ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
### Unicode Version ###
စင်ကာပူနိုင်ငံက အိမ်ခြံမြေကဏ္ဍမှာ ဒေါ်လာသန်း ၅၀၀၀ ကျော် ရင်းနှီးမြှပ်နှံထားပြီး နိုင်ငံအလိုက်ယှဉ်ရင်ထိပ်ဆုံးမှာ ဦးဆောင်နေတယ်လို့ Singapore Times သတင်းစာက ဖော်ပြထားပါတယ်။
ဒါဟာ အခုသုံးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ကဏ္ဍမှာ သိသိသာသာတိုးတက်လာတဲ့အနေအထားရှိတယ်လို့ဖော်ပြရေးသားထားပါတယ်။
အိမ်ခြံမြေ ကဏ္ဍရဲ့အခြေခံအဆောက်အအုံလုပ်ငန်းတွေမှာကြီးကြီးမားမားရင်းနှီးမြှပ်နှံထားတဲ့ စင်ကာပူဟာထပ်မံပြီး ရင်းနှီးမြှပ်နှံမယ့် ခြေလှမ်းတွေလည်းရှိနေတယ်လို့ ဆိုထားပါတယ်။
စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ အိမ်ခြံမြေကဏ္ဍတွေအပြင် ရေနံနဲ့သဘာဝဓာတ်ငွေ့၊ဆက်သွယ်ရေး၊သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ အဓိက ရင်းနှီးမြှပ်နှံထားတာပါ။
အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျောကို လက်ရှိမှာ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံမှာရင်းနှီးမြှပ်နှံထားတာပဲဖြစ်ပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com