ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
မႏၲေလးတိုင္းေဒသႀကီး ရွိ သဘင္အႏုပညာရွင္မ်ားအတြက္သဘင္အိမ္ရာကိုတည္ေထာင္မည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို) ထံမွသိရွိရသည္။
အဆိုပါ သဘင္အိမ္ရာအတြက္ ေျမေနရာေတာင္းခံခဲ့ရာ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေျမ ၁၀ ဧက ခြင့္ျပဳေပးခဲ့ေၾကာင္းသိရ သည္။
ပုလိပ္တံတားဦး ေလယာဥ္ကြင္းသြားလမ္းေဘးဝဲယာတြင္ လူေနတိုက္ခန္းမ်ား ႐ုံးခန္းမ်ားေလ့က်င့္ေရး ဇာတ္႐ုံငယ္မ်ား ျပဇာတ္ပစၥည္းထုတ္လုပ္သည့္အလုပ္႐ုံမ်ား ပန္းပုအလုပ္႐ုံမ်ား ေဈးမ်ား အားကစားကြင္းငယ္မ်ား ကားပါကင္မ်ားပါဝင္သည့္ သဘင္အိမ္ရာကို တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
လူေနတိုက္ခန္းေပါင္း ၃၀၀ ခန႔္ပါဝင္မည့္ သဘင္အိမ္ရာတိုက္ခန္းမ်ားကို အရစ္က်ေရာင္းခ်ေပးမွာျဖစ္ၿပီး ေငြေပးသြင္းရာတြင္ ၂၀ ရာခိုင္ႏႈန္း ကနဦးေပးသြင္းရမွာျဖစ္ေၾကာင္း၊က်န္ေပးသြင္းေငြကို ၁၅ ႏွစ္ေပးသြင္းရမွာ ျဖစ္ေၾကာင္းသိရသည္။
သဘင္အိမ္ရာတိုက္ခန္းမ်ားကို သဘင္အႏုပညာရွင္မ်ားသာဝယ္ယူခြင့္ရရွိမွာျဖစ္ၿပီး ျပန္လည္ေရာင္းခ်ရာတြင္လည္း အႏုပညာရွင္မဟုတ္သူမ်ားကိုေရာင္းခ်ခြင့္မျပဳေၾကာင္း Myanmar Builders Guide တြင္ Mandalay Voice Journal မွသတင္းအရသိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မန္တလေးတိုင်းဒေသကြီး ရှိ သဘင်အနုပညာရှင်များအတွက်သဘင်အိမ်ရာကိုတည်ထောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ထံမှသိရှိရသည်။
အဆိုပါ သဘင်အိမ်ရာအတွက် မြေနေရာတောင်းခံခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မြေ ၁၀ ဧက ခွင့်ပြုပေးခဲ့ကြောင်းသိရ သည်။
ပုလိပ်တံတားဦး လေယာဉ်ကွင်းသွားလမ်းဘေးဝဲယာတွင် လူနေတိုက်ခန်းများ ရုံးခန်းများလေ့ကျင့်ရေး ဇာတ်ရုံငယ်များ ပြဇာတ်ပစ္စည်းထုတ်လုပ်သည့်အလုပ်ရုံများ ပန်းပုအလုပ်ရုံများ ဈေးများ အားကစားကွင်းငယ်များ ကားပါကင်များပါဝင်သည့် သဘင်အိမ်ရာကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
လူနေတိုက်ခန်းပေါင်း၃၀၀ခန့်ပါဝင်မည့် သဘင်အိမ်ရာတိုက်ခန်းများကို အရစ်ကျရောင်းချပေးမှာဖြစ်ပြီး ငွေပေးသွင်းရာတွင် ၂၀ ရာခိုင်နှုန်း ကနဦးပေးသွင်းရမှာဖြစ်ကြောင်း၊ကျန်ပေးသွင်းငွေကို ၁၅ နှစ်ပေးသွင်းရမှာ ဖြစ်ကြောင်းသိရသည်။
သဘင်အိမ်ရာတိုက်ခန်းများကို သဘင်အနုပညာရှင်များသာဝယ်ယူခွင့်ရရှိမှာဖြစ်ပြီး ပြန်လည်ရောင်းချရာတွင်လည်း အနုပညာရှင်မဟုတ်သူများကိုရောင်းချခွင့်မပြုကြောင်း Myanmar Builders Guide တွင် Mandalay Voice Journal မှသတင်းအရသိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com