ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
### Zawgyi Version ###
ေရႊျပည္သာ စက္မႈဇုန္ရွိ စက္မႈေျမကြက္ ၁၂၅ ကြက္သည္ ပိုင္ရွင္နာမည္မရွိ၍ ပိုင္ရွင္မ်ားသည္ ေအာက္တိုဘာလ ၃၁ ရက္မတိုင္ခင္ လာေရာက္ဆက္သြယ္ရန္ စက္မႈဇုန္ စီမံခန႔္ခြဲေရးေကာ္မတီမ်ားက သတိေပးလိုက္သည္။
ထိုစက္မႈေျမကြက္မ်ားသည္ ပိုင္ရွင္အမည္၊ ေနရပ္လိပ္စာမရွိေသာေၾကာင့္ စက္မႈဇုန္ ဖြံၿဖိဳးတိုးတက္ေရး ပူးေပါင္းေဆာင္ရြက္ရန္ အခက္အခဲျဖစ္ေနသည္ဟု ေကာ္မတီမ်ားကဆိုသည္။
ထိုသို႔ မဆက္သြယ္ပါက ထိုေျမကြက္မ်ားကို တိုင္းအစိုးရထံ တင္ျပသြားမည္ဟုလည္းဆိုသည္။ထိုေျမကြက္မ်ားသည္္ ေရႊျပည္သာစက္မႈဇုန္ႏွင့္ ဝါးတရာစက္မႈဇုန္တို႔တြင္ျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီးတြင္ ေျမကြက္ဝယ္ယူထားၿပီး လုပ္ငန္းေဆာင္ရြက္မႈမရွိသည့္ ေျမကြက္ ၄၀ ရာခိုင္ႏႈန္းရွိသည္ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတြဲ႕ဖက္အတြင္းေရးမႉးဦးသန္းကေျပာသည္။
စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com
### Unicode Version ###
ရွှေပြည်သာ စက်မှုဇုန်ရှိ စက်မှုမြေကွက် ၁၂၅ ကွက်သည် ပိုင်ရှင်နာမည်မရှိ၍ ပိုင်ရှင်များသည် အောက်တိုဘာလ ၃၁ ရက်မတိုင်ခင် လာရောက်ဆက်သွယ်ရန် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီများက သတိပေးလိုက်သည်။
ထိုစက်မှုမြေကွက်များသည် ပိုင်ရှင်အမည်၊ နေရပ်လိပ်စာမရှိသောကြောင့် စက်မှုဇုန် ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲဖြစ်နေသည်ဟု ကော်မတီများကဆိုသည်။
ထိုသို့ မဆက်သွယ်ပါက ထိုမြေကွက်များကို တိုင်းအစိုးရထံ တင်ပြသွားမည်ဟုလည်းဆိုသည်။ထိုမြေကွက်များသည် ရွှေပြည်သာစက်မှုဇုန်နှင့် ဝါးတရာစက်မှုဇုန်တို့တွင်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မြေကွက်ဝယ်ယူထားပြီး လုပ်ငန်းဆောင်ရွက်မှုမရှိသည့် မြေကွက် ၄၀ ရာခိုင်နှုန်းရှိသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွဲ့ဖက်အတွင်းရေးမှူးဦးသန်းကပြောသည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com