ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
### Zawgyi Version ###
ဂ်ပန္ႏိုင္ငံက သီလဝါအထူးစီးပြားေရးဇုန္တြင္ ၃၆ ရာခိုင္ႏႈန္းေက်ာ္အမ်ားဆုံးရင္းႏွီးျမွဳပ္ႏွံမႈျပဳလုပ္ထားေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားဦးစီးဌာနမွသိရသည္။
ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံက သီလဝါအထူးစီးပြားေရးဇုန္တြင္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလကုန္အထိ လုပ္ငန္းေပါင္း ၁၁၃ ခု လာေရာက္ရင္းႏွီးျမႇုဳပ္ႏွံထားၿပီး စုစုေပါင္း ရင္းႏွီးျမႇုဳပ္ႏွံမႈပမာဏ ေဒၚလာ ၁ ဒသမ ၈၆၂ ဘီလီယံအထိရွိေၾကာင္းသိရသည္။
ဂ်ပန္ႏိုင္ငံက လုပ္ငန္း ၃၇ ခုအထိဝင္ေရာက္ထားၿပီး ရင္းႏွီးျမွဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၆၇၄ ဒသမ ၄၈၈ သန္းရွိၿပီး စုစုေပါင္း ပမာဏ၏ ၃၆ ဒသမ ၂၁ ရာခိုင္ႏႈန္းျဖင့္ အမ်ားဆုံးဝင္ေရာက္ထားေၾကာင္း သိရသည္။
စင္ကာပူနိုင္ငံက လုပ္ငန္း ၂၇ ခုထိ ဝင္ေရာက္ထားၿပီး ရင္းႏွီးျမႇုဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ သန္း ၆၅၀ ခန႔္ရွိၿပီး စုစုေပါင္းပမာဏ၏ ၃၄ ရာခိုင္ႏႈန္းေက်ာ္ရွိသျဖင့္ ဒုတိယအမ်ားဆုံးဝင္ေရာက္ထားေၾကာင္း သိရသည္။
ထိုင္းနိုင္ငံမွ စုစုေပါင္း ပမာဏ၏ ၉ ရာခိုင္ႏႈန္းေက်ာ္ ႏွင့္ကိုရီးယားနိုင္ငံက ၅ ရာခိုင္ႏႈန္းေက်ာ္ရွိေၾကာင္း သိရသည္။
ေဟာင္ေကာင္က သုံးရာခိုင္ႏႈန္းေက်ာ္၊ျမန္မာက သုံးရာခိုင္ႏႈန္းနီးပါးႏွင့္ယူေက ၊ ယူေအအီး ႏွင့္ ၾသစေၾတးလ် တို႔က တစ္ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး မေလးရွား၊ ထိုင္ဝမ္၊ၾသစႀတီးယား ၊ ပနားမား ၊ တ႐ုတ္၊ ဘ႐ူနိုင္း၊ ဗီယက္နမ္၊ ျပင္သစ္၊ ဆြစ္ဇလန္၊ နယ္သာလန္နိုင္ငံတို႔မွ တစ္ရာခိုင္ႏႈန္းပမာဏ ေအာက္သာဝင္ေရာက္ထားေၾကာင္း သိရသည္။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ဂျပန်နိုင်ငံက သီလဝါအထူးစီးပွားရေးဇုန်တွင် ၃၆ ရာခိုင်နှုန်းကျော်အများဆုံးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများဦးစီးဌာနမှသိရသည်။
နိုင်ငံပေါင်း ၁၉ နိုင်ငံက သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ လုပ်ငန်းပေါင်း ၁၁၃ ခု လာရောက်ရင်းနှီးမြှုုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၈၆၂ ဘီလီယံအထိရှိကြောင်းသိရသည်။
ဂျပန်နိုင်ငံက လုပ်ငန်း ၃၇ ခုအထိဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆၇၄ ဒသမ ၄၈၈ သန်းရှိပြီး စုစုပေါင်း ပမာဏ၏ ၃၆ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် အများဆုံးဝင်ရောက်ထားကြောင်း သိရသည်။
စင်ကာပူနိုင်ငံက လုပ်ငန်း ၂၇ ခုထိ ဝင်ရောက်ထားပြီး ရင်းနှီးမြှုုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၅၀ ခန့်ရှိပြီး စုစုပေါင်းပမာဏ၏ ၃၄ ရာခိုင်နှုန်းကျော်ရှိသဖြင့် ဒုတိယအများဆုံးဝင်ရောက်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ စုစုပေါင်း ပမာဏ၏ ၉ ရာခိုင်နှုန်းကျော် နှင့်ကိုရီးယားနိုင်ငံက ၅ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။
ဟောင်ကောင်က သုံးရာခိုင်နှုန်းကျော်၊မြန်မာက သုံးရာခိုင်နှုန်းနီးပါးနှင့်ယူကေ ၊ ယူအေအီး နှင့် သြစတြေးလျ တို့က တစ်ရာခိုင်နှုန်းကျော်ရှိပြီး မလေးရှား၊ ထိုင်ဝမ်၊သြစတြီးယား ၊ ပနားမား ၊ တရုတ်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ပြင်သစ်၊ ဆွစ်ဇလန်၊ နယ်သာလန်နိုင်ငံတို့မှ တစ်ရာခိုင်နှုန်းပမာဏ အောက်သာဝင်ရောက်ထားကြောင်း သိရသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com