ဂ်ပ္စတင္ဘီဘာက သူ၏ ေနအိမ္ကို followers ေပါင္း ၁၁၉ သန္းရရွိထားေသာ သူ၏ Instagram လူမႈကြန္ရက္ စာမ်က္ႏွာမွတဆင့္ အေရာင္းေစ်းကြက္တင္

ဂ်ပ္စတင္ဘီဘာက သူ၏ ေနအိမ္ကို followers ေပါင္း ၁၁၉ သန္းရရွိထားေသာ သူ၏ Instagram လူမႈကြန္ရက္ စာမ်က္ႏွာမွတဆင့္ အေရာင္းေစ်းကြက္တင္ - Property News in Myanmar from iMyanmarHouse.com
18 Oct 2019 12:01 pm တွင် တင်ခဲ့သည်
1050 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဂ်ပ္စတင္ဘီဘာသည္ သူ၏ ေနအိမ္ကို Realtor.com သို႔မဟုတ္ Zillow ကဲ့သို႔ေသာ အိမ္ျခံေျမ ဝက္ဘ္ဆိုက္မ်ားတြင္ ေၾကာ္ျငာတင္ကာ အေရာင္းေစ်းကြက္တင္ရန္ ပြဲစားမလိုအပ္ခဲ့ေခ်။

Instagram တြင္ followers ေပါင္း ၁၁၉ သန္းရထားေသာ သူ၏ လူမႈကြန္ရက္စာမ်က္ႏွာမွာ အိမ္ျခံေျမ အေရာင္းေစ်းကြက္တင္ရန္ အေကာင္းဆံုးေနရာတစ္ခု မဟုတ္ပါေလာ။

ေသာၾကာေန႔မနက္ လင္းအားၾကီးအခ်ိန္တြင္ အိမ္ေထာင္ျပဳျပီးစ ေပါ့ပ္ၾကယ္ပြင့္ ဂ်ပ္စတင္ဘီဘာက ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္ရွိ သူ၏ Tropics ဟု အမည္ေျပာင္ေပးထားေသာ ေနအိမ္ဓာတ္ပံု ၁၂ ပံုခန္႔ကို အင္စတာဂရမ္တြင္ လႊင့္တင္ခဲ့သည္။

ဓာတ္ပံုမ်ားႏွင့္အတူ ဘီဘာက “ဘီဗာလီေဟးလ္မွာရွိတဲ့ ကၽြန္ေတာ့္အိမ္ကို ေရာင္းခ်င္ပါတယ္။ ဘယ္သူဝယ္မလဲ”ဟု မီးဖိုေဆာင္ကို ရိုက္ကူးထားသည့္ ဓာတ္ပံုတြင္ ပံုစာအျဖစ္ ေရးသားထားခဲ့သည္။

အျခားေသာ ဓာတ္ပံုတစ္ခုတြင္မူ ဂ်ပ္စတင္ဘီဘာက ေဘာင္းဘီတိုဝတ္ထားကာ သူ၏ေျခလွမ္းမ်ား ေလွကားေအာက္သို႔ ဦးတည္ေနပံုကို ဓာတ္ပံုရိုက္ကူးထားျပီး ေလွကားေထာင့္နံရံတြင္ ငွက္ေပ်ာရြက္ပံုမ်ား ပံုႏွိပ္ထားသည့္ နံရံကပ္စကၠဴျဖင့္ အလွဆင္ထားသည္ကို ေတြ႔ရကာ ေလွကားမွာ ေထာင့္ခ်ဳိးကာ ဝိုင္သိုေလွာင္ခန္းဆီသို႔ ဦးတည္သြားသည္။

အဆိုပါ ဓာတ္ပံုတြင္ ဘီဘာက “အိမ္မွာေနတဲ့ အရသာ….ဒါေပမယ့္ ကၽြန္ေတာ္ ေရာင္းခ်င္တယ္။ တစ္ေယာက္ေယာက္ စိတ္ဝင္စားမယ္လို႔ ထင္ပါတယ္”ဟု ေရးသားထားသည္။

ဘီဘာ၏ ပို႔စ္တြင္ ကြန္မန္႔ေရးသူအမ်ားစုမွာ အမ်ားအားျဖင့္ ေတြ႔ရေလ့ရွိသည္မ်ားျဖစ္ေသာ ၎တို႔အား follow ျပန္လုပ္ရန္၊ ပို႔စ္မ်ားကို like ေပးရန္ ေရးသားခ်က္မ်ားျဖစ္ေသာ္လည္း ေနအိမ္ကို ဝင္ေရာက္ၾကည့္ရႈလိုေၾကာင္း ေတာင္းဆိုလာၾကသူမ်ားလည္း ရွိသည္။

ကြန္မန္႔ေရးသူတစ္ဦးကမူ “ေကာင္ေလး ပ်င္းေနျပီလား”ဟု ေရးသားထားသည္။

ခံုတန္းတစ္ခုေပၚတြင္ သူ၏ ေၾကာင္ကေလးႏွင့္အတူ လဲေလ်ာင္းေနေသာ ဓာတ္ပံုတြင္မူ “ဒီအိမ္မွာရွိတဲ့ ပရိေဘာဂေတြနဲ႔အတူ ေရာင္းမွာပါ”ဟု ေရးသားထားသည္ကို ေတြ႔ရသည္။

