ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
အသစ္ေရးဆြဲေနသည့္ တုိက္ခန္းအိမ္ရာဥပေဒအရ ရန္ကုန္ၿမိဳ႕ ရိွတုိက္ခန္းမ်ား ဝယ္ယူေနထုိင္သူမ်ားသည္ အာမခံခ်က္ရိွရိွျဖင့္ တရားဝင္ပုိင္ဆုိင္မႈရရိွေစမည္ျဖစ္ေၾကာင္း သိရသည္။
အဆုိပါ တုိက္ခန္း အိမ္ရာ ဥပေဒၾကမ္းကို ဂ်ပန္ကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ေရးဆဲြထားၿပီး ဥပေဒမူၾကမ္းႏွင့္ စပ္လ်ဥ္း၍ ေတြ႕ဆုံေဆြးေႏြးပြဲကုိလည္းယခုလဆန္းပိုင္းက ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္႐ုံး၌ျပဳလုပ္ခဲ့ၿပီး ျမိဳ႕ျပႏွင့္အိမ္ရာဖြံၿဖိဳးေရးဦးစိီးဌာနမွ တာဝန္ရိွသူမ်ားဦးေဆာင္၍ ရွင္းလင္းျပသခဲ့ေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီးလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီကသိရသည္။
'' ဒီဥပေဒထြက္လာရင္တရားဝင္တုိက္ခန္းပုိင္ဆုိင္မႈရမယ္။ အစုိးရက အခြန္ရမယ္။ ဒီဥပေဒက ဂ်ပန္က ကြၽမ္းက်င္ပညာရွင္ေတြနဲ႔ ဆြဲထားတာ။ ဒီဥပေဒကတျခားဥပေဒမူၾကမ္းေရးဆြဲတာေတြနဲ႔ မတူဘူး။ Law Firm တစ္ခုကုိငွားၿပီးေတာ့ ဆြဲထားတာ'' ဟု အဆိုပါေကာ္မတီမွတာဝန္႐ွိသူတစ္ဦးက ေျပာသည္။
လက္ရိွအေျခအေနအရ ေျမပုိင္ရွင္အတြက္ ပုိင္ဆုိင္မႈအာမခံခ်က္ရိွေနေသာ္လည္း တုိက္ခန္းဝယ္ယူေနထုိင္သူမ်ားအတြက္ ပုိင္ဆုိင္မႈအာမခံခ်က္မရိွေသးသည့္ အေျခအေနျဖစ္ေနသည္။
သုိ႔ေသာ္လည္း လက္ရိွေရးဆြဲေနေသာ တုိက္ခန္းအိမ္ရာဥပေဒမွာ တုိက္ခန္းဝယ္ယူသူမ်ားအတြက္ အာမခံခ်က္မ်ားရရိွေစေရးအတြက္ ေရးဆြဲေနျခင္းျဖစ္ေၾကာင္း သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
အသစ်ရေးဆွဲနေသည့် တိုက်ခန်းအိမ်ရာဥပဒေအရ ရန်ကုန်မြို့ ရှိတိုက်ခန်းများ ဝယ်ယူနေထိုင်သူများသည် အာမခံချက်ရှိရှိဖြင့် တရားဝင်ပိုင်ဆိုင်မှုရရှိစေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခန်းအိမ်ရာ ဥပဒေကြမ်းကို ဂျပန်ကျွမ်းကျင်ပညာရှင်များဖြင့်ရေးဆွဲထားပြီး ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကိုလည်းယခုလဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ပြုလုပ်ခဲ့ပြီး မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများဦးဆောင်၍ ရှင်းလင်းပြသခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီကသိရသည်။
'' ဒီဥပဒေထွက်လာရင်တရားဝင်တိုက်ခန်းပိုင်ဆိုင်မှုရမယ်။ အစိုးရက အခွန်ရမယ်။ ဒီဥပဒေက ဂျပန်က ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွဲထားတာ။ ဒီဥပဒေကတခြားဥပဒေမူကြမ်းရေးဆွဲတာတွေနဲ့ မတူဘူး။ Law Firm တစ်ခုကိုငှားပြီးတော့ ဆွဲထားတာ'' ဟု အဆိုပါကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေအရ မြေပိုင်ရှင်အတွက် ပိုင်ဆိုင်မှုအာမခံချက်ရှိနေသော်လည်း တိုက်ခန်းဝယ်ယူနေထိုင်သူများအတွက် ပိုင်ဆိုင်မှုအာမခံချက်မရှိသေးသည့် အခြေအနေဖြစ်နေသည်။ သို့သော်လည်း လက်ရှိရေးဆွဲနေသော တိုက်ခန်းအိမ်ရာ ဥပဒေမှာ တိုက်ခန်းဝယ်ယူသူများအတွက် အာမခံချက်များရရှိစေရေးအတွက် ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com