ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
ရန္ကုန္ဘူတာႀကီးစီမံကိန္းအတြက္ အစားဝင္လာေသာ ဂ်ပန္ Sumitomo ေကာ္ပိုေရးရွင္းသည္ ေငြေရး ေၾကးေရးခိုင္မာမႈရွိၿပီး ၂၀၁၉ ခုႏွစ္အတြင္းစာခ်ဳပ္မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
ယခင္က စင္ကာပူ Oxley Holding၊ ျမန္မာမင္းဓမၼကုမၸဏီ ႏွင့္ တ႐ုတ္ Sino Great wall ကုမၸဏီတို႔ပူးေပါင္းထားသည့္ Consortium (လုပ္ငန္းစု)ကို ရန္ကုန္ဘူတာႀကီး အဆင့္ျမွင့္တင္ေရးစီမံကိန္းအတြက္ တင္ဒါ ေရြးခ်ယ္ထားေသာ္လည္း တ႐ုတ္ကုမၸဏီမွာ ေဒဝါလီခံသြားသျဖင့္ ျမန္မာ့မီးရထားက ဂ်ပန္ကုမၸဏီျဖစ္သည့္ Sumitomo ေကာ္ပိုေရးရွင္းကို ထပ္မံေရြးခ်ယ္ထားေၾကာင္းသိရသည္။
Sumitomo ေကာ္ပိုေရးရွင္းသည္ ေငြေရးေၾကးေရးအရခိုင္မာမႈရွိ၍ ၂၀၁၉ ခုႏွစ္အတြင္း စာခ်ဳပ္ ခ်ဳပ္ျဖစ္မည္ျဖစ္ေၾကာင္းသိရသည္။
ပူးေပါင္းလုပ္ငန္းစု ကုမၸဏီအခ်င္းအခ်င္း ယခင္အစီအစဥ္အတိုင္း စီမံကိန္း၊ ေငြေရးေၾကးေရးႏွင့္လုပ္ငန္း plan မ်ား ညႇိႏွိုင္းေနၾကျခင္းျဖစ္ၿပီး ဂ်ပန္ကုမၸဏီအမည္ျဖင့္ ျပန္လည္ဖြဲ႕စည္းထားသည့္ ဖြဲ႕စည္းပုံျဖင့္ ျမန္မာ့မီးရထားသို႔ အဆိုျပဳလႊာတင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ေျမအက်ယ္အဝန္း ၆၃ ဒသမ ၅ ဧကခန္႔ရွိၿပီး ၾကမ္းခင္းဧရိယာစတုရန္း မီတာ ၁ ဒသမ ၁၉ သန္းတြင္ အေမရိကန္ေဒၚလာ ၂ ဒသမ ၅ ဘီလီယံခန႔္အသုံးျပဳၿပီး စီမံကိန္းပါ ဇုန္ ၆ ခုတြင္ ညီေနာင္တာဝါ႐ုံးခန္း အေဆာက္အအုံမ်ား၊ လူေနအိမ္ရာမ်ား၊ ဟိုတယ္မ်ား၊ ပန္းၿခံ၊ ျပတိုက္ႏွင့္ စီးပြားေရးအေဆာက္အအုံမ်ားပါဝင္မည့္ စီမံကိန္းမ်ားကို ၂၀၂၀ တြင္စတင္ႏိုင္ဖို႔ခန္႔မွန္းထားၿပီး ရွစ္ႏွစ္အတြင္းအၿပီးတည္ေဆာက္ရန္ လ်ာထားေၾကာင္း သိရသည္။
မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်ဘူတာကြီးစီမံကိန်းအတွက် အစားဝင်လာသော ဂျပန် Sumitomo ကော်ပိုရေးရှင်းသည် ငွေရေး ကြေးရေးခိုင်မာမှုရှိပြီး ၂၀၁၉ ခုနှစ်အတွင်းစာချုပ်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ယခင်က စင်ကာပူ Oxley Holding၊ မြန်မာမင်းဓမ္မကုမ္ပဏီ နှင့် တရုတ် Sino Great wall ကုမ္ပဏီတို့ပူး ပေါင်းထားသည့် Consortium (လုပ်ငန်းစု)ကို ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် တင်ဒါ ရွေးချယ်ထားသော်လည်း တရုတ်ကုမ္ပဏီမှာ ဒေဝါလီခံသွားသဖြင့် မြန်မာ့မီးရထားက ဂျပန်ကုမ္ပဏီဖြစ်သည့် Sumitomo ကော်ပို ရေးရှင်းကို ထပ်မံရွေးချယ်ထားကြောင်းသိရသည်။
Sumitomo ကော်ပို ရေးရှင်းသည် ငွေရေးကြေးရေးအရ ခိုင်မာမှုရှိ၍ ၂၀၁၉ ခုနှစ်အတွင်း စာချုပ် ချုပ်ဖြစ်မည်ဖြစ်ကြောင်းသိရသည်။
ပူးပေါင်းလုပ်ငန်းစု ကုမ္ပဏီအချင်းအချင်း ယခင်အစီအစဉ်အတိုင်း စီမံကိန်း၊ ငွေရေးကြေးရေးနှင့်လုပ် ငန်း plan များ ညှိနှိုင်းနေကြခြင်းဖြစ်ပြီး ဂျပန်ကုမ္ပဏီအမည်ဖြင့် ပြန်လည်ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံဖြင့် မြန်မာ့မီးရထားသို့ အဆိုပြုလွှာ တင်ရမည်ဖြစ်ကြောင်း သိရသည်။
မြေအကျယ်အဝန်း ၆၃ ဒသမ ၅ ဧကခန့်ရှိပြီး ကြမ်းခင်းဧရိယာစတုရန်း မီတာ ၁ ဒသမ ၁၉ သန်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့်အသုံးပြုပြီး စီမံကိန်းပါ ဇုန် ၆ ခုတွင် ညီနောင်တာဝါရုံးခန်း အ ဆောက် အအုံများ၊ လူနေအိမ်ရာများ၊ ဟိုတယ်များ၊ ပန်းခြံ၊ ပြတိုက်နှင့် စီးပွားရေးအဆောက်အအုံများ ပါဝင်မည့် စီမံကိန်းများကို ၂၀၂၀ တွင်စတင်နိုင်ဖို့ခန့်မှန်းထားပြီး ရှစ်နှစ်အတွင်းအပြီးတည်ဆောက်ရန် လျာထား ထား ကြောင်း သိရသည်။
မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com