ဂ်ပ္စတင္ဘီဘာသည္ အဆိုပါစံအိမ္ကို ယခုႏွစ္အေစာပိုင္းက ကန္ေဒၚလာ ၈ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ကန္ေဒၚလာ ၈ ဒသမ ၉၉ သန္း ေစ်းေခၚထားျပီး စတုရန္းေပ ၆၁၀၀ အက်ယ္အဝန္းရွိကာ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၇ ခန္း၊ စာၾကည့္တိုက္တစ္ခု၊ အိမ္တြင္းရုပ္ရွင္ရံု ၁ ရံုတို႔ ပါဝင္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဂျပ်စတင်ဘီဘာသည် သူ၏ နေအိမ်ကို Realtor.com သို့မဟုတ် Zillow ကဲ့သို့သော အိမ်ခြံမြေ ဝက်ဘ်ဆိုက်များတွင် ကြော်ငြာတင်ကာ အရောင်းဈေးကွက်တင်ရန် ပွဲစားမလိုအပ်ခဲ့ချေ။

Instagram တွင် followers ပေါင်း ၁၁၉ သန်းရထားသော သူ၏ လူမှုကွန်ရက်စာမျက်နှာမှာ အိမ်ခြံမြေ အရောင်းဈေးကွက်တင်ရန် အကောင်းဆုံးနေရာတစ်ခု မဟုတ်ပါလော။

သောကြာနေ့မနက် လင်းအားကြီးအချိန်တွင် အိမ်ထောင်ပြုပြီးစ ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင်ဘီဘာက ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်ရှိ သူ၏ Tropics ဟု အမည်ပြောင်ပေးထားသော နေအိမ်ဓာတ်ပုံ ၁၂ ပုံခန့်ကို အင်စတာဂရမ်တွင် လွှင့်တင်ခဲ့သည်။

ဓာတ်ပုံများနှင့်အတူ ဘီဘာက “ဘီဗာလီဟေးလ်မှာရှိတဲ့ ကျွန်တော့်အိမ်ကို ရောင်းချင်ပါတယ်။ ဘယ်သူဝယ်မလဲ”ဟု မီးဖိုဆောင်ကို ရိုက်ကူးထားသည့် ဓာတ်ပုံတွင် ပုံစာအဖြစ် ရေးသားထားခဲ့သည်။

အခြားသော ဓာတ်ပုံတစ်ခုတွင်မူ ဂျပ်စတင်ဘီဘာက ဘောင်းဘီတိုဝတ်ထားကာ သူ၏ခြေလှမ်းများ လှေကားအောက်သို့ ဦးတည်နေပုံကို ဓာတ်ပုံရိုက်ကူးထားပြီး လှေကားထောင့်နံရံတွင် ငှက်ပျောရွက်ပုံများ ပုံနှိပ်ထားသည့် နံရံကပ်စက္ကူဖြင့် အလှဆင်ထားသည်ကို တွေ့ရကာ လှေကားမှာ ထောင့်ချိုးကာ ဝိုင်သိုလှောင်ခန်းဆီသို့ ဦးတည်သွားသည်။

အဆိုပါ ဓာတ်ပုံတွင် ဘီဘာက “အိမ်မှာနေတဲ့ အရသာ….ဒါပေမယ့် ကျွန်တော် ရောင်းချင်တယ်။ တစ်ယောက်ယောက် စိတ်ဝင်စားမယ်လို့ ထင်ပါတယ်”ဟု ရေးသားထားသည်။

ဘီဘာ၏ ပို့စ်တွင် ကွန်မန့်ရေးသူအများစုမှာ အများအားဖြင့် တွေ့ရလေ့ရှိသည်များဖြစ်သော ၎င်းတို့အား follow ပြန်လုပ်ရန်၊ ပို့စ်များကို like ပေးရန် ရေးသားချက်များဖြစ်သော်လည်း နေအိမ်ကို ဝင်ရောက်ကြည့်ရှုလိုကြောင်း တောင်းဆိုလာကြသူများလည်း ရှိသည်။

ကွန်မန့်ရေးသူတစ်ဦးကမူ “ကောင်လေး ပျင်းနေပြီလား”ဟု ရေးသားထားသည်။

ခုံတန်းတစ်ခုပေါ်တွင် သူ၏ ကြောင်ကလေးနှင့်အတူ လဲလျောင်းနေသော ဓာတ်ပုံတွင်မူ “ဒီအိမ်မှာရှိတဲ့ ပရိဘောဂတွေနဲ့အတူ ရောင်းမှာပါ”ဟု ရေးသားထားသည်ကို တွေ့ရသည်။

ဂျပ်စတင်ဘီဘာသည် အဆိုပါစံအိမ်ကို ယခုနှစ်အစောပိုင်းက ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ကန်ဒေါ်လာ ၈ ဒသမ ၉၉ သန်း ဈေးခေါ်ထားပြီး စတုရန်းပေ ၆၁၀၀ အကျယ်အဝန်းရှိကာ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ စာကြည့်တိုက်တစ်ခု၊ အိမ်တွင်းရုပ်ရှင်ရုံ ၁ ရုံတို့ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service