ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
စက္မႈဇုန္ အဆင့္ျမႇင့္တင္ေရးေဆာင္ရြက္ရန္ ဝါးတရာစက္မႈဇုန္အတြင္း ေျမကြက္ရယူထားေသာ ေျမကြက္ပိုင္ရွင္မ်ား စက္မႈဇုန္စီမံခန႔္ခြဲေရး ေကာ္မတီသို႔ဆက္သြယ္ရန္အသိေပးခ်က္ထုတ္ျပန္ထားသည္။
အဆိုပါဇုန္အတြင္းရွိ အခ်ိဳ႕ေသာေျမကြက္ပိုင္ရွင္မ်ား၏ အမည္၊ေနရပ္လိပ္စာ၊ဆက္သြယ္ရန္ဖုန္းနံပါတ္မ်ား မသိရွိရေခ်။
ထို႔အျပင္ ေကာ္မတီ႐ုံးသို႔လာေရာက္ဆက္သြယ္မႈမရွိျခင္းေၾကာင့္ စက္မႈဇုန္ဖြံ႕ျဖိဳးတိုးတက္ေရး လုပ္ငန္းမ်ားကို ညႇိႏွိုင္းပူးေပါင္းေဆာင္ရြက္ရန္ အခက္အခဲမ်ားေတြ႔ေနရသည္ဟု ဆိုသည္။
စက္မႈဇုန္အတြင္း ေျမကြက္ရယူထားသည့္ ေျမကြက္ပိုင္ရွင္မ်ားအေနျဖင့္ ေအာက္တိုဘာ ၃၁ ရက္ ေနာက္ဆုံးထားၿပီး ဆက္သြယ္ရန္ဖုန္းနံပါတ္၊ ေနရပ္လိပ္စာတို႔ ေဖာ္ျပကာ စက္မႈဇုန္စီမံခန႔္ခြဲေရးေကာ္မတီသို႔ ႐ုံးခ်ိန္အတြင္း မပ်က္မကြက္ စာေရးသားေပးပို႔ ဆက္သြယ္ရန္ အသိေပးခ်က္ထုတ္ျပန္ထားသည္။
သတ္မွတ္ရက္အထိ ဆက္သြယ္ေပးပို႔လာျခင္းမရွိပါက ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ တင္ျပေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေရႊျပည္သာစက္မႈဇုန္အပိုင္း(၁)၊ သာဓုကန္စက္မႈဇုန္၊ ၀ါးတရာစက္မႈဇုန္တို႔က ထုတ္ျပန္ထားသည္။
ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
စက်မှုဇုန် အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန် ဝါးတရာစက်မှုဇုန်အတွင်း မြေကွက်ရယူထားသော မြေကွက်ပိုင်ရှင်များ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီသို့ ဆက်သွယ်ရန် အသိပေးချက်ထုတ်ပြန်ထားသည်။
အဆိုပါဇုန်အတွင်းရှိ အချို့သောမြေကွက်ပိုင်ရှင်များ၏ အမည်၊နေရပ်လိပ်စာ၊ဆက်သွယ်ရန်ဖုန်းနံပါတ်များ မသိရှိရချေ။ ထို့အပြင် ကော်မတီရုံးသို့လာရောက်ဆက်သွယ်မှုမရှိခြင်းကြောင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် အခက်အခဲများတွေ့နေရသည်ဟု ဆိုသည်။
စက်မှုဇုန်အတွင်း မြေကွက်ရယူထားသည့် မြေကွက်ပိုင်ရှင်များအနေဖြင့် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး ဆက်သွယ်ရန်ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ ဖော်ပြကာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီသို့ ရုံးချိန်အတွင်း မပျက်မကွက် စာရေးသားပေးပို့ ဆက်သွယ်ရန် အသိပေးချက်ထုတ်ပြန်ထားသည်။
သတ်မှတ်ရက်အထိ ဆက်သွယ်ပေးပို့လာခြင်းမရှိပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေပြည်သာစက်မှု ဇုန်အပိုင်း(၁)၊ သာဓုကန်စက်မှုဇုန်၊ ဝါးတရာစက်မှုဇုန်တို့က ထုတ်ပြန်ထားသည်။
ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com