ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ရန္ကုန္ၿမိဳ႕ရွိ ကိုလိုနီေခတ္လက္ရာ ဝန္ႀကီးမ်ားရုံးကို အမ်ားျပည္သူသို႔ဖြင့္လွစ္ျပသႏိုင္သည့္ အေျခအေန ေရာက္ရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
ကိုလိုနီေခတ္လက္ရာ ဝန္ႀကီးမ်ားရုံးကို ျပည္တြင္းဧည့္သည္မ်ားႏွင့္ ျပည္ခရီးသြားမ်ားအတြက္ ျပသႏိုင္ရန္ ရန္ကုန္တိုင္းအစိုးရအေနႏွင့္ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
အမ်ားျပည္သူမ်ားအေနျဖင့္ ေန႔စဥ္ ၉ နာရီခြဲမွ ညေန ၄ နာရီခြဲအထိ ဖြင့္လွစ္ျပသထားေၾကာင္း၊ေျမညီထပ္ႏွင့္ ပထမထပ္ေနရာကို အခမဲ့ျပသထားၿပီး ကန္႔သတ္နယ္ေျမအတြင္း ဝင္ေရာက္ၾကည့္ရႈ ေလ့လာလိုပါကအခေၾကးေငြေပးေဆာင္ရေၾကာင္းသိရသည္။
ၾကည့္ရႈေလ့လာလိုသူသည္ ႏိုင္ငံသားျဖစ္ပါက လူႀကီး ၃၀၀၀ က်ပ္၊ေက်ာင္းသား ေက်ာင္းသူမ်ားအတြက္ ၁၀၀၀ က်ပ္ ျဖစ္ေၾကာင္းသိရသည္။
ႏိုင္ငံျခားသားမ်ားျဖစ္လွ်င္ လူႀကီး ၁၀ ေဒၚလာ (သို႔မဟုတ္) ျမန္မာေငြက်ပ္ ၁၅၀၀၀ ၊၁၂ ႏွစ္ေအာက္ ကေလး ၅ ေဒၚလာ (သို႔မဟုတ္) ျမန္မာေငြ ၈၀၀၀ က်ပ္ ျဖစ္ေၾကာင္း၊ေလးႏွစ္ႏွင့္ေအာက္ ကေလးမ်ားကို အခမဲ့ျဖစ္ၿပီး ဝင္ေၾကးျဖင့္ၾကည့္ရႈ ေလ့လာသူမ်ားကို ဧည့္လမ္းညႊန္မ်ားကလိုက္လံ ျပသရွင္းလင္းေပးေၾကာင္းသိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်လက်ရာ ဝန်ကြီးများရုံးကို အများပြည်သူသို့ဖွင့်လှစ်ပြသနိုင်သည့် အခြေအနေ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ကိုလိုနီခေတ်လက်ရာ ဝန်ကြီးများရုံးကို ပြည်တွင်းဧည့်သည်များနှင့် ပြည်ခရီးသွားများအတွက် ပြသနိုင်ရန် ရန်ကုန်တိုင်းအစိုးရအနေနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အများပြည်သူများအနေဖြင့် နေ့စဉ် ၉နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသထားကြောင်း၊မြေညီထပ်နှင့် ပထမထပ်နေရာကို အခမဲ့ပြသထားပြီး ကန့်သတ်နယ်မြေအတွင်း ဝင်ရောက်ကြည့်ရှု လေ့လာလိုပါက အခကြေးငွေပေးဆောင်ရကြောင်းသိရသည်။
ကြည့်ရှုလေ့လာလိုသူသည် နိုင်ငံသားဖြစ်ပါက လူကြီး ၃၀၀၀ ကျပ်၊ကျောင်းသား ကျောင်းသူများအတွက် ၁၀၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။
နိုင်ငံခြားသားများဖြစ်လျှင် လူကြီး ၁၀ ဒေါ်လာ (သို့မဟုတ်) မြန်မာငွေကျပ် ၁၅၀၀၀ ၊၁၂ နှစ်အောက် ကလေး ၅ ဒေါ်လာ (သို့မဟုတ်) မြန်မာငွေ ၈၀၀၀ ကျပ် ဖြစ်ကြောင်း၊လေးနှစ်နှင့်အောက် ကလေးများကို အခမဲ့ဖြစ်ပြီး ဝင်ကြေးဖြင့်ကြည့်ရှု လေ့လာသူများကို ဧည့်လမ်းညွှန်များကလိုက်လံ ပြသရှင်းလင်းပေးကြောင်းသိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com