ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
၂၀၂၀ တြင္ ရန္ကုန္မိုးပ်ံအျမန္လမ္း စီမံကိန္းကို မဟာဗ်ဴဟာေျမာက္လုပ္ငန္းအျဖစ္စတင္မည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွသိရသည္။
ဆိုးရြားသည့္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ေလ်ာ့က်ေစရန္ အဓိကရည္ရြယ္၍ ရန္ကုန္မိုးပ်ံအျမန္ကားလမ္း (Yangon Inner Ring Road) စီမံကိန္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔ ပူးေပါင္းၿပီး အေကာင္အထည္ေဖာ္ေဆာင္ရြက္မည္ ျဖစ္ေၾကာင္းသိရသည္။
အဆိုပါစီမံကိန္းကို Public Private Patnership (PPP) ျဖင့္အေကာင္အထည္ေဖာ္ ေဆာင္ရြက္မည္ျဖစ္ၿပီး စုစုေပါင္းအရွည္မွာ ၄၇ ဒသမ ၅ ကီလိုမီတာျဖစ္သည္။ Phase 1 အျဖစ္ အေရွ႕ဘက္ျခမ္း ေလးလမ္းသြား လမ္းမႀကီး ၁၉ ကီလိုမီတာ၊ အေရွ႕ႏွင့္အေနာက္ ခ်ိတ္ဆက္ထားေသာ ေလးလမ္းသြားေျခာက္ကီလိုမီတာ၊ရန္ကုန္ ျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဆက္သြယ္ထားေသာ ႏွစ္လမ္းသြား ၂ ဒသမ ၅ ကီလိုမီတာျဖင့္ စုစုေပါင္း ၂၇ ဒသ မ ၅ ကီလိုမီတာရွိၿပီး လုပ္ကိုင္ခြင့္ရရွိမည့္ ကုမၸဏီအဖြဲ႕အစည္းမ်ားကို စိစစ္ေနဆဲျဖစ္ေၾကာင္းသိရသည္။
ယခင္က ေအာက္တိုဘာလအတြင္း လုပ္ကိုင္ခြင့္ရရွိမည့္ ကုမၸဏီအဖြဲ႕ကို ထုတ္ျပန္ေပးရန္ စီစဥ္ခဲ့ ေသာ္လည္း ယခုႏွစ္ကုန္ေလာက္မွသာ ထုတ္ျပန္ေပးမည္ျဖစ္ေၾကာင္းသိရသည္။
ရန္ကုန္မိုးပ်ံအျမန္လမ္း စီမံကိန္းအတြက္ လုပ္ကိုင္ခြင့္ရရွိေရး တ႐ုတ္၊ဂ်ပန္၊ကိုရီးယား၊ထိုင္းႏွင့္ျပင္သစ္ စသည့္ ကုမၸဏီအဖြဲ႕အစည္းမ်ားၿပိဳင္ဆိုင္ေနၾကေၾကာင္းသိရသည္။
ရန္ကုန္မိုးပ်ံအျမန္လမ္အပိုင္း (၁) ကို တည္ေဆာက္ေရးကာလ ႏွစ္ႏွစ္ခြဲမွ သုံးႏွစ္အထိ သတ္မွတ္ထားေၾကာင္းသိရသည္။
ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
၂၀၂၀ တွင် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းကို မဟာဗျူဟာမြောက်လုပ်ငန်းအဖြစ်စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။
ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျစေရန် အဓိကရည်ရွယ်၍ ရန်ကုန်မိုးပျံအမြန်ကားလမ်း (Yangon Inner Ring Road) စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းကို Public Private Patnership (PPP) ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်းအရှည်မှာ ၄၇ ဒသမ ၅ ကီလိုမီတာဖြစ်သည်။ Phase 1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွား လမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွားခြောက်ကီလိုမီတာ၊ရန်ကုန် ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာဖြင့် စုစုပေါင်း ၂၇ ဒသ မ ၅ ကီလိုမီတာရှိပြီး လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီအဖွဲ့အစည်းများကို စိစစ်နေဆဲဖြစ်ကြောင်းသိရသည်။
ယခင်က အောက်တိုဘာလအတွင်း လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီအဖွဲ့ကို ထုတ်ပြန်ပေးရန် စီစဉ်ခဲ့ သော်လည်း ယခုနှစ်ကုန်လောက်မှသာ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရရှိရေး တရုတ်၊ဂျပန်၊ကိုရီးယား၊ထိုင်းနှင့်ပြင်သစ် စသည့် ကုမ္ပဏီအဖွဲ့အစည်းများပြိုင်ဆိုင်နေကြကြောင်းသိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်အပိုင်း (၁) ကို တည်ဆောက်ရေးကာလ နှစ်နှစ်ခွဲမှ သုံးနှစ်အထိ သတ်မှတ်ထားကြောင်းသိရသည်။
ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com