စင်္ကာပူအစိုးရ ရန်ပုံငွေအဖွဲ့ GIC က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ ရုံးခန်းတာဝါ အဆောက်အအုံကြီးတစ်လုံးကို ပေါင် သန်း ၅၃၀ ဖြင့် ဝယ်ယူ
စင်္ကာပူအစိုးရ ရန်ပုံငွေအဖွဲ့ GIC က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ရှိ ရုံးခန်းတာဝါ အဆောက်အအုံကြီးတစ်လုံးကို ပေါင် သန်း ၅၃၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
23 Oct 2019 12:20 pm တွင် တင်ခဲ့သည်
943 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
စင်္ကာပူအစိုးရ ရန်ပုံငွေအဖွဲ့ GIC က အလင်းမြို့တော်ဟု တင်စားကြသော ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်တွင် မကြာသေးမီက ဈေးဝယ်ထွက်ခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရုံးခန်းတာဝါ အဆောက်အအုံကြီးတစ်လုံးကို ထပ်မံဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
GIC က ထိန်းသိမ်းစီမံကွပ်ကဲနေသည့် ပိုင်ဆိုင်မှုအရပ်ရပ်မှာ ကန်ဒေါ်လာ ၁၀၀ ဘီလီယံဖိုးကျော်ရှိသည်။ ယခုအခါ ပဲရစ်မြို့တော်၊ လာ ဒီဖန့်စ်ခရိုင်ရှိ အထပ် ၄၀ မြင့်မားသော ရုံးခန်းအဆောက်အအုံကြီး PB6 ကို ဝယ်ယူခဲ့ကြောင်း GIC က ပြီးခဲ့သော သောကြာနေ့တွင် ကြေညာခဲ့သည်။
စင်္ကာပူအစိုးရပိုင် GIC သည် သက်တမ်း နှစ် ၂၀ ရှိ အဆိုပါအဆောက်အအုံကြီးကို ယူရို သန်း ၅၃၀ (ကန်ဒေါ်လာ ၅၉၂ ဒသမ ၂၅ သန်း) ဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း ပြင်သစ်နိုင်ငံရှိ သတင်းမီဒီယာများတွင် ဖော်ပြသည်။
GIC ကမူ အဆိုပါ ဝယ်ယူခဲ့မှုနှင့် စပ်လျဉ်းသည့် အသေးစိတ် ဘဏ္ဍာရေးအချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိသေးချေ။
သတင်းများတွင် ဖော်ပြသည့် ဈေးနှုန်းအရဆိုလျှင် GIC သည် စတုရန်းမီတာ ၆၀၀၀၀ (စတုရန်းပေ ၆၄၆၀၀၀) ကျယ်ဝန်းသည့် အဆောက်အအုံကြီးကို ၁ စတုရန်းမီတာလျှင် ယူရို ၈၈၃၃ ဒသမ ၃၃ ဖြင့် ဝယ်ယူခဲ့ရခြင်းလည်း ဖြစ်သည်။
GIC သည် PB6 ရုံးခန်း တာဝါကြီးကို ပြင်သစ်ထိပ်သီး အာမခံကုမ္ပဏီကြီးဖြစ်သော CNP Assurances ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
PB6 အဆောက်အအုံကြီးကို Tour EDF ဟုလည်း လူသိများပြီး လက်ရှိအားဖြင့် အဆောက်အအုံတစ်ခုလုံးကို ပြင်သစ်အစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်သော EDF သို့ အငှားချပေးထားသည်။
ယခု အဆောက်အအုံကြီးကို EDF ကပင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရှယ်ယာတစ်ဝက်ကို ပြင်သစ်ဘဏ်လုပ်ငန်းအုပ်စု Caisse d’épargne နှင့် အာမခံကုမ္ပဏီကြီး CNP သို့ ရောင်းချခဲ့သည်။
နောက်ပိုင်းတွင် အာမခံကုမ္ပဏီကြီး CNP က အခြားရှယ်ယာရှင်တို့၏ ရှယ်ယာအားလုံးကို ဝယ်ယူခဲ့သည်။
“ဒီ အဆောက်အအုံကြီးမှာ value-creation ရှိတဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ဒါဟာ ကာလရှည် ရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ GIC ရဲ့ မဟာဗျူဟာနဲ့လည်း ကိုက်ညီပါတယ်။ GIC ရဲ့ မဟာဗျူဟာက ဝင်ပေါက်ထွက်ပေါက်မြို့ကြီးတွေက အရည်အသွေးမြင့် အက်ဆက်စ်တွေကို ဝယ်ယူပြီး တန်ဖိုးထည့်ပေါင်းပေးဖို့ပဲ ဖြစ်ပါတယ်” ဟု GIC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Car Expo and Networking
Ponnmie Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service