ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ေရာင္းခ်သည့္ေျမဝယ္ယူရန္ ေျမဝယ္ယူခြင့္ေလၽွာက္လႊာ ေရာင္းရေငြ ၁၁ရက္အတြင္း (ေအာက္တိုဘာလ ၇ ရက္မွ ၁၈) ရက္ေန႔အထိ က်ပ္သိန္းရွစ္ရာခန႔္ (၇၇,၈၆၀,၀၀၀) ရရွိခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ (YCDC) တြဲဖက္အတြင္းေရးနမွဴး ဦးသန္းက ေျပာၾကားသည္။
ေအာက္တိုဘာလ ၂၁ ရက္ေန႔ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပသည့္ YCDC ၏ ႏွစ္ပတ္တစ္ႀကိမ္ သတင္းမီဒီယာမ်ားႏွင့္ ေတြ႕ဆုံပြဲတြင္ ၎က ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေျမမ်ားကို ဝယ္ယူရန္အတြက္ ေျမဝယ္ယူခြင့္ ေလၽွာက္လႊာကို ေတာင္ဥကၠလာပၿမိဳ႕နယ္ (၄/၆) ရပ္ကြက္၊ ၿဗိဟၼာစိုရ္လမ္းႏွင့္ သီလလမ္းေထာင့္ရွိ အေရွ႕ပိုင္းခရိုင္ စုေပါင္း႐ုံးတြင္ ေအာက္တိုဘာလ ၇ ရက္ေန႔မွစတင္ကာ တစ္ေစာင္လၽွင္က်ပ္တစ္ေသာင္းျဖင့္ စတင္ေရာင္းခ်ခဲ့ၿပီး ေအာက္တိုဘာလ ၁၈ ရက္ေန႔အထိ ေလၽွာက္လႊာစုစုေပါင္း ၇၇၈၆ ေစာင္ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္းဦးသန္းက ဆိုသည္။
ထိုေလၽွာက္လႊာမ်ားထဲမွ ၄၆၃ ေစာင္မွာ မိမိဝယ္ယူလိုသည့္ေျမကြက္ႏွင့္ ေဈးတို႕ကို ျဖည့္ကာဝယ္ယူခြင့္ျပဳရန္တင္ထားၿပီးျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။
ေျမဝယ္ယူခြင့္ေလၽွာက္လႊာမ်ားကို လူတစ္ဦးလၽွင္တစ္ေစာင္သာေရာင္းခ်ၿပီး မွတ္ပုံတင္မူရင္းႏွင့္ မိတၱဴတို႕ကိုျပကာဝယ္ယူရျခင္းျဖစ္သည္။ နိုဝင္ဘာလ ၈ ရက္ေန႔အထိ ေရာင္းခ်မည္ျဖစ္ကာလာေရာက္ဝယ္ယူသူမ်ားျပားသည့္အတြက္တန္းစီစနစ္ျဖင့္ ေရာင္းခ်ေနသည္။
ထိုေျမဝယ္ယူခြင့္ေလၽွာက္လႊာတစ္ေစာင္လၽွင္ က်ပ္တစ္ေသာင္းသတ္မွတ္ေရာင္းခ်ျခင္းအေပၚ ေဈးမ်ားသည္ဟု ေဝဖန္မႈမ်ားရွိခဲ့ေၾကာင္း ဦးသန္းက ဆိုသည္။
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ဒဂုံေလးၿမိဳ႕နယ္ျဖစ္သည့္ ဒဂုံၿမိဳ႕သစ္(ေရွ႕ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)၊ လိႈင္သာယာ ႏွင့္ ေရႊျပည္သာၿမိဳ႕နယ္ မ်ားရွိ ေျမကြက္ေပါင္း ငါးရာေက်ာ္ကို ေရာင္းခ်မည္ျဖစ္ၿပီး ေျမကြက္ေဈးႏႈန္းမ်ားကို ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ရန္ကုန္ကုန္တိုင္းေဒသႀကီး ၿမိဳ႕နယ္မ်ား၏ ကာလတန္ဖိုးသတ္မွတ္ေပးမည့္ ေျမကြက္စံႏႈန္းကိုယူထားေၾကာင္း ဦးသန္းက ဆိုသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချသည့်မြေဝယ်ယူရန် မြေဝယ်ယူခွင့်လျှောက်လွှာ ရောင်းရငွေ ၁၁ရက်အတွင်း (အောက်တိုဘာလ ၇ ရက်မှ ၁၈) ရက်နေ့အထိ ကျပ်သိန်းရှစ်ရာခန့် (၇၇,၈၆၀,၀၀၀) ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) တွဲဖက်အတွင်းရေးနမှူး ဦးသန်းက ပြောကြားသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသည့် YCDC ၏ နှစ်ပတ်တစ်ကြိမ် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြေများကို ဝယ်ယူရန်အတွက် မြေဝယ်ယူခွင့် လျှောက်လွှာကို တောင်ဥက္ကလာပမြို့နယ် (၄/၆) ရပ်ကွက်၊ ဗြိဟ္မာစိုရ်လမ်းနှင့် သီလလမ်းထောင့်ရှိ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် အောက်တိုဘာလ ၇ ရက်နေ့မှစတင်ကာ တစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် စတင်ရောင်းချခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့အထိ လျှောက်လွှာစုစုပေါင်း ၇၇၈၆ စောင် ရောင်းချခဲ့ပြီးဖြစ်ကြောင်း ဦးသန်းက ဆိုသည်။
ထိုလျှောက်လွှာများထဲမှ ၄၆၃ စောင်မှာ မိမိဝယ်ယူလိုသည့်မြေကွက်နှင့် ဈေးတို့ကို ဖြည့်ကာဝယ်ယူခွင့်ပြုရန် တင်ထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
မြေဝယ်ယူခွင့်လျှောက်လွှာများကို လူတစ်ဦးလျှင် တစ်စောင်သာရောင်းချပြီး မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ပြကာ ဝယ်ယူရခြင်းဖြစ်သည်။ နိုဝင်ဘာလ ၈ ရက်နေ့အထိ ရောင်းချမည်ဖြစ်ကာလာရောက်ဝယ်ယူသူများပြားသည့်အတွက် တန်းစီစနစ်ဖြင့် ရောင်းချနေသည်။
ထိုမြေဝယ်ယူခွင့်လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်သောင်းသတ်မှတ်ရောင်းချခြင်းအပေါ် ဈေးများသည်ဟု ဝေဖန်မှုများရှိခဲ့ကြောင်း ဦးသန်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒဂုံလေးမြို့နယ်ဖြစ်သည့် ဒဂုံမြို့သစ်(ရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များရှိ မြေကွက်ပေါင်း ငါးရာကျော်ကို ရောင်းချမည်ဖြစ်ပြီး မြေကွက်ဈေးနှုန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်ကုန်တိုင်းဒေသကြီး မြို့နယ်များ၏ ကာလတန်ဖိုးသတ်မှတ်ပေးမည့် မြေကွက်စံနှုန်းကိုယူထားကြောင်း ဦးသန်းက ဆိုသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com