ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
### Unicode Version ###
ဇုန်အလိုက်ရေဖြန့်ဖြူးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း EOI အဆိုပြုလွှာတင်သွင်းရက် ပြင်ဆင်သတ်မှတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
ရန်ကုန်မြို့တော်တွင် ဇုန်အလိုက် ရေဖြန့်ဖြူးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းများ အတွက် Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စိတ်ဝင်စားသည့် ပြည်တွင်း ပြည်ပ(သို့မဟုတ်) ဖက်စပ်ကုမ္ပဏီများအား စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ အောက်တိုဘာ ၂၈ ရက် နေလည် ၃ နာရီမတိုင်မီတင်သွင်းနိုင်ရန် နိုင်ငံပိုင်သတင်းစာတို့တွင် ဩဂုတ်၂၇ ရက်က ကြေညာဖိတ် ခေါ်ခဲ့သည်။
အဆိုပါသတ်မှတ်ရက်အား အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာခဲ့ရာ အိတ်ပိတ်ထားသည့် EOI အဆို ပြုလွှာများအား ရုံးဖွင့်ရက်ဖြစ်သည့် အောက်တိုဘာ ၂၉ ရက် (အင်္ဂါနေ့) နေ့လည် ၃ နာရီမတိုင်မီ ရေရရှိ ရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ရုံး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံးသစ၊် အမှတ်(၃၉၀)၊ကုန်သည်လမ်း၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့သို့လူကိုယ်တိုင်လာရောက်တင်သွင်းရန် ပြင် ဆင် သတ်မှတ်ကြောင်းကြေညာထားသည်။
ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com