အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် ၁၃၇ ဧကကျယ်ဝန်းသည့် စပျစ်ခြံကြီးနှင့် တစ်နှစ်လျှင် ဝိုင်ပုလင်းပေါင်း ၁၀၀၀၀၀ ထုတ်လုပ်လျက်ရှိသည့် ဝိုင်စက်ရုံတို့ကို ပေါင် ၁၅ သန်းဖြင့် အရောင်းဈေးကွက်တင်
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် ၁၃၇ ဧကကျယ်ဝန်းသည့် စပျစ်ခြံကြီးနှင့် တစ်နှစ်လျှင် ဝိုင်ပုလင်းပေါင်း ၁၀၀၀၀၀ ထုတ်လုပ်လျက်ရှိသည့် ဝိုင်စက်ရုံတို့ကို ပေါင် ၁၅ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
16 Oct 2019 11:58 am တွင် တင်ခဲ့သည်
873 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
Ancre Hill နှင့် Newton Court ယာတောဟူသော ခြံဝန်း ၂ ခု ပေါင်းစပ်ထားပြီး Monmouth မြို့ အနီးတွင် တည်ရှိသည်။
### Unicode Version ###
အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်တွင် ၁၃၇ ဧကကျယ်ဝန်းသည့် ခြံကြီးနှင့် နေအိမ်ပေါင်းများစွာပါဝင်သည့် စပျစ်ခြံကြီး အရောင်းဈေးးကွက် ဝင်လာသည်။
ခြံကြီးနှစ်ခု ပေါင်းစည်းကာ ဈေးကွက်တင်လာခြင်းဖြစ်ပြီး အောင်မြင်နေသော ဝိုင်လုပ်ငန်း၊ ကျေးလက်စံအိမ်ကြီးတစ်လုံးတို့ ပါဝင်သော ၁၃၇ ဧကခြံဝန်းကြီးကို ပေါင် ၁၅ သန်း (ကန်ဒေါ်လာ ၁၈ ဒသမ ၄ သန်း)ဈေးခေါ်ထားသည်။
Ancre Hill နှင့် Newton Court ယာတောဟူသော ခြံဝန်း ၂ ခု ပေါင်းစပ်ထားပြီး Monmouth မြို့အနီးတွင် တည်ရှီသည်။
လက်ရှိအားဖြင့် စပျစ်ပင်ပေါင်း ၃၀၀၀၀ ခန့် စိုက်ပျိုးထားပြီး ၉၀ ရာခိုင်နှုန်းကို Chardonnay နှင့် Pinot Noir အမှတ်တံဆိပ်ဝိုင်များ ထုတ်လုပ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကို Albarino ဝိုင်ကို ထုတ်လုပ်သည်။
စပျစ်ခင်းများနှင့်အတူ အဆင့်မြင့်နည်းပညာသုံး စက်ပစ္စည်းများ တပ်ဆင်ထားသော ဝိုင်စက်ရုံလည်း ပါဝင်ကြောင်း ဈေးကွက်တင် ကုမ္ပဏီ Savills ၏ အချက်အလက်များတွင် ဖော်ပြသည်။
Ancre Hill ဝိုင်ခြံသည် ဝိုင်လုပ်ငန်းတွင် အော်ဂဲနစ်ဝိုင်များ ထုတ်လုပ်ရာတွင် ထိပ်တန်းဦးဆောင်သူဖြစ်ကြောင်းလည်း Savills မှ ဈေးကွက်တင်ပေးသည့် အကျိုးဆောင် ခရစ် စပေါ့ဖော့သ်က ပြောကြားသည်။
‘ပိုင်ရှင်သစ်အနေနဲ့ ဝိုင်လုပ်ငန်းကို ကိုယ်တိုင်ပါဝင်ကွပ်ကဲနိုင်သလို သူ့ဟာသူလည်ပတ်စေပြီး ဝင်မပါဘဲလည်း နေနိုင်ပါတယ်။ကြိုက်သလို ရွေးချယ်နိုင်ပါတယ်”ဟု စပေါ့ဖော့သ်က ဆက်လက်ပြောကြားသည်။
ဝိုင်စက်ရုံ၏ ထုတ်လုပ်နိုင်မှုမှာ တစ်နှစ်လျှင် ဝိုင်ပုလင်း ၁၀၀၀၀၀ ခန့် ထုတ်လုပ်နိုင်သည်။
အကယ်၍ ပိုင်ရှင်သစ်အနေဖြင့် လက်ရှိစပျစ်စိုက်ပျိုးဧက ၂၉ ဒသမ ၅ ဧကမှ ကျန်ရှိနေသော မြေလွတ် ၅၇ ဧကတွင် တိုးချဲ့စိုက်ပျိုးမည် ဆိုပါက တစ်နှစ်လျှင် ဝိုင်ပုလင်း ၃၀၀၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်ဖွယ်ရာရှိကြောင်း Savills က ခန့်မှန်းသည်။
အဆိုပါခြံကြီးတွင် ပန်းသီးခြံလည်းရှိပြီး ပန်းသီးမှ ထုတ်လုပ်သော cider လည်း တစ်နှစ်လျှင် ၅၀၀၀ လီတာခန့် ထုတ်လုပ်လျက်ရှိသည် ဟု ဆိုသည်။
ပင်မစံအိမ်တွင် အိပ်ခန်း ၆ ခန်းပါဝင်ပြီး ၁၇၀၀ ပြည့် ဝန်းကျင်ကာလများက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ၁၉ ရာစုအတွင်း တိုးချဲ့ ဆောက်လုပ်မှုများ ရှိခဲ့သည်။
လက်ရှိပိုင်ရှင်များဖြစ်သော ရစ်ချတ်နှင့် ဂျွိုင်းမောရစ်တို့က ၁၉၉၈ ခုနှစ်တွင် ဝယ်ယူခဲ့ကာ စံအိမ်ကို ၆ နှစ်ခန့် အချိန်ယူကာ ပြုပြင်မွမ်းမံခဲ့သည်။
စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၇၀၀၀ ကျော်ရှိပြီး ခြံဝန်းအတွင်း ရေကူးကန်နှင့် တင်းနစ်ကွင်းတို့လည်း ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့ စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ် Larry Ellison လန်ဒန်မြို့မှ ရုံးခန်းအဆောက်အအုံကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀၂ သန်းဖြင့် ဝယ်ယူ...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
အင်ဂျလီနာဂျိုလီက လော့စ်အိန်ဂျလိ တောမီးမှ ထွက်ပြေးတိမ်းရှောင်ရသော မိတ်ဆွေ သူငယ်ချင်းများအား သူ၏ ဒေါ်လာ ၃၇ သန်းတန် စံအိမ်ကြီးတွင် ခိုလှုံခွင့်ပေး...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Shwe Moe Kaung
Ponnmie Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service