ဗဟုသုတ | Posted by ရွှေစင်ဝင်း
#Zawgyi#
တစ္ေန႔တြင္ ကၽြန္ုပ္ေနထိုင္ရာ လိႈင္ၿမိဳ႕နယ္ ၊ ေအးရိပ္မြန္ ၁ လမ္းရွိေနအိမ္သို႔ မႏွင္းၾကည္ဆိုသူ သူငယ္ခ်င္းတစ္ဦး ေရာက္ရွိလာေလ၏။ ႏွင္းဆိုသည္မွာ ေအးျမသည့္ သဘာဝရွိေသာ္လည္း ကၽြန္ုပ္၏ သူငယ္ခ်င္း မႏွင္းၾကည္မွာမူ အပူေသာက၏ အရိပ္အေယာင္မ်ားလႊမ္းမိုးေနသည္ကို သိသာစြာ ျမင္ေတြ႕ေနရ၏။ သူ၏မ်က္ႏွာမွာလည္း မၾကည္မလင္ ျဖစ္ေနေလ၏။
ကၽြန္ုပ္သည္ ၎အား မေနာမယ လက္ဖက္ရည္ျဖင့္ ဧည့္ခံရေလ၏။ သူသည္ လက္ဖက္ရည္ကို ငူငူႀကီးျဖင့္ တစ္က်ိဳက္ျခင္း ေသာက္ေနေလ၏။ ကၽြန္ုပ္က..
“နင့္ဟာကလည္း – လက္ဖက္ရည္ေလးက ေကာင္းလိုက္တာဟယ္။ ေက်းဇူးတင္ပါတယ္ လို႔ ေလာကြတ္ေလး လုပ္ေဖာ္ေတာင္မရဘူး” ဟု ေနာက္ေျပာင္လိုက္လၽွင္- မႏွင္းၾကည္သည္ လက္ဖက္ရည္ခြက္ကို ေအာက္သို႔ “ခြက္” ခနဲေဆာင့္í ခ်လိုက္ၿပီးေနာက္..
“နင့္လက္ဖက္ရည္ ေကာင္းတာ၊ ဆိုးတာ အပထား။ ငါ့ဘဝက ဆားကို လ်က္ရင္ေတာင္ ငံမွန္း မသိနိုင္ေတာ့ဘူးေဟ့။ အဲဒီေလာက္အပူေတြမ်ားေနတာ” ဟု ညည္းညဴ ေျပာပါေလေတာ့၏။
ၿပီးေနာက္ သူတို႔မိသားစု စီးပြားအႀကီးအက်ယ္ ပ်က္သည့္အေၾကာင္း၊ အိမ္ေထာင္လည္း ပ်က္သြားၿပီ ျဖစ္သည့္အေၾကာင္း၊ အထည္ႀကီးပ်က္ ဆိုသည့္ အေျခအေနကို လက္ေတြ႕ၾကဳံေနရသည့္ အေၾကာင္းမ်ားကို ရင္ဖြင့္ေလ၏။
“ ငါေတာ့ သတ္ၿပီး ေသရရင္ ေကာင္းမလား လို႔ပဲ ခဏခဏ ႀကံေနမိေတာ့တာပဲဟာ” ဟုလည္း ေရရြတ္ေလ၏။ သူသည္ေခါင္းကို ငိုက္စိုက္ခ်လ်က္ ၾကမ္းျပင္ကို သူ၏ လက္သည္းမ်ားျဖင့္ အဓိပၸာယ္မဲ့ ကုတ္ျခစ္ရင္း ထိုစကားမ်ားကို ေျပာေနရင္း ျဖစ္ေလ၏။ စိတ္ဓာတ္လည္း အထူးက်ဆင္းေနပုံ ေတြ႕ျမင္ရေလ၏။ ကၽြန္ုပ္က-
“နင့္ကို ငါပုံျပင္ေလးတစ္ပုဒ္ ေျပာျပမယ္။ တစ္ခါတုန္းက ကမၻာေက်ာ္ လက္ေဝွ႕ခ်န္ပီယံႀကီး တစ္ေယာက္ဟာ ခ်န္ပီယံဘြဲ႕ကို လက္လႊတ္လိုက္ရၿပီးတဲ့ေနာက္ စိတ္ဓါတ္အရမ္းက်သြားတယ္။ စိတ္ေတြေလၿပီး ေလ့က်င့္ခန္းေတြ ဘာေတြလည္း မလုပ္ျဖစ္ေတာ့ဘူး။ သုံးျဖဳန္းေသာက္စားၿပီး ဘဝကို ေရစုန္ေမၽွာတဲ့ ဘဝမ်ိဳး ေရာက္သြားတယ္။
