ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
တ႐ုတ္နည္းပညာကုမၸဏီ CTIEC ႏွင့္ ေဟာင္ေကာင္ကုမၸဏီ V-Powerက ထားဝယ္အထူးစီးပြားေရးဇုန္တြင္ ရင္းႏွီးျမႇုပ္ႏွံရန္ စီစဥ္ေနေၾကာင္း ယင္းအထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီဒုတိယဥကၠ႒ ေဒါက္တာျမင့္ဆန္းက ေျပာသည္။
ထားဝယ္ အထူးစီးပြားေရးဇုန္တည္ေဆာက္ေရး ပထမအဆင့္တြင္ စီမံကိန္းကိုးခုအနက္ LNG စီမံကိန္းကို ရင္းႏွီးျမႇုပ္ႏွံရန္ တ႐ုတ္အမ်ိဳးသားနည္းပညာ သြင္းကုန္၊ ထုတ္ကုန္ေကာ္ပိုေရးရွင္း CTIEC ႏွင့္ V-Power ကုမၸဏီတို႔ ေအာက္တိုဘာ ၂၃ ရက္က လာေရာက္စုံစမ္းခဲ့သည္ဟု ၎ကဆိုသည္။
ေဟာင္ေကာင္အေျခစိုက္ V-Power ကုမၸဏီသည္ ျမန္မာအစိုးရ၏ ေႏြရာသီမီးမျပတ္ေစေရး ေဆာင္ရြက္ေနသည့္ ဓာတ္ေငြ႕ႏွင့္ LNG သုံးဓာတ္အားေပးစီမံကိန္းငါးခုတြင္ ေလးခုကို တင္ဒါေအာင္ျမင္ထားသည္။
LNG စီမံကိန္းသုံးခုျဖစ္သည့္ မဂၢါ၀ပ္ ၁၅၀ ထုတ္လုပ္မည့္ ေက်ာက္ျဖဴစီမံကိန္း၊ မဂၢါ၀ပ္ ၃၅၀ ထုတ္လုပ္မည့္သန္လ်င္ရွိ စီမံကိန္းႏွင့္ မဂၢါ၀ပ္ ၄၀၀ ထုတ္လုပ္မည့္သာေကတစီမံကိန္းတို႔ကို V-Power ႏွင့္ တ႐ုတ္အမ်ိဳးသားနည္းပညာသြင္းကုန္၊ ထုတ္ကုန္ေကာ္ပိုေရးရွင္း (China Technical Import & Export Corporation) တို႔ ပူးေပါင္းတင္ဒါ ေအာင္ျမင္ခဲ့သည္။
ထားဝယ္အထူးစီးပြားေရးဇုန္ ပထမအဆင့္တြင္ LNG ဆိပ္ကမ္း၊ ဓာတ္အားေပးေရးစီမံကိန္း၊ ေရနက္ဆိပ္ကမ္းစသည့္တို႔ပါဝင္သည္။ ထားဝယ္အထူးစီးပြားေရးဇုန္ကို ၂၀၀၈ တြင္ စတင္ၿပီး ေၿမဧရိယာတစ္ခုလုံးကို အီတာလ်ံ- ထိုင္းကုမၸဏီက လုပ္ကိုင္ခြင့္ရရွိခဲ့သည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
တရုတ်နည်းပညာကုမ္ပဏီ CTIEC နှင့် ဟောင်ကောင်ကုမ္ပဏီ V-Powerက ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ယင်းအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောသည်။
ထားဝယ် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး ပထမအဆင့်တွင် စီမံကိန်းကိုးခုအနက် LNG စီမံကိန်းကို ရင်းနှီးမြှုပ်နှံရန် တရုတ်အမျိုးသားနည်းပညာ သွင်းကုန်၊ ထုတ်ကုန်ကော်ပိုရေးရှင်း CTIEC နှင့် V-Power ကုမ္ပဏီတို့ အောက်တိုဘာ ၂၃ ရက်က လာရောက်စုံစမ်းခဲ့သည်ဟု ၎င်းကဆို သည်။
ဟောင်ကောင်အခြေစိုက် V-Power ကုမ္ပဏီသည် မြန်မာအစိုးရ၏ နွေရာသီမီးမပြတ်စေရေး ဆောင်ရွက်နေသည့် ဓာတ်ငွေ့နှင့် LNG သုံးဓာတ်အားပေးစီမံကိန်းငါးခုတွင် လေးခုကို တင်ဒါအောင်မြင်ထားသည်။
LNG စီမံကိန်းသုံးခုဖြစ်သည့် မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မည့် ကျောက်ဖြူစီမံကိန်း၊ မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့်သန်လျင်ရှိ စီမံကိန်းနှင့် မဂ္ဂါဝပ် ၄၀၀ ထုတ် လုပ်မည့်သာကေတစီမံကိန်းတို့ ကို V-Power နှင့် တရုတ်အမျိုး သားနည်းပညာသွင်းကုန်၊ ထုတ်ကုန်ကော်ပိုရေးရှင်း (China Technical Import & Export Corporation) တို့ ပူးပေါင်းတင်ဒါ အောင်မြင်ခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန် ပထမအဆင့်တွင် LNG ဆိပ်ကမ်း၊ ဓာတ်အားပေးရေးစီမံကိန်း၊ ရေနက်ဆိပ်ကမ်းစသည့်တို့ပါဝင်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ တွင် စတင်ပြီး မြေဧရိယာတစ်ခုလုံးကို အီတာလျံ- ထိုင်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့သည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com