ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
တ႐ုတ္ျပည္မႀကီးမွ စိတ္ဝင္စားမႈတိုးလာျခင္းေၾကာင့္ စကၤာပူလူေနအိမ္ေဈးကြက္၏ ဇိမ္ခံအိမ္က႑ေရာင္းအားသည္ ျမင့္တက္လာေၾကာင္း Colliers International Group ကို ကိုးကား၍ ဘလြန္းဘတ္သတင္းတစ္ရပ္က ေဖာ္ျပခဲ့သည္။
ယခုႏွစ္ ပထမကိုးလတာအတြင္း စကၤာပူ၏ CCR ရပ္ဝန္းရွိ တိုက္ခန္း ၃၁၅ ခန္းကို ႏုိင္ငံျခားသားမ်ားက ဝယ္ယူခဲ့ၾကသည္။
ယင္းအနက္ ၉၇ ခန္းကို တ႐ုတ္ျပည္မႀကီးမွဝယ္လက္မ်ားက ဝယ္ယူခဲ့ၾကၿပီး စကၤာပူ၏ အႀကီးဆံုးႏုိင္ငံျခားဝယ္လက္အုပ္စုအျဖစ္ မွတ္ယူခံခဲ့ရသည္။ ေဟာင္ေကာင္ေဒသခံမ်ားကမူ ၈ ခန္းသာ ဝယ္ယူခဲ့ၾကသည္။
တ႐ုတ္ဝယ္လက္မ်ား၏ ဝယ္လုိအားသည္ စကၤာပူတြင္ ၂၀၁၈ ခုႏွစ္ ဇူလိုင္၌စတင္ကာ အစိုးရမွ အိမ္ၿခံေျမေဈးကြက္တည္ၿငိမ္ေစေရးစီမံခ်က္မ်ားမတင္းက်ပ္ခင္ ႏႈန္းအတုိင္း တူညီလုနီးပါးပင္ျဖစ္သည္။
ေဟာင္ေကာင္တြင္ ႏိုင္ငံေရးမတည္ၿငိမ္ဆႏၵျပမႈမ်ားက ဝယ္လက္မ်ားအား ေဟာင္ေကာင္အိမ္ၿခံေျမအစား စကၤာပူအိမ္ၿခံေျမဘက္သို႔ ဦးလွည့္ေစႏုိင္သည္ဟု ေဈးကြက္ေလ့လာသူအခ်ဳိ႕က ခန္႔မွန္းၾကေသာ္လည္း လက္ေတြ႕တြင္ ထုိသို႔မဟုတ္ခဲ့ေပ။
စကၤာပူဇိမ္ခံအိမ္ေရာင္းအားျမင့္တက္လာမႈသည္ ေဟာင္ေကာင္အစား ရင္းႏွီးျမႇဳပ္ႏွံမႈေနရာေျပာင္းသည့္ တ႐ုတ္ဝယ္လက္မ်ား မ်ားျပားလာမႈေၾကာင့္ ျဖစ္ႏိုင္သလို အခ်ဳိ႕ကလည္း ယြမ္ေဈးက်ခဲ့ၿပီးေနာက္ တ႐ုတ္မွ ေငြမ်ားကို ေရႊ႕ေျပာင္းလာျခင္းေၾကာင့္လည္း ျဖစ္ႏိုင္ေၾကာင္း Colliers ၏ စကၤာပူႏုိင္ငံဆိုင္ရာ သုေတသနေခါင္းေဆာင္ ထရစ္ရွာဆုန္က ေျပာၾကားခဲ့သည္။
“ရရွိတဲ့အခ်က္အလက္ေတြအရဆုိရင္ စကၤာပူလူေနအိမ္ၿခံေျမထဲ ေဟာင္ေကာင္ေငြေတြ သိသိသာသာစီးဝင္တာကိုျပတဲ့ သက္ေသထင္ထင္ရွားရွား မျမင္မိေသးပါဘူး။ ဒါေပမဲ့လည္း အထူးသျဖင့္ ဇိမ္ခံအိမ္က႑မွာေတာ့ တ႐ုတ္ဝယ္လက္ေတြရဲ႕စိတ္ဝင္စားမႈပိုမ်ားလာတာကို ေတြ႕ရပါတယ္။” ဟုလည္း ဆုန္က ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ ကိုးလတာအတြင္း တိုက္ခန္း ၇၅ ခန္းကို တစ္ခန္းလွ်င္ စကၤာပူေဒၚလာ ၁၀ သန္းထက္မနည္း တန္ေၾကးျဖင့္ ဝယ္ယူခ့ဲေၾကာင္းလည္း ထိုအခ်က္အလက္မ်ားက ညႊန္ျပခဲ့သည္။ ယင္းပမာဏသည္ ၂၀၁၀ ျပည့္ႏွစ္တစ္ႏွစ္တာလံုး၏ ေရာင္းအားႏွင့္ ညီေၾကာင္းလည္း သိရသည္။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
တရုတ်ပြည်မကြီးမှ စိတ်ဝင်စားမှုတိုးလာခြင်းကြောင့် စင်္ကာပူလူနေအိမ်ဈေးကွက်၏ ဇိမ်ခံအိမ်ကဏ္ဍရောင်းအားသည် မြင့်တက်လာကြောင်း Colliers International Group ကို ကိုးကား၍ ဘလွန်းဘတ်သတင်းတစ်ရပ်က ဖော်ပြခဲ့သည်။
ယခုနှစ် ပထမကိုးလတာအတွင်း စင်္ကာပူ၏ CCR ရပ်ဝန်းရှိ တိုက်ခန်း ၃၁၅ ခန်းကို နိုင်ငံခြားသားများက ဝယ်ယူခဲ့ကြသည်။
ယင်းအနက် ၉၇ ခန်းကို တရုတ်ပြည်မကြီးမှဝယ်လက်များက ဝယ်ယူခဲ့ကြပြီး စင်္ကာပူ၏ အကြီးဆုံးနိုင်ငံခြားဝယ်လက်အုပ်စုအဖြစ် မှတ်ယူခံခဲ့ရသည်။ ဟောင်ကောင်ဒေသခံများကမူ ၈ ခန်းသာ ဝယ်ယူခဲ့ကြသည်။
တရုတ်ဝယ်လက်များ၏ ဝယ်လိုအားသည် စင်္ကာပူတွင် ၂၀၁၈ ခုနှစ် ဇူလိုင်၌စတင်ကာ အစိုးရမှ အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေးစီမံချက်များမတင်းကျပ်ခင် နှုန်းအတိုင်း တူညီလုနီးပါးပင်ဖြစ်သည်။
ဟောင်ကောင်တွင် နိုင်ငံရေးမတည်ငြိမ်ဆန္ဒပြမှုများက ဝယ်လက်များအား ဟောင်ကောင်အိမ်ခြံမြေအစား စင်္ကာပူအိမ်ခြံမြေဘက်သို့ ဦးလှည့်စေနိုင်သည်ဟု ဈေးကွက်လေ့လာသူအချို့က ခန့်မှန်းကြသော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ခဲ့ပေ။
စင်္ကာပူဇိမ်ခံအိမ်ရောင်းအားမြင့်တက်လာမှုသည် ဟောင်ကောင်အစား ရင်းနှီးမြှုပ်နှံမှုနေရာပြောင်းသည့် တရုတ်ဝယ်လက်များ များပြားလာမှုကြောင့် ဖြစ်နိုင်သလို အချို့ကလည်း ယွမ်ဈေးကျခဲ့ပြီးနောက် တရုတ်မှ ငွေများကို ရွှေ့ပြောင်းလာခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း Colliers ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင် ထရစ်ရှာဆုန်က ပြောကြားခဲ့သည်။
“ရရှိတဲ့အချက်အလက်တွေအရဆိုရင် စင်္ကာပူလူနေအိမ်ခြံမြေထဲ ဟောင်ကောင်ငွေတွေ သိသိသာသာစီးဝင်တာကိုပြတဲ့ သက်သေထင်ထင်ရှားရှား မမြင်မိသေးပါဘူး။ ဒါပေမဲ့လည်း အထူးသဖြင့် ဇိမ်ခံအိမ်ကဏ္ဍမှာတော့ တရုတ်ဝယ်လက်တွေရဲ့စိတ်ဝင်စားမှုပိုများလာတာကို တွေ့ရပါတယ်။” ဟုလည်း ဆုန်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ကိုးလတာအတွင်း တိုက်ခန်း ၇၅ ခန်းကို တစ်ခန်းလျှင် စင်္ကာပူဒေါ်လာ ၁၀ သန်းထက်မနည်း တန်ကြေးဖြင့် ဝယ်ယူခဲ့ကြောင်းလည်း ထိုအချက်အလက်များက ညွှန်ပြခဲ့သည်။ ယင်းပမာဏသည် ၂၀၁၀ ပြည့်နှစ်တစ်နှစ်တာလုံး၏ ရောင်းအားနှင့် ညီကြောင်းလည်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)