ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရွစ္စင္းေျမာက္သေဘၤာအျဖစ္ အျပည္ျပည္ဆိုင္ရာ ပင္လယ္ကူးသေဘၤာႀကီး JAIKLI သည္ ရန္ကုန္ - မႏၲေလး ရထားလမ္းပိုင္းအဆင့္ျမႇင့္တင္ေရးစီမံကိန္းတြင္ အသုံးျပဳမည့္ရထားသံလမ္းတန္ခ်ိန္ ၂၈၄၇ တန္၊သံလမ္းအေခ်ာင္း ၂၂၆၀ ကို သယ္ေဆာင္ၿပီး ဆူးေလဆိပ္ကမ္းသို႔ေရာက္ရွိလာေၾကာင္း သိရသည္။
အဆိုပါ ရထားသံလမ္းမ်ားကို CP-102 (ပဲခူး-ေညာင္ေလးပင္) လမ္းပိုင္းတြင္ အသုံးျပဳမည္ျဖစ္ၿပီး ယင္းလမ္းပိုင္းအတြက္ ငါးႀကိမ္ေျမာက္အျဖစ္ ရထားသံလမ္းမ်ားေရာက္ရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ဂ်ပန္နိုင္ငံမွ ODA Loan ျဖင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျမန္မာ့မီးရထားက ဝယ္ယူထားေသာ ရထားသံလမ္းမ်ား ယခုႏွစ္ေမလဆန္းက ရန္ကုန္ဆိပ္ကမ္းသို႔ စတင္ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ JICA မွ ေခ်းေငြ အေမရိကန္ေဒၚလာ ၂ ဒသ မ ၇ ဘီလီယံ သုံးစြဲၿပီး ရန္ကုန္-မႏၲေလး ရထားလမ္းအဆင့္ျမႇင့္တင္ေရးစီမံကိန္းကို ၂၀၁၈ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္ အထိ ငါးႏွစ္စီမံကိန္းသတ္မွတ္၍အၿပီးလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ခရီးသြားျပည္သူမ်ား ရထားစီးနင္းရာတြင္ သံလမ္းေဆာင့္မႈနည္းပါးၿပီး သက္ေသာင့္သက္သာလိုက္ပါ စီးနင္းႏိုင္ရန္ အစားထိုးေဆာင္ရြက္မည့္ ဂ်ပန္သံလမ္းမ်ားမွ သံလမ္းအဆက္မ်ားကို နည္းပညာသစ္ျဖင့္ ေဆာင္ရြက္ထားေၾကာင္ ျမန္မာ့မီးရထားမွ သိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရှစ်စင်းမြောက်သင်္ဘောအဖြစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောကြီး JAIKLI သည် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းတွင် အသုံးပြုမည့်ရထားသံလမ်းတန်ချိန် ၂၈၄၇ တန်၊သံလမ်းအချောင်း ၂၂၆၀ ကို သယ်ဆောင်ပြီး ဆူးလေဆိပ်ကမ်းသို့ရောက်ရှိလာကြောင်းသိရသည်။
အဆိုပါ ရထားသံလမ်းများကို CP-102 (ပဲခူး-ညောင်လေးပင်) လမ်းပိုင်းတွင် အသုံးပြုမည်ဖြစ်ပြီး ယင်း လမ်းပိုင်းအတွက် ငါးကြိမ်မြောက်အဖြစ် ရထားသံလမ်းများ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံမှ ODA Loan ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက ဝယ်ယူထားသော ရထားသံလမ်းများ ယခုနှစ်မေလဆန်းက ရန်ကုန်ဆိပ်ကမ်းသို့ စတင်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ ချေးငွေ အမေရိကန်ဒေါ်လာ ၂ ဒသ မ ၇ ဘီလီယံ သုံးစွဲပြီး ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ ငါးနှစ်စီမံကိန်း သတ်မှတ်၍ အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားပြည်သူများ ရထားစီးနင်းရာတွင် သံလမ်းဆောင့်မှုနည်းပါးပြီး သက်သောင့်သက်သာ လိုက်ပါ စီးနင်းနိုင်ရန် အစားထိုးဆောင်ရွက်မည့် ဂျပန်သံလမ်းများမှ သံလမ်းအဆက်များကို နည်းပညာသစ်ဖြင့် ဆောင်ရွက်ထားကြောင် မြန်မာ့မီးရထားမှ သိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com