ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းမ်ားတိုးတက္လာေစရန္ နွင့္စီးပြားေရးအခြင့္အလမ္းမ်ား ပိုမိုတိုးပြားလာေစရန္ရန္ကုန္ၿမိဳ႕တြင္ ညပိုင္းလည္ပတ္စရာေနရာမ်ားေဖာ္ေဆာင္သြားမည္ဟု ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးဦးၿဖိဳးမင္းသိန္းကေျပာသည္။
အခုဆို ရန္ကုန္ၿမိဳ႕ ရဲ႕ ခရီးသြားက႑ဖြံ႔ၿဖိဳးဖို႔ကို ေဆာင္ရြက္ေနပါတယ္။ ရန္ကုန္ၿမိဳ႕ ကို လာေရာက္လည္ပတ္တဲ့သူေတြ ညဖက္ေတြမွာပါလည္စရာေနရာရွိေအာင္ ႀကိဳးစားေဆာင္ရြက္ေနပါတယ္။ အထူးသျဖင့္ ရန္ကုန္ၿမိဳ႕ကို ေရာင္းမယ့္သူေရာ ဝယ္မယ့္သူပါ ပါလာႏိုင္တဲ့ ေနရာမ်ိဳး ျဖစ္ေအာင္လုပ္သြားမွာပါ။ အဲဒီလို လုပ္ႏိုင္ရင္ဆက္စပ္က႑ေတြမွာလည္း ဖြံ႔ၿဖိဳးတိုးတက္သြားမွာပါ ခရီးသြားက႑ထဲမွာ ပါဝင္ေနတဲ့ ညီေနာင္က႑ေတြ ဖြံ႔ၿဖိဳးတိုးတက္ဖို႔ကလည္း အေရးႀကီးပါတယ္''ဟု ရန္ကုန္ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာသည္။
ေနာက္ပိုင္းတြင္ရန္ကုန္ၿမိဳ႕တြင္ညပိုင္းလည္ပတ္စရာေနရာမ်ားကိုႏိုင္ငံျခားဧည့္မ်ားႏွင့္ျပည္တြင္းမွခရီးသြားမ်ားအတြက္ရည္ရြယ္ကာဖြင့္လစ္သြားမည္ျဖစ္ၿပီး ေရာင္းသူဝယ္သူပါ ႐ွိႏိုင္မည့္ေနရာမ်ားဖန္တီးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕သို႔ လာေရာက္ၾကသည့္ ျပည္တြင္း၊ ျပည္ပခရီးသြားမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕၏ ေက်ာ္ၾကားခဲ့ေသာ သမိုင္းပံုရိပ္၊ အေၾကာင္းအရာမ်ားႏွင့္ ယခုလက္ရွိ ေခတ္သစ္ရန္ကုန္၏ ပံုရိပ္မ်ားကို ဆက္စပ္၊ ရွာေဖြ၊ ခံစားေလ့လာႏိုင္ေစရန္၊ ေခတ္အဆက္ဆက္၏ အေမြအႏွစ္မ်ား စုစုစည္းစည္းေတြ႕ႏိုင္မည့္ ရန္ကုန္ၿမိဳ႕ေတာ္၏ ပံုရိပ္ကို ခရီးသြားလုပ္ငန္းမ်ားအတြက္ ျမႇင့္တင္ရန္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ကေျပာၾကားသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းများတိုးတက်လာစေရန် နှင့်စီးပွားရေးအခွင့်အလမ်းများ ပိုမိုတိုးပွားလာစေရန်ရန်ကုန်မြို့တွင် ညပိုင်းလည်ပတ်စရာနေရာများဖော်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးဦးဖြိုးမင်းသိန်းကပြောသည်။
အခုဆို ရန်ကုန်မြို့ ရဲ့ ခရီးသွားကဏ္ဍဖွံ့ဖြိုးဖို့ကို ဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့ကို လာရောက်လည်ပတ်တဲ့သူတွေ ညဖက်တွေမှာပါလည်စရာနေရာရှိအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့ကို ရောင်းမယ့်သူရော ဝယ်မယ့်သူပါ ပါလာနိုင်တဲ့ နေရာမျိုး ဖြစ်အောင်လုပ်သွားမှာပါ။ အဲဒီလို လုပ်နိုင်ရင်ဆက်စပ်ကဏ္ဍတွေမှာလည်း ဖွံ့ဖြိုးတိုးတက်သွားမှာပါ ခရီးသွားကဏ္ဍထဲမှာ ပါဝင်နေတဲ့ ညီနောင်ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း အရေးကြီးပါတယ်''ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
နောက်ပိုင်းတွင်ရန်ကုန်မြို့တွင်ညပိုင်းလည်ပတ်စရာနေရာများကိုနိုင်ငံခြားဧည့်များနှင့်ပြည်တွင်းမှခရီးသွားများအတွက်ရည်ရွယ်ကာဖွင့်လစ်သွားမည်ဖြစ်ပြီး ရောင်းသူဝယ်သူပါ ရှိနိုင်မည့်နေရာများဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် ရန်ကုန်မြို့၏ ကျော်ကြားခဲ့သော သမိုင်းပုံရိပ်၊ အကြောင်းအရာများနှင့် ယခုလက်ရှိ ခေတ်သစ်ရန်ကုန်၏ ပုံရိပ်များကို ဆက်စပ်၊ ရှာဖွေ၊ ခံစားလေ့လာနိုင်စေရန်၊ ခေတ်အဆက်ဆက်၏ အမွေအနှစ်များ စုစုစည်းစည်းတွေ့နိုင်မည့် ရန်ကုန်မြို့တော်၏ ပုံရိပ်ကို ခရီးသွားလုပ်ငန်းများအတွက် မြှင့်တင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com