ေနာက္ဆုံး သူ႔မွာ အိမ္တို႔ ကားတို႔၊ စီးပြားဥစၥာ တို႔လည္း ျပဳတ္ျပဳတ္ျပဳန္းသြားၿပီး၊ အေသာက္သမားႀကီးဘဝ ေရာက္သြားၿပီ။ သူ႔လက္ထဲမွာ ပိုက္ဆံနဲနဲေလးပဲ က်န္ေတာ့တယ္။ အဲဒီပိုက္ဆံေလး ကုန္သြားရင္ သူ႔မွာဘာမွမရွိဘူး။
အဲဒီအခ်ိန္မွာ မာစတာဘရိန္းဆိုတဲ့ ပညာရွင္ေတြကို သူသြားၿပီးသတိရမိတယ္။ အဲဒီပညာရွင္ေတြရဲ့ လမ္းညႊန္ခ်က္ေတြဟာ အံ့ဩစရာေကာင္းေလာက္ေအာင္ကိုပဲ အက်ိဳးထူးေစသတဲ့။ အေျဖေလးတစ္ခုအတြက္ ေဈးကလည္း အရမ္းႀကီးတယ္။
စိတ္ဓာတ္က်ေနတဲ့ လက္ေဝွ႕ခ်န္ပီယံေဟာင္းဟာ သူ႔ရဲ႕ေနာက္ဆုံး ပိုက္ဆံေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး မာစတာဘရိန္း ဆီကို ေရာက္သြားခဲ့တယ္။ မာစတာဘရိန္းက သူေျပာသမၽွေတြကို နားေထာင္ၿပီးတဲ့ေနာက္ –
“ခင္ဗ်ား ျပန္ၿပီး ေအာင္ျမင္ဖို႔၊ စိတ္ဓာတ္ခြန္အားေတြ ရွင္သန္နိုးၾကား လာဖို႔အတြက္ အေကာင္းဆုံး လမ္းညႊန္ေပးလိုက္မယ္။ ခင္ဗ်ားရဲ့ ေမြးဇာတိရြာကေလးကို တစ္ပတ္ဆယ္ရက္ေလာက္ ျပန္သြားလိုက္ပါ။”
မာစတာဘရိန္းရဲ့ လမ္းညႊန္ခ်က္က အဲဒါအကုန္ပဲ။ လက္ေဝွ႕ခ်န္ပီယံ ေဟာင္းႀကီးကေတာ့ မေက်မခ်မ္းျဖစ္ၿပီး –
“ခင္ဗ်ားကိုအထင္တႀကီးနဲ႔ အႀကံဉာဏ္ လာေတာင္းတာ။ ခင္ဗ်ားနဲ႔ ေတြ႕မွပဲ ရြာျပန္ရမလို ျဖစ္သြား ရေတာ့တယ္။ က်ဳပ္ျပန္ၿပီး ေအာင္ျမင္ဖို႔ အႀကံဉာဏ္ လာေတာင္းတာဗ်။” လို႔ တဖ်စ္ဖ်စ္ေတာက္နဲ႔ ေျပာေတာ့တာေပါ့။ ဒါေပမဲ့ မာစတာဘရိန္း ကလဲခုနကစကားကိုပဲ ေလးနက္ယုံၾကည္စြာ လိုက္နာဖို႔ အတန္တန္တိုက္တြန္းတယ္။ သူေျပာတာကို လိုက္နာရင္ လက္ေဝွ႕ခ်န္ပီယံ မုခ်ျပန္ျဖစ္ေစရမယ္လို႔လည္း အခိုင္အမာ တာဝန္ယူသတဲ့။
အဲ့ဒါနဲ႔ပဲ ေနာက္ဆုံးမွာ အျခားဘာမွ လုပ္စရာမရွိေတာ့တဲ့ လက္ေဝွ႕ခ်န္ပီယံဟာ မာစတာဘရိန္းရဲ႕ လမ္းညႊန္ခ်က္အတိုင္း ကားအစုတ္ေလးကို ငွားၿပီး သူ႔ေမြးရပ္ရြာကေလးကို ျပန္သြားခဲ့သတဲ့။
