ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
လႊတ္ေတာ္မွာ မွတ္တမ္းတင္ယုံပဲတင္ခဲ့တဲ့ စီမံကိန္း ၁၅၀ နီးပါးကို ဘတ္ဂ်က္အေျခအေန၊ ရင္းႏွီးျမႇဳပ္မႈအေျခအေန ေတြအေပၚမူတည္ၿပီး ဆက္လုပ္သြားမယ္လို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေနာ္ပန္းသၪၨာမ်ိဳးက ေျပာပါတယ္။
ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ မွတ္တမ္းဝင္စီမံကိန္းေတြနဲ႔ ပတ္သက္လို႔ ဒီေန႔မွာ မီဒီယာေတြကို ရွင္းလင္း တင္ျပခဲ့တာပါ။
အဲဒီံ့စီမံကိန္းေတြကို ၂၀၁၉-၂၀ ဘ႑ာႏွစ္ ရန္ကုန္တိုင္းရဲ႕ ေဒသႏၲရစီမံကိန္း ဥပေဒၾကမ္းမွာ ေနာက္ဆက္တြဲအေနနဲ႔ ေဖာ္ျပထားၿပီး အစိုးရကၿပီးခဲ့တဲ့ ရန္ကုန္တိုင္းလႊတ္ေတာ္ကို တင္ျပခဲ့တာပါ။
စီမံကိန္းေတြက အေသးစိတ္တင္ျပဖို႔လိုတာေၾကာင့္ လႊတ္ေတာ္ကမွတ္တမ္းအျဖစ္သာ ထားရွိခဲ့တာျဖစ္ပါတယ္။
အဲဒီ့စီမံကိန္းေတြကေတာ့ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း၊ ဒလၿမိဳ႕ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း၊ စမ္းႀကီးဝပို႔ေဆာင္ေရး ဗဟိုစီမံကိန္း၊ အိမ္ရာစီမံကိန္းေတြ၊ အျပည္ျပည္ဆိုင္ရာဘက္စုံသုံးဆိပ္ကမ္းစီမံကိန္း၊ မိုးပ်ံအျမန္လမ္းမစီမံကိန္း၊ ေဈးေဟာင္းေတြ အဆင့္ျမႇင့္မယ့္စီမံကိန္း စတာေတြျဖစ္ပါတယ္။
စီမံကိန္းေတြကို ေဆာင္႐ြက္ျဖစ္မယ္ဆိုရင္လည္း လႊတ္ေတာ္ကို အေသးစိတ္တင္ျပသြားမယ္လို႔ ဝန္ႀကီးေနာ္ပန္းသၪၨာမ်ိဳးကေျပာပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
လွှတ်တော်မှာ မှတ်တမ်းတင်ယုံပဲတင်ခဲ့တဲ့ စီမံကိန်း ၁၅၀ နီးပါးကို ဘတ်ဂျက်အခြေအနေ၊ ရင်းနှီးမြှုပ်မှုအခြေအနေ တွေအပေါ်မူတည်ပြီး ဆက်လုပ်သွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မှတ်တမ်းဝင်စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒီနေ့မှာ မီဒီယာတွေကို ရှင်းလင်း တင်ပြခဲ့တာပါ။
အဲဒီံ့စီမံကိန်းတွေကို ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းရဲ့ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းမှာ နောက်ဆက်တွဲအနေနဲ့ ဖော်ပြထားပြီး အစိုးရကပြီးခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော်ကို တင်ပြခဲ့တာပါ။
စီမံကိန်းတွေက အသေးစိတ်တင်ပြဖို့လိုတာကြောင့် လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိခဲ့တာဖြစ်ပါတယ်။
အဲဒီ့စီမံကိန်းတွေကတော့ ရန်ကုန်မြို့သစ်စီမံကိန်း၊ ဒလမြို့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စမ်းကြီးဝပို့ဆောင်ရေး ဗဟိုစီမံကိန်း၊ အိမ်ရာစီမံကိန်းတွေ၊ အပြည်ပြည်ဆိုင်ရာ ဘက်စုံသုံးဆိပ်ကမ်းစီမံကိန်း၊ မိုးပျံအမြန်လမ်းမစီမံကိန်း၊ ဈေးဟောင်းတွေ အဆင့်မြှင့်မယ့်စီမံကိန်း စတာတွေဖြစ်ပါတယ်။
စီမံကိန်းတွေကို ဆောင်ရွက်ဖြစ်မယ်ဆိုရင်လည်း လွှတ်တော်ကို အသေးစိတ်တင်ပြသွားမယ်လို့ ဝန်ကြီးနော်ပန်း သဉ္ဇာမျိုးကပြောပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com