ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
၂၀၂၀ ခုႏွစ္အတြက္ ကမၻာ့ဘဏ္က ထုတ္ျပန္သည့္ စီးပြားေရးလုပ္ကိုင္ရလြယ္ကူမွုအညႊန္းကိန္း(Ease of Doing Ranking ) သတ္မွတ္ခ်က္မွာ ျမန္မာနိုင္ငံ ဟာ အဆင့္ (၆) ဆင့္ တိုးတက္လာေၾကာင္း သိရသည္။
ယခင္ ၂၀၁၉ အတြက္ သတ္မွတ္ခ်က္မွာ အဆင့္ (၁၇၁) မွာ ရွိေနတဲ့ ျမန္မာနိုင္ငံဟာ ၂၀၂၀ ခုႏွစ္မွာေတာ့ အဆင့္ (၁၆၅)ကို တိုးတက္ေရာက္ရွိလာခဲ့တာျဖစ္သည္။
ကမၻာ့ဘဏ္ရဲ့ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ရလြယ္ကူမွုအညႊန္းကိန္းသက္မွတ္ခ်က္ကို လုပ္ငန္းစတင္လုပ္ကိုင္ျခင္း၊ ေခ်းေငြရရွိမွု၊ လၽွပ္စစ္မီး၊ အေဆာက္အအုံပါမစ္မ်ားရယူျခင္း၊ မဆပ္နိုင္သည့္ အေႂကြးေျဖရွင္းမွု၊ နယ္စပ္ျဖတ္ေက်ာ္ကုန္သြယ္မွုႏွင့္ နည္းပါးတဲ့ ရင္းႏွီးျမႇုပ္ႏွံသူေတြကို အကာအကြယ္ေပးျခင္းအပါအဝင္ က႑ (၁၀) ခုမွာ ရရွိတဲ့ ရမွတ္မ်ားေတြကို အေျခခံၿပီး အဆင့္သတ္မွတ္ ုျခင္းျဖစ္သည္။
ျမန္မာနိုင္ငံဟာ ေဆာက္လုပ္ခြင့္ရယူျခင္း (Dealing with Construction Permits)၊ စီးပြားေရးလုပ္ငန္းတစ္ခု စတင္ ျခင္း( Starting a Business)၊ ပိုင္ဆိုင္မွုမွတ္ပုံတင္ျခင္း (Registering Property)၊ ပဋိညာဥ္အတည္ျပဳေဆာင္ရြက္ျခင္း (Enforcing Contracts)၊ အနည္းစုရင္းႏွီးျမႇုပ္ႏွံသူမ်ားအား အကာအကြယ္ေပးျခင္း (Protecting Minority Investors) ေတြမွာ သိသိသာသာ ေျပာင္းလဲမႈေတြကို ေဆာင္ရြက္နိုင္ခဲ့ေၾကာင္းသိရသည္။
ဒီအစီရင္ခံစာအရ စီးပြားေရးလုပ္ငန္းတစ္ခုစတင္ျခင္း( Starting a Business) က (၁၂) မွတ္၊ ေဆာက္လုပ္ခြင့္ ရယူျခင္း (Dealing with Construction Permits) က (၄ ဒသမ ၉)မွတ္၊ (Getting Electricity) က (၁)မွတ္၊ ပိုင္ဆိုင္မွု မွတ္ပုံတင္ျခင္း (Registering Property) က (၃ ဒသမ ၇)မွတ္၊ အနည္းစုရင္းႏွီးျမႇုပ္ႏွံသူမ်ားအား အကာအကြယ္ေပးျခင္း (ProtectingMinority Investors) က (၁၀)မွတ္၊ ပဋိညာဥ္အတည္ျပဳေဆာင္ရြက္ျခင္း (Enforcing Contracts) က (၁ ဒသမ ၉)မွတ္ အသီးသီးတိုးတက္ခဲ့တာေၾကာင့္ ၂၀၁၉ ခုႏွစ္ကထက္ ရမွတ္ေတြနဲ႔ ႏွိုင္းယွဥ္ရင္ ၃ ဒသမ ၃ ရာခိုင္ႏွုန္းတိုးတက္လာေၾကာင္းသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအညွှန်းကိန်း(Ease of Doing Ranking ) သတ်မှတ်ချက်မှာ မြန်မာနိုင်ငံဟာ အဆင့် (၆) ဆင့် တိုးတက်လာကြောင်း သိရသည်။
ယခင် ၂၀၁၉ အတွက် သတ်မှတ်ချက်မှာ အဆင့် (၁၇၁) မှာ ရှိနေတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာတော့ အဆင့် (၁၆၅)ကို တိုးတက်ရောက်ရှိလာခဲ့တာဖြစ်သည်။
ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှုအညွှန်းကိန်းသက်မှတ်ချက်ကို လုပ်ငန်းစတင်လုပ်ကိုင်ခြင်း၊ ချေးငွေရရှိမှု၊ လျှပ်စစ်မီး၊ အဆောက်အအုံပါမစ်များရယူခြင်း၊ မဆပ်နိုင်သည့် အကြွေးဖြေရှင်းမှု၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် နည်းပါးတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးခြင်းအပါအဝင် ကဏ္ဍ (၁၀) ခုမှာ ရရှိတဲ့ ရမှတ်များတွေကို အခြေခံပြီး အဆင့်သတ်မှတ် ုခြင်းဖြစ်သည်။
မြန်မာနိုင်ငံဟာ ဆောက်လုပ်ခွင့်ရယူခြင်း (Dealing with Construction Permits)၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင် ခြင်း( Starting a Business)၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း (Registering Property)၊ ပဋိညာဉ်အတည်ပြုဆောင်ရွက်ခြင်း (Enforcing Contracts)၊ အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း (Protecting Minority Investors) တွေမှာ သိသိသာသာ ပြောင်းလဲမှုတွေကို ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
ဒီအစီရင်ခံစာအရ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း( Starting a Business) က (၁၂) မှတ်၊ ဆောက်လုပ်ခွင့် ရယူခြင်း (Dealing with Construction Permits) က (၄ ဒသမ ၉)မှတ်၊ (Getting Electricity) က (၁)မှတ်၊ ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း (Registering Property) က (၃ ဒသမ ၇)မှတ်၊ အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း (ProtectingMinority Investors) က (၁၀)မှတ်၊ ပဋိညာဉ်အတည်ပြုဆောင်ရွက်ခြင်း (Enforcing Contracts) က (၁ ဒသမ ၉)မှတ် အသီးသီးတိုးတက်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်ကထက် ရမှတ်တွေနဲ့ နှိုင်းယှဉ်ရင် ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာကြောင်းသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com