ရြာအဝင္နားကို ေရာက္ေတာ့ ေျမာင္းထဲမွာ ငါးဖမ္းေနတဲ့ သူ႔သူငယ္ခ်င္းဟာ မီးခိုးတအူအူနဲ႔ ေမာင္းလာတဲ့ ကားေလးကို ေတြ႕ေတာ့ စူးစမ္းၿပီးၾကည့္ရင္း၊ လက္ေဝွ႕ခ်န္ပီယံမွန္း သိသြားတဲ့အခါ ကားဆီကို အေျပးလာၿပီး၊ ကားေပၚကို တြယ္တက္၊ လက္ေဝွ႕ခ်န္ပီယံ ေဟာင္းႀကီးကို အတင္းဖက္၊ ေနာက္ေက်ာကို ရြံ႕ေပေနတဲ့ လက္သီးဆုပ္ႀကီးနဲ႔ တအုန္းအုန္းထုရင္း-
“မသာႀကီး၊ အခုမွပဲ ေပၚလာေတာ့တယ္။ နင္က ကမၻာ့လက္ေဝွ႕ခ်န္ပီယံႀကီး ျဖစ္သြားၿပီ ဆိုၿပီး ဘဝင္ေတြ ျမင့္သြားတာေပါ့ေလ။ ဟုတ္လား။ ေမ့ဦးဟာ ေမ့ဦးဟာ။” ဆိုၿပီး သူ႔မွာ ေပေနတဲ့ ရႊံ႕ေတြနဲ႔ ခ်န္ယီယံ ေဟာင္းႀကီးရဲ့မ်က္ႏွာကို ဇြတ္အတင္း သုတ္သတဲ့။
ခ်န္ပီယံေဟာင္းႀကီးလည္း စိတ္ဓာတ္က်၊ အားငယ္ေနတာေတြ ႐ုတ္တရက္ ေပ်ာက္သြားၿပီး အေပ်ာ္ဓာတ္ေတြ ဘြားကနဲ ေပၚလာေတာ့တယ္။ ကားေလးကို တြန႔္ဆုတ္ဆြန႔္ဆုတ္နဲ႔ ေမာင္းရင္း သူငယ္ခ်င္းစသမၽွ၊ ေနာက္သမၽွ၊ သူကလည္း တဟားဟားနဲ႔ သေဘာက်ရင္း ကာလအတန္ၾကာ ျပဳံးရယ္ျခင္းကို ေမ့ေလ်ာ့ ေနခဲ့ရာကေန၊ သူ႔မ်က္ႏွာမွာ အျပဳံးရိပ္၊ အေပ်ာ္ဓာတ္ေတြ ျပန္ေပၚလာခဲ့သတဲ့။
ေရွ႕နားနည္းနည္းေလး ေရာက္သြားေတာ့၊ လမ္းေဘးမွာလယ္ထြန္ေနတဲ့ ငယ္သူငယ္ခ်င္းေတြ၊ လမ္းဖို႔ေနတဲ့ ငယ္သူခ်င္းေတြနဲ႔ ပါေတြ႕ၿပီး သူ႔ကားစုတ္ေလးေပၚကို တျပဳံႀကီး ဝိုင္းတက္လာၾကတယ္။ ပါးစပ္ေတြကလည္း ေရွးေဟာင္းေႏွာင္းျဖစ္ေတြကို အလုအယက္ အက်ယ္ႀကီး ေျပာၾက၊ ငယ္က်ိဳးငယ္နာေတြ ေဖာ္ၾကနဲ႔ လက္ပံပင္ဆက္ရက္က်သလို ျဖစ္ေနေတာ့သတဲ့။
ရြာထဲကို ဝင္လာေတာ့လည္း ဆူဆူညံညံ အသံၾကားလို႔ ထြက္ၾကည့္ၾကတဲ့သူ၊ ေဆြမ်ိဳးေတြ၊ ငယ္သူငယ္ခ်င္းေတြ ကလည္း ခ်န္ပီယံေဟာင္းႀကီး ရြာကို အလည္လာတယ္ေဟ့ ဆိုၿပီး ထမင္းခ်က္ ေနတဲ့သူကလည္း ေယာက္မႀကီးကိုပစ္ခ်၊ အဝတ္ေလၽွာ္ေနတဲ့သူကလည္း ေလၽွာ္လက္စအဝတ္ေတြကိုပစ္ခ်ၿပီး ကားစုတ္ေလးဆီကိုေျပးလာၾကသတဲ့။
