ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
### Zawgyi Version ###
ျမန္မာႏိုင္ငံ ရဲ႕ စုစုေပါင္း ျပည္တြင္းထုတ္ကုန္ (GDP) တိုးတက္မႈႏႈန္းဟာ လာမယ့္ႏွစ္မွာ ဒီႏွစ္ထက္ ပိုတိုးတက္လာႏိုင္တယ္လို႔ ကမာၻ႔ဘဏ္က ခန႔္မွန္းလိုက္ပါတယ္။
ဒီႏွစ္မွာ တိုးတက္မႈႏႈန္း ၆ ဒႆမ ၆ ရာခိုင္ႏႈန္းရွိခဲ့ၿပီး လာမယ့္ႏွစ္မွာေတာ့ ၆ ဒႆမ ၇ ရာခိုင္ႏႈန္းကို တိုးတက္လာႏိုင္တယ္လို႔ ကမာၻ႔ဘဏ္ကခန႔္မွန္းထားတာပါ။
ဒီလိုတိုးတက္လာတာဟာလည္း ထုတ္ကုန္က႑မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြတိုးလာတာေၾကာင့္ အခုလိုေျပာင္းလဲလာတာျဖစ္တယ္လို႔ဆိုပါတယ္။
ဒါေပမယ့္ အစိုးရအေနနဲ႔ စီးပြားေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈ အေျခအေနေတြကိုၾကည့္ဖို႔လိုအပ္ၿပီး ဘဏ္စနစ္ေတြကိုလည္း ျပင္ဆင္ေျပာင္းလဲေပးဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြပိုမိုဝင္လာဖို႔လည္း လိုအပ္ၿပီး အထူးသျဖင့္ အေျခခံအေဆာက္အအုံက႑ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ႏိုင္ေအာင္အခြင့္အေရးေပးဖို႔နဲ႔ စီးပြားေရးမွာယွဥ္ၿပိဳင္မႈေတြ ဖန္တီးေပးဖို႔လည္းလိုတယ္လို႔ သိရပါတယ္။
ကမာၻ႔ဘဏ္ရဲ႕ အဆင့္သတ္မွတ္ခ်က္ေတြအရေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈလြယ္ကူေစဖို႔ ေျပာင္းလဲခဲ့တဲ့ ႏိုင္ငံေပါင္းႏွစ္ဆယ္မွာ ျမန္မာႏိုင္ငံပါဝင္လာပါတယ္။
ဒါ့ေၾကာင့္ လာမယ့္ႏွစ္မွာေတာ့ ျမန္မာႏိုင္ငံတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈအၫႊန္းကိန္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြထက္ပိုေကာင္းလာမယ္လို႔ ေမွ်ာ္မွန္းပါတယ္ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ားၫႊန္ၾကားဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္စင္လြင္က အခုလဆန္းပိုင္းက ေျပာထားပါတယ္။
ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP ) တိုးတက်မှုနှုန်းဟာ လာမယ့်နှစ်မှာ ဒီနှစ်ထက် ပိုတိုးတက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်ပါတယ်။
ဒီနှစ်မှာ တိုးတက်မှုနှုန်း ၆ ဒဿမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး လာမယ့်နှစ်မှာတော့ ၆ ဒဿမ ၇ ရာခိုင်နှုန်းကို တိုးတက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာပါ။
ဒီလိုတိုးတက်လာတာဟာလည်း ထုတ်ကုန်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးလာတာကြောင့် အခုလိုပြောင်းလဲလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကိုကြည့်ဖို့လိုအပ်ပြီး ဘဏ်စနစ်တွေကိုလည်း ပြင်ဆင်ပြောင်းလဲပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုတွေပိုမိုဝင်လာဖို့လည်း လိုအပ်ပြီး အထူးသဖြင့် အခြေခံအဆောက်အအုံကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်အောင် အခွင့်အရေးပေးဖို့နဲ့ စီးပွားရေးမှာယှဉ်ပြိုင်မှုတွေ ဖန်တီးပေးဖို့လည်းလိုတယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အဆင့်သတ်မှတ်ချက်တွေအရတော့ ရင်းနှီးမြှုပ်နှံမှုလွယ်ကူစေဖို့ ပြောင်းလဲခဲ့တဲ့ နိုင်ငံပေါင်းနှစ်ဆယ်မှာ မြန်မာနိုင်ငံပါဝင်လာပါတယ်။
ဒါ့ကြောင့် လာမယ့်နှစ်မှာတော့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုအညွှန်းကိန်းဟာ ပြီးခဲ့တဲ့နှစ်တွေထက်ပိုကောင်းလာမယ်လို့ မျှော်မှန်းပါတယ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အခုလဆန်းပိုင်းက ပြောထားပါတယ်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com