ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
တိုင္းေဒသႀကီးအစိုးရမွ တာ၀န္ယူေရာင္းခ်သည့္ ေျမကြက္မ်ားတြင္ အေျခခံလိုအပ္ခ်က္မ်ားျဖစ္သည့္ ေရ၊ မီး၊ လမ္းနွင့္ေျမာင္းတည္ေဆာက္မွဳမ်ားအတြက္ ကုန္က်စရိတ္မ်ားကုိ ေျမကြက္၀ယ္ယူရရွိသူဘက္မွ ထပ္မံေကာက္ခံသြားမည္ျဖစ္ေၾကာင္း ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွသိရသည္။
“ အေျခခံလိုအပ္ခ်က္မ်ား အေကာင္ထည္ေဖာ္တဲ့ ကုမၸဏီကုိစိတ္၀င္စားမွဳအဆိုျပဳလႊာေခၚယူသြားမယ္တင္ျပလာတဲ့ ကုမၸဏီဘက္ကကုန္က်စရိတ္မ်ားကုိ ေျမဖိုးမွာမပါ၀င္ပဲ သီးသန္႕အေနနဲ႔ထပ္မံေကာက္ခံသြားမယ္” ဟု ေဒၚလွိဳင္ေမာ္ဦးကထပ္မံေျပာၾကားသည္။
လက္ရွိ ဒဂံုေလးျမိဳ႕နယ္အပါအ၀င္ ေရႊျပည္သာ ၊ လိႈင္သာယာ နွင့္ ေမွာ္ဘီျမိဳ႕နယ္ မ်ားရွိေျမကြက္မ်ားတြင္ အေျခခံလိုအပ္ခ်က္ရွိသည့္ေျမကြက္မ်ားရွိျပီး အဆိုပါေျမကြက္မ်ားကုိ အစိုးရဘက္မွ ေျမကြက္ပုိင္ရွင္မ်ား၏ ကုန္က်စရိတ္ျဖင့္ သက္ဆိုင္ရာပုဂၢလိကကုမၸဏီကုိ ေဆာင္ရြက္လုပ္ကုိင္ခိုင္းသြားမည္ျဖစ္ေၾကာင္း YCDC ထံမွ သိရသည္။
အဆိုပါေျမကြက္မ်ားကုိ လက္ရွိတြင္ စိတ္၀င္စားမွဳျမင့္တက္လ်က္ရွိျပီး က်ပ္တစ္ေသာင္းက်ပ္ျဖင့္ ေရာင္းခ်သည့္ေလွ်ာက္လႊာမ်ားကုိ နည္းလမ္းမ်ိဳးစံုျဖင့္ ျပန္လည္၀ယ္ယူမွဳမ်ားျပဳလုပ္လ်က္ရွိေၾကာင္း ေျမကြက္လာေရာက္၀ယ္ယူသူတခ်ိဳ႕ထံမွသိရသည္။
တိုင္းအစိုးရမွေရာင္းခ်သည့္ေျမကြက္မ်ား၏ ထက္၀က္ခန္႕မွာ ေရ၊ မီး၊ လမ္းစသည့္ အေျခခံလိုအပ္ခ်က္မ်ားရွိေနျပီး အဆိုပါကုန္က်စရိတ္မ်ားကုိလည္း အရစ္က်စနစ္ျဖင့္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း YCDC မွသိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
တိုင်းဒေသကြီးအစိုးရမှ တာဝန်ယူရောင်းချသည့် မြေကွက်များတွင် အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး၊ လမ်းနှင့်မြောင်း တည်ဆောက်မှုများအတွက် ကုန်ကျစရိတ်များကို မြေကွက်ဝယ်ယူရရှိသူဘက်မှ ထပ်မံကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
“ အခြေခံလိုအပ်ချက်များ အကောင်ထည်ဖော်တဲ့ ကုမ္ပဏီကို စိတ်ဝင်စားမှုအဆိုပြုလွှာခေါ်ယူသွားမယ်တင်ပြလာတဲ့ ကုမ္ပဏီဘက်ကကုန်ကျစရိတ်များကို မြေဖိုးမှာမပါဝင်ပဲ သီးသန့်အနေနဲ့ ထပ်မံကောက်ခံသွားမယ်” ဟု ဒေါ်လှိုင်မော်ဦးကထပ်မံပြောကြားသည်။
လက်ရှိ ဒဂုံလေးမြို့နယ်အပါအဝင် ရွှေပြည်သာ ၊ လှိုင်သာယာ နှင့် မှော်ဘီမြို့နယ် များရှိမြေကွက်များတွင် အခြေခံလိုအပ်ချက်ရှိသည့်မြေကွက်များရှိပြီး အဆိုပါမြေကွက်များကို အစိုးရဘက်မှ မြေကွက်ပိုင်ရှင်များ၏ ကုန်ကျစရိတ်ဖြင့် သက်ဆိုင်ရာပုဂ္ဂလိကကုမ္ပဏီကို ဆောင်ရွက်လုပ်ကိုင်ခိုင်းသွားမည်ဖြစ်ကြောင်း YCDC ထံမှ သိရသည်။
အဆိုပါမြေကွက်များကို လက်ရှိတွင် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပြီး ကျပ်တစ်သောင်းကျပ်ဖြင့် ရောင်းချသည့်လျှောက်လွှာများကို နည်းလမ်းမျိုးစုံဖြင့် ပြန်လည်ဝယ်ယူမှုများပြုလုပ်လျက်ရှိကြောင်း မြေကွက်လာရောက်ဝယ်ယူသူတချို့ထံမှသိရသည်။
တိုင်းအစိုးရမှရောင်းချသည့်မြေကွက်များ၏ ထက်ဝက်ခန့်မှာ ရေ၊ မီး၊ လမ်းစသည့် အခြေခံလိုအပ်ချက်များရှိနေပြီး အဆိုပါကုန်ကျစရိတ်များကိုလည်း အရစ်ကျစနစ်ဖြင့်ကောက်ခံသွားမည်ဖြစ်ကြောင်း YCDC မှသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com