သူ႔ကိုအျပင္မွာ မေတြ႕ဖူးတဲ့ ကေလးေတြကလည္း “ခ်န္ပီယံ၊ ခ်န္ပီယံ” လို႔ အားရပါးရ ေအာ္ဟစ္ေနၾကတာ မိုးေတာင္ ပြင့္မတတ္ပါပဲတဲ့။ ခ်န္ပီယံႀကီးလည္း ဟက္ဟက္ပက္ပက္၊ တဟားဟားနဲ႔ ရယ္ရင္း၊ အေပ်ာ္ႀကီးေပ်ာ္ေနၿပီ။
အဲဒီမွာ သူသေဘာေပါက္လိုက္တာက ကမၻာ့ ၾကိဳးဝိုင္းစင္ျမင့္ေပၚမွာ သူဘယ္ေလာက္ပဲ ခ်န္ပီယံဘြဲ႕ကို လက္လႊတ္လိုက္ရေပမယ့္ သူ႔ဇာတိရြာေလးကေတာ့ျဖင့္၊ သူ႔ကိုတစ္သက္တာလုံး ကမၻာတည္ေနသမၽွ ခ်န္ပီယံႀကီးလို႔ပဲ သတ္မွတ္ထားပါလား၊ သူဟာ အျမဲတမ္းခ်န္ပီယံျဖစ္ေနပါလားလို႔ သေဘာေပါက္သြားတယ္။
ဒီရြာေလးကထြက္သြားၿပီး ကမ႓ာ့လက္ေဝွ႕ခ်န္ပီယံျဖစ္သြားတဲ့သူကို အေၾကာင္းျပဳၿပီး ဒီရြာေလးက ဂုဏ္ယူလို႔မဆုံး ျဖစ္ရတဲ့အတြက္ ကမၻာၾကီးေပၚမွာ ဘယ္သူေတြကဘယ္ေလာက္ပဲ သူ႔ကိုကဲ့ရဲ႕ႏွိမ့္ခ်ေနပါေစ၊ အထင္ေတြေသးေနစမ္းပါေစ။ သူ႔ရြာကေလးကေတာ့ သူ႔ကို ဂုဏ္ယူလို႔မဆုံးျဖစ္ေနဦးမွာပါလားဆိုတာကိုလည္း သေဘာေပါက္သြားတယ္။
အဲဒီအတြက္ သူ႔ေမြးဇာတိက ရြာသူရြာသားေတြ ေပ်ာ္ရႊင္ၾကည္ႏူး ဝမ္းေျမာက္ဂုဏ္ယူနိုင္ဖို႔အတြက္ သူ႔ဘက္ကလည္း ျပန္လည္ေပးဆပ္ႀကိဳးစားဖို႔ လိုပါလားဆိုတာကိုပါ သေဘာေပါက္သြားတယ္။
အခ်ိန္ပိုင္းေလးအတြင္းမွာပဲ လက္ေဝွ႕ခ်န္ပီယံေဟာင္းႀကီးရဲ့ ခံစားခ်က္ေတြေျပာင္းျပန္ျဖစ္သြားတယ္။ ငယ္ငယ္က စိတ္ဓာတ္ခြန္အားမ်ိဳးေတြ၊ ေမၽွာ္လင့္ျခင္းမ်ိဳးေတြနဲ႔ ျပန္ၿပီးနိုးၾကားတက္ႂကြ လန္းဆန္းသြားတယ္။ အဲဒီမွာတင္ျပန္ၿပီးႀကိဳးစားလိုက္တာ ကမၻာ႕လက္ေဝွ႕ခ်န္ပီယံဘြဲ႕ကို ျပန္ၿပီးအရယူနိုင္ခဲ့သတဲ့့။
ငါေျပာခ်င္တဲ့ပုံျပင္ေလးကေတာ့ အဲဒါပါပဲ။ အဲဒီေတာ့ နင့္ကိုလည္း မာစတာဘရိန္းလို လမ္းညႊန္ရရင္ေတာ့ ရြာကိုျပန္ေပေတာ့ မႏွင္းၾကည္ေရ” ဟုေျပာျပလိုက္ရာ ပူၿပီး ေနာက္ေနပုံရေသာ မႏွင္းၾကည္သည္ ယခုမွ မႏွင္းၾကည္ ျပန္ျဖစ္သြားခဲ့ရေလေတာ့၏။
