ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ရန္ကုန္တိုင္း လႊတ္ေတာ္က မွတ္တမ္းတင္လိုက္ျခင္းသည့္ စီမံကိန္းလုပ္ငန္း ၁၄၉ ခုကို ရပ္ဆိုင္းျခင္းမဟုတ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးစီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္းက ေျပာသည္။
၂၀၁၉-၂၀ ေဒသႏၲရ စီမံကိန္းဥပေဒၾကမ္းပါစီမံကိန္းလုပ္ငန္း ၁၄၉ ခုကို ဘ႑ာေရး၊ စီမံကိန္းႏွင့္ စီးပြားေရးရာ ေကာ္မတီႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၂ ဦးတို႔က ေဆြးေႏြးၿပီးေနာက္ မွတ္တမ္းအျဖစ္ထားရွိေပးရန္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္က ဆုံးျဖတ္ခဲ့သည္။
ထိုသို႔မွတ္တမ္းတင္ျခင္းကို စီမံကိန္းမ်ားရပ္ဆိုင္းမည္ဆိုသည့္ ထင္ျမင္ယူဆခ်က္မ်ားသည္ မွားယြင္းေန ေၾကာင္းဝန္ႀကီးကဆိုသည္။ စီမံကိန္း ၁၄၉ ခုတြင္ ရန္ကုန္ပေရာဂ်က္ဘဏ္၌ ထည့္သြင္းထားသည့္ စီမံကိန္း ၈၀ လည္းအပါအဝင္ျဖစ္သည္။
စီမံကိန္းမ်ားကို ဘ႑ာေငြရရွိမႈႏွင့္ ရင္းႏွီျမႇုပ္ႏွံသူရွိမႈ အေပၚမူတည္ကာအေကာင္အထည္ေဖာ္ရန္စီစဥ္ထားသည္ဟု ရန္ကုန္တိုင္းေဒသႀကီး၊ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးက ဆိုသည္။
ထိုစီမံကိန္း ၁၄၉ ခုတြင္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း၊ ရန္ကုန္မိုးပ်ံအျမန္လမ္း၊ ရန္ကုန္ၿမိဳ႕မိုးပ်ံရထားလမ္း (YUMRT)၊ တိုင္းအစိုးရက အေကာင္အထည္ေဖာ္ရန္ စီစဥ္ေနသည့္ ရန္ကုန္ၿမိဳ႕ျပင္ပ စက္မူဇုန္ ၁၁ ခု၊ ေဈးမ်ား စသည့္တို႔ပါဝင္သည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းလွှတ်တော်က မှတ်တမ်းတင်လိုက်ခြင်းသည့် စီမံကိန်းလုပ်ငန်း ၁၄၉ ခုကို ရပ်ဆိုင်းခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
၂၀၁၉-၂၀ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းပါစီမံကိန်းလုပ်ငန်း ၁၄၉ ခုကို ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးရာ ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးတို့က ဆွေးနွေးပြီးနောက် မှတ်တမ်းအဖြစ်ထားရှိပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ထိုသို့မှတ်တမ်းတင်ခြင်းကို စီမံကိန်းများရပ်ဆိုင်းမည်ဆိုသည့် ထင်မြင်ယူဆချက်များသည် မှားယွင်းနေ ကြောင်းဝန်ကြီးကဆိုသည်။ စီမံကိန်း ၁၄၉ ခုတွင် ရန်ကုန်ပရောဂျက်ဘဏ်၌ ထည့်သွင်းထားသည့် စီမံကိန်း ၈၀ လည်း အပါအဝင်ဖြစ်သည်။
စီမံကိန်းများကို ဘဏ္ဍာငွေရရှိမှုနှင့် ရင်းနှီမြှုပ်နှံသူရှိမှု အပေါ်မူတည်ကာအကောင်အထည်ဖော်ရန်စီစဉ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဆိုသည်။
ထိုစီမံကိန်း ၁၄၉ခုတွင် ရန်ကုန်မြို့သစ်စီမံကိန်း၊ ရန်ကုန်မိုးပျံအမြန်လမ်း၊ ရန်ကုန်မြို့မိုးပျံရထားလမ်း (YUMRT)၊ တိုင်းအစိုးရက အကောင်အထည်ဖော်ရန် စီစဉ်နေသည့် ရန်ကုန်မြို့ပြင်ပ စက်မူဇုန် ၁၁ ခု၊ ဈေးများ စသည့်တို့ပါဝင်သည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com