
မန္တလေးတိုင်းဒေသကြီး ရှစ်မြို့နယ်တွင် ဝန်ထမ်းအိမ်ရာ ၁၉၂ ခန်းကို တည်ဆောက်ပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
30 Oct 2019 1:30 pm တွင် တင်ခဲ့သည်
911 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###









### Unicode Version ###

မန္တလေးတိုင်းဒေသကြီး ရှစ်မြို့နယ်တွင် ဝန်ထမ်းအိမ်ရာ ၁၉၂ ခန်းကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း မင်းထက်အောင် (မန်းကိုယ်ပွား) ၏ကြေးမုံပါသတင်းအရသိရသည်။

အဆိုပါရှစ်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေငွေကျပ် ၃ ဒသမ ၇ ဘီလီယံ သုံးစွဲပြီး ဝန်ထမ်းအိမ်ရာ ၁၉၂ ခန်းကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးဦးသက်နိုင်က ပြောကြားထားကြောင်း သိရသည်။

တင်ဒါခေါ်ထားပြီဖြစ်၍ တင်ဒါအောင်မြင်သူများကို နိုဝင်ဘာလတွင် လုပ်ငန်းအပ်နှံပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှာ အပြီးတည်ဆောက်သွားမှာဖြစ်ကြောင်း၊၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် မန္တလေးတိုင်းဒေသ ကြီးအတွင်း ဆောက်လုပ်ခဲ့သည့် ဝန်ထမ်းအိမ်ရာများနှင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအရေအတွက် ကို နှိုင်းယှဉ်လျှင် ၂၅ ဒသမ ၃၆ ရာခိုင်နှုန်း အိမ်ရာများတည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊မိမိတို့ဌာနအနေဖြင့် ဝန်ထမ်းများနေထိုင်ရေးနှင့် မြို့ပြစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက် ပေးနေပါကြောင်း၊ ဆက်လက်ပြီးလည်း အရောင်းအိမ်ရာများတည်ဆောက်ပေးပြီး ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်အောင် ဆက်စပ်ဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းကပြောထားသည်။

တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာတိုက်ခန်းများမှာ တစ်ခန်းလျှင် ၆၅၀ စတုရန်းပေအကျယ်အဝန်းရှိ လေးခန်းတွဲလေးထပ်ပါ တိုက် ၁၂ လုံး အခန်းပေါင်း ၁၉၂ ခန်းကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက် ၁၂ လုံးမှာ ချမ်းမြသာစည်မြို့နယ ်တွင် နှစ်လုံး၊ မလှိုင်မြို့နယ် တွင် တစ်လုံး၊ ရမည်သင်း မြို့နယ်တွင် တစ်လုံး၊ စဉ့်ကူးမြို့နယ်တွင် နှစ်လုံး၊ မတ္တရာမြို့နယ်တွင် တစ်လုံး၊ ညောင်ဦးမြို့နယ်တွင် သုံးလုံး၊ နွားထိုးကြီးမြို့နယ်တွင် တစ်လုံးနှင့် တောင်သာမြို့နယ်တွင် တစ်လုံး တို့ဖြစ်ကြောင်းသိရသည်။

ယခင် ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၈ ဒသမ ၈ ဘီလီယံဖြင့် ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၅၉၀ကို လည်းကောင်း၊ ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် ၄ ဒသမ ၈ ဘီလီယံ သုံးစွဲကာ ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၂၄၀ ကို တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် အရောင်းအိမ်ရာများ တည်ဆောက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် (CHID) ဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုဆောင်းထားကြသူ ၂၁၉၉ ဦးရှိနေကြောင်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
Ponnmie Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service