“ဟုတ္ပါ့ေနာ္၊ ငါလဲဆင္းရဲသူ၊ ဆင္းရဲသားဘဝကလာခဲ့တာပဲဟာ။ အခုအေျခအေနမွာ ငါက မူရင္းဘဝေလာက္ေတာင္ ျပန္နိမ့္မသြားေသးပါဘူး။ ျမတ္ေတာင္ျမတ္ေနတုန္းပဲ။ အဲဒီလိုေျပာျပေပးတဲ့အတြက္ နင့္ကို ေက်းဇူးတင္ပါတယ္။ ေစာေစာတုန္းက ဘာမွန္းမသိလိုက္တဲ့ နင့္ရဲ့ လက္ဖက္ရည္ေလးကလည္း ခုမွ ေကာင္းသြားတာဟ။ ေတာ္ေတာ္ေကာင္းတဲ့ လက္ဖက္ရည္ပဲ” ဟု ေျပာေျပာဆိုဆိုနဲ႔နဲ႔ပဲ လက္ဖက္ရည္ခြက္ထဲမွ လက္ဖက္ရည္ဖင္ကပ္ကို ပါးစပ္ဟခံရင္း ေျပာေလေတာ့၏။ ေျပာရင္းလည္းရယ္ေလ၏။ ထိုအခါက်မွပင္ ကၽြန္ုပ္တို႔၏စကားဝိုင္းမွာလည္း ရယ္သံေမာသံမ်ား စတင္ေပၚထြက္လာပါေလေတာ့၏။
ထို႔ေနာက္တြင္မွ- မႏွင္းၾကည္က
“နင့္ဆီက လက္ေဝွ႕ခ်န္ပီယံေဟာင္းနဲ႔ မာစတာဘရိန္းပုံျပင္ကိုၾကားရတာ အရမ္းေကာင္းပါတယ္။ ေဗဒင္ဆရာအျဖစ္နဲ႔ ေျပာေပးပါဦး။ အခုတေလာ ငါ့မွာအေရးႀကီးဆုံးက အိမ္ဒုကၡပဲ။ အိုးပိုင္အိမ္ပိုင္မရွိေတာ့ အရမ္းဒုကၡေရာက္တယ္ဟာ။ အိမ္ငွားဘဝမွာလည္း ဟိုေျပးသည္းေျပာင္းနဲ႔ အရမ္းဒုကၡေရာက္တာ။
အဲဒီေတာ့အိမ္မပိုင္ခင္မွာလည္း ေနရာေလးအတည္တက်ျမဲခ်င္တယ္။ ၿပီးေတာ့အိမ္ပိုင္ေလးလည္း လိုခ်င္တယ္ဟာ။ ေဗဒင္ဆရာအျဖစ္နဲ႔ ကူညီပါဦး။” ဟု ပူဆာျပန္ပါေလ၏။
ကၽြန္ုပ္လည္း ေသာက္လက္စ စီးကရက္တိုကို အနီးရွိေဆးလိပ္ခံခြက္ထဲü ထိုးေခ်လိုက္ရင္း-
“အစိေႏၲယ်” အစခ်ီတဲ့ ဘုရားရွိခိုးတယ္ေလဟာ။ ထိပ္ဆုံးက “အစိေႏၲယ်” ဆိုတာကိုပဲ ပုတီးစိပ္ရမယ္။ တစ္ေန႔ကို နင့္ရဲ့ သက္ေစ့ပုတီး အပတ္ေရရေအာင္ စိပ္ရမယ္။ ရက္ေပါင္းကလည္း နင့္ရဲ႕ သက္ေစ့ရက္ျပည့္ေအာင္ အဓိ႒ာန္ပုတီး စိပ္ရမယ္။ အဲဒီအဓိ႒ာန္နဲ႔အတူ ေနရာအတည္တက် ျမဲေအာင္၊ အိုးပိုင္အိမ္ပိုင္ ရေအာင္ ႀကိဳးစားေပေတာ့ေဟ့။” ဟု ေျပာျပလိုက္ရပါေလေတာ့သတည္း။ ထိုစကားကို ၾကားမွပင္ ကၽြန္ုပ္၏သူငယ္ခ်င္း မႏွင္းၾကည္မွာလည္း မ်က္ႏွာတြင္ ျပဳံးရိပ္သန္း ၾကည္လင္သြားကာ တကယ့္ မႏွင္းၾကည္ ျဖစ္သြားခဲ့ရ ပါေလေတာ့သတည္း။”
