုပ်နှံသူများသည် စက်မှုဇုန်များပြောင်းရွှေ့မှုကို သုံးလအတွင်းဆောင်ရွက်လိုသော်လည်း မြန်မာနိုင်ငံတွင် သဘောတူညီမှုအဆင့်ဆင့်ဖြတ်သန်းရာ၌ အနည်းဆုံးခြောက်လကြာမြင့်နေသည်ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်း၌ လက်ရှိ စက်မှုဇုန် ၂၉ ခုတွင် တစ်ဧကကွက်အများဆုံးသာဖြစ်၍ နေရာပေးနိုင်သည်ဟု ဝန်ကြီးက ပြောသည်။
ထိုသို့မဆောင်ရွက်ပေးနိုင်ခြင်းကြောင့် လုပ်ငန်းရှင်များသည် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း နှင့် မလေးရှားနိုင်ငံတို့ကို အစားထိုးရွေးချယ်နေသည် ဟုဆိုသည်။
လက်ရှိအစိုးရလက်ထက်တွင် စက်မူဇုန်မြေကွက်များကို ထပ်မံဖော်ထုတ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com