ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ေမာ္ေတာ္ယာဥ္စက္သုံးဆီ တင္သြင္းျဖန႔္ျဖဴးေနတဲ့ ပုဂၢလိကကုမၸဏီတစ္ခုက ေလယာဥ္ဆီျဖန႔္ျဖဴးဖို႔ ေလွ်ာက္ထားတယ္လို႔ သတင္းရရွိပါတယ္။
ျမတ္ေမတၱာမြန္ကုမၸဏီက ေလယာဥ္ဆီျဖန႔္ျဖဴးျခင္းလုပ္ငန္းလုပ္ကိုင္ေဆာင္႐ြက္လိုေၾကာင္း တင္ျပထားတာလို႔ ေလေၾကာင္း ပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန ကေနသိရပါတယ္။
လာေရာက္တင္ျပခ်ိန္က လက္ရွိေလယာဥ္ဆီရဲ႕ ကာလေပါက္ေဈးထက္ အနည္းဆုံး ၂၀ ရာခိုင္ႏႈန္းေဈးေလွ်ာ့ေရာင္းခ်ႏိုင္တယ္လို႔ ကတိျပဳခဲ့တယ္လို႔လည္း သိရပါတယ္။
ဒီလိုတင္ျပရတာဟာ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ႏိုင္ငံအတြင္း ေလယာဥ္ဆီေဈးႏႈန္းကို သက္သာတဲ့ႏႈန္းထားနဲ႔ ေရာင္းခ်ဖို႔ ျဖစ္တယ္လို႔ ျမတ္ေမတၱာမြန္ကုမၸဏီရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာျဖစ္သူေဒါက္တာဝင္းျမင့္ကေျပာပါတယ္။
ဒီလိုေရာင္းခ်ျဖန႔္ျဖဴးႏိုင္ဖို႔အတြက္ အျခားျပည္တြင္းကုမၸဏီႏွစ္ခုလည္း ႀကိဳးပမ္းမႈေတြရွိေနေပမယ့္ လက္ရွိအခ်ိန္ထိေတာ့ သက္ဆိုင္ရာဌာနေတြက အေၾကာင္းျပန္တာမ်ိဳးမရွိေသးဘူးလို႔ သိရပါတယ္။
လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံအတြင္း ေလယာဥ္ဆီျဖန႔္ျဖဴးျခင္းလုပ္ငန္းကို ႏိုင္ငံျခားကုမၸဏီတစ္ခုျဖစ္တဲ့ PUMA Energy ကုမၸဏီက လုပ္ကိုင္ေနတာပါ။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မော်တော်ယာဉ်စက်သုံးဆီ တင်သွင်းဖြန့်ဖြူးနေတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက လေယာဉ်ဆီဖြန့်ဖြူးဖို့ လျှောက်ထားတယ်လို့ သတင်းရရှိပါတယ်။
မြတ်မေတ္တာမွန် ကုမ္ပဏီက လေယာဉ်ဆီဖြန့်ဖြူးခြင်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုကြောင်း တင်ပြထားတာလို့ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ကနေသိရပါတယ်။
လာရောက်တင်ပြချိန်က လက်ရှိလေယာဉ်ဆီရဲ့ ကာလပေါက်ဈေးထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်းဈေးလျှော့ရောင်းချနိုင်တယ်လို့ ကတိပြုခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလိုတင်ပြရတာဟာ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံအတွင်း လေယာဉ်ဆီဈေးနှုန်းကို သက်သာတဲ့နှုန်းထားနဲ့ ရောင်းချဖို့ ဖြစ်တယ်လို့ မြတ်မေတ္တာမွန်ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူဒေါက်တာဝင်းမြင့်ကပြောပါတယ်။
ဒီလိုရောင်းချဖြန့်ဖြူးနိုင်ဖို့အတွက် အခြားပြည်တွင်းကုမ္ပဏီနှစ်ခုလည်း ကြိုးပမ်းမှုတွေရှိနေပေမယ့် လက်ရှိအချိန်ထိတော့ သက်ဆိုင်ရာဌာနတွေက အကြောင်းပြန်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း လေယာဉ်ဆီဖြန့်ဖြူးခြင်းလုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ PUMA Energy ကုမ္ပဏီက လုပ်ကိုင်နေတာပါ။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com