Credit: mm-homedecor
#Unicode#
တစ်နေ့တွင် ကျွန်ုပ်နေထိုင်ရာ လှိုင်မြို့နယ် ၊ အေးရိပ်မွန် ၁ လမ်းရှိနေအိမ်သို့ မနှင်းကြည်ဆိုသူ သူငယ်ချင်းတစ်ဦး ရောက်ရှိလာလေ၏။ နှင်းဆိုသည်မှာ အေးမြသည့် သဘာဝရှိသော်လည်း ကျွန်ုပ်၏ သူငယ်ချင်း မနှင်းကြည်မှာမူ အပူသောက၏ အရိပ်အယောင်များလွှမ်းမိုးနေသည်ကို သိသာစွာ မြင်တွေ့နေရ၏။ သူ၏မျက်နှာမှာလည်း မကြည်မလင် ဖြစ်နေလေ၏။
ကျွန်ုပ်သည် ၎င်းအား မနောမယ လက်ဖက်ရည်ဖြင့် ဧည့်ခံရလေ၏။ သူသည် လက်ဖက်ရည်ကို ငူငူကြီးဖြင့် တစ်ကျိုက်ခြင်း သောက်နေလေ၏။ ကျွန်ုပ်က..
“နင့်ဟာကလည်း – လက်ဖက်ရည်လေးက ကောင်းလိုက်တာဟယ်။ ကျေးဇူးတင်ပါတယ် လို့ လောကွတ်လေး လုပ်ဖော်တောင်မရဘူး” ဟု နောက်ပြောင်လိုက်လျှင်- မနှင်းကြည်သည် လက်ဖက်ရည်ခွက်ကို အောက်သို့ “ခွက်” ခနဲဆောင့်í ချလိုက်ပြီးနောက်..
“နင့်လက်ဖက်ရည် ကောင်းတာ၊ ဆိုးတာ အပထား။ ငါ့ဘဝက ဆားကို လျက်ရင်တောင် ငံမှန်း မသိနိုင်တော့ဘူးဟေ့။ အဲဒီလောက်အပူတွေများနေတာ” ဟု ညည်းညူ ပြောပါလေတော့၏။
ပြီးနောက် သူတို့မိသားစု စီးပွားအကြီးအကျယ် ပျက်သည့်အကြောင်း၊ အိမ်ထောင်လည်း ပျက်သွားပြီ ဖြစ်သည့်အကြောင်း၊ အထည်ကြီးပျက် ဆိုသည့် အခြေအနေကို လက်တွေ့ကြုံနေရသည့် အကြောင်းများကို ရင်ဖွင့်လေ၏။
“ ငါတော့ သတ်ပြီး သေရရင် ကောင်းမလား လို့ပဲ ခဏခဏ ကြံနေမိတော့တာပဲဟာ” ဟုလည်း ရေရွတ်လေ၏။ သူသည်ခေါင်းကို ငိုက်စိုက်ချလျက် ကြမ်းပြင်ကို သူ၏ လက်သည်းများဖြင့် အဓိပ္ပာယ်မဲ့ ကုတ်ခြစ်ရင်း ထိုစကားများကို ပြောနေရင်း ဖြစ်လေ၏။ စိတ်ဓာတ်လည်း အထူးကျဆင်းနေပုံ တွေ့မြင်ရလေ၏။ ကျွန်ုပ်က-
“နင့်ကို ငါပုံပြင်လေးတစ်ပုဒ် ပြောပြမယ်။ တစ်ခါတုန်းက ကမ္ဘာကျော် လက်ဝှေ့ချန်ပီယံကြီး တစ်ယောက်ဟာ ချန်ပီယံဘွဲ့ကို လက်လွှတ်လိုက်ရပြီးတဲ့နောက် စိတ်ဓါတ်အရမ်းကျသွားတယ်။ စိတ်တွေလေပြီး လေ့ကျင့်ခန်းတွေ ဘာတွေလည်း မလုပ်ဖြစ်တော့ဘူး။ သုံးဖြုန်းသောက်စားပြီး ဘဝကို ရေစုန်မျှောတဲ့ ဘဝမျိုး ရောက်သွားတယ်။
နောက်ဆုံး သူ့မှာ အိမ်တို့ ကားတို့၊ စီးပွားဥစ္စာ တို့လည်း ပြုတ်ပြုတ်ပြုန်းသွားပြီး၊ အသောက်သမားကြီးဘဝ ရောက်သွားပြီ။ သူ့လက်ထဲမှာ ပိုက်ဆံနဲနဲလေးပဲ ကျန်တော့တယ်။ အဲဒီပိုက်ဆံလေး ကုန်သွားရင် သူ့မှာဘာမှမရှိဘူး။
အဲဒီအချိန်မှာ မာစတာဘရိန်းဆိုတဲ့ ပညာရှင်တွေကို သူသွားပြီးသတိရမိတယ်။ အဲဒီပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေဟာ အံ့ဩစရာကောင်းလောက်အောင်ကိုပဲ အကျိုးထူးစေသတဲ့။ အဖြေလေးတစ်ခုအတွက် ဈေးကလည်း အရမ်းကြီးတယ်။
စိတ်ဓာတ်ကျနေတဲ့ လက်ဝှေ့ချန်ပီယံဟောင်းဟာ သူ့ရဲ့နောက်ဆုံး ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မာစတာဘရိန်း ဆီကို ရောက်သွားခဲ့တယ်။ မာစတာဘရိန်းက သူပြောသမျှတွေကို နားထောင်ပြီးတဲ့နောက် –
“ခင်ဗျား ပြန်ပြီး အောင်မြင်ဖို့၊ စိတ်ဓာတ်ခွန်အားတွေ ရှင်သန်နိုးကြား လာဖို့အတွက် အကောင်းဆုံး လမ်းညွှန်ပေးလိုက်မယ်။ ခင်ဗျားရဲ့ မွေးဇာတိရွာကလေးကို တစ်ပတ်ဆယ်ရက်လောက် ပြန်သွားလိုက်ပါ။”
မာစတာဘရိန်းရဲ့ လမ်းညွှန်ချက်က အဲဒါအကုန်ပဲ။ လက်ဝှေ့ချန်ပီယံ ဟောင်းကြီးကတော့ မကျေမချမ်းဖြစ်ပြီး –
“ခင်ဗျားကိုအထင်တကြီးနဲ့ အကြံဉာဏ် လာတောင်းတာ။ ခင်ဗျားနဲ့ တွေ့မှပဲ ရွာပြန်ရမလို ဖြစ်သွား ရတော့တယ်။ ကျုပ်ပြန်ပြီး အောင်မြင်ဖို့ အကြံဉာဏ် လာတောင်းတာဗျ။” လို့ တဖျစ်ဖျစ်တောက်နဲ့ ပြောတော့တာပေါ့။ ဒါပေမဲ့ မာစတာဘရိန်း ကလဲခုနကစကားကိုပဲ လေးနက်ယုံကြည်စွာ လိုက်နာဖို့ အတန်တန်တိုက်တွန်းတယ်။ သူပြောတာကို လိုက်နာရင် လက်ဝှေ့ချန်ပီယံ မုချပြန်ဖြစ်စေရမယ်လို့လည်း အခိုင်အမာ တာဝန်ယူသတဲ့။
အဲ့ဒါနဲ့ပဲ နောက်ဆုံးမှာ အခြားဘာမှ လုပ်စရာမရှိတော့တဲ့ လက်ဝှေ့ချန်ပီယံဟာ မာစတာဘရိန်းရဲ့ လမ်းညွှန်ချက်အတိုင်း ကားအစုတ်လေးကို ငှားပြီး သူ့မွေးရပ်ရွာကလေးကို ပြန်သွားခဲ့သတဲ့။
ရွာအဝင်နားကို ရောက်တော့ မြောင်းထဲမှာ ငါးဖမ်းနေတဲ့ သူ့သူငယ်ချင်းဟာ မီးခိုးတအူအူနဲ့ မောင်းလာတဲ့ ကားလေးကို တွေ့တော့ စူးစမ်းပြီးကြည့်ရင်း၊ လက်ဝှေ့ချန်ပီယံမှန်း သိသွားတဲ့အခါ ကားဆီကို အပြေးလာပြီး၊ ကားပေါ်ကို တွယ်တက်၊ လက်ဝှေ့ချန်ပီယံ ဟောင်းကြီးကို အတင်းဖက်၊ နောက်ကျောကို ရွံ့ပေနေတဲ့ လက်သီးဆုပ်ကြီးနဲ့ တအုန်းအုန်းထုရင်း-
“မသာကြီး၊ အခုမှပဲ ပေါ်လာတော့တယ်။ နင်က ကမ္ဘာ့လက်ဝှေ့ချန်ပီယံကြီး ဖြစ်သွားပြီ ဆိုပြီး ဘဝင်တွေ မြင့်သွားတာပေါ့လေ။ ဟုတ်လား။ မေ့ဦးဟာ မေ့ဦးဟာ။” ဆိုပြီး သူ့မှာ ပေနေတဲ့ ရွှံ့တွေနဲ့ ချန်ယီယံ ဟောင်းကြီးရဲ့မျက်နှာကို ဇွတ်အတင်း သုတ်သတဲ့။
ချန်ပီယံဟောင်းကြီးလည်း စိတ်ဓာတ်ကျ၊ အားငယ်နေတာတွေ ရုတ်တရက် ပျောက်သွားပြီး အပျော်ဓာတ်တွေ ဘွားကနဲ ပေါ်လာတော့တယ်။ ကားလေးကို တွန့်ဆုတ်ဆွန့်ဆုတ်နဲ့ မောင်းရင်း သူငယ်ချင်းစသမျှ၊ နောက်သမျှ၊ သူကလည်း တဟားဟားနဲ့ သဘောကျရင်း ကာလအတန်ကြာ ပြုံးရယ်ခြင်းကို မေ့လျော့ နေခဲ့ရာကနေ၊ သူ့မျက်နှာမှာ အပြုံးရိပ်၊ အပျော်ဓာတ်တွေ ပြန်ပေါ်လာခဲ့သတဲ့။
ရှေ့နားနည်းနည်းလေး ရောက်သွားတော့၊ လမ်းဘေးမှာလယ်ထွန်နေတဲ့ ငယ်သူငယ်ချင်းတွေ၊ လမ်းဖို့နေတဲ့ ငယ်သူချင်းတွေနဲ့ ပါတွေ့ပြီး သူ့ကားစုတ်လေးပေါ်ကို တပြုံကြီး ဝိုင်းတက်လာကြတယ်။ ပါးစပ်တွေကလည်း ရှေးဟောင်းနှောင်းဖြစ်တွေကို အလုအယက် အကျယ်ကြီး ပြောကြ၊ ငယ်ကျိုးငယ်နာတွေ ဖော်ကြနဲ့ လက်ပံပင်ဆက်ရက်ကျသလို ဖြစ်နေတော့သတဲ့။
ရွာထဲကို ဝင်လာတော့လည်း ဆူဆူညံညံ အသံကြားလို့ ထွက်ကြည့်ကြတဲ့သူ၊ ဆွေမျိုးတွေ၊ ငယ်သူငယ်ချင်းတွေ ကလည်း ချန်ပီယံဟောင်းကြီး ရွာကို အလည်လာတယ်ဟေ့ ဆိုပြီး ထမင်းချက် နေတဲ့သူကလည်း ယောက်မကြီးကိုပစ်ချ၊ အဝတ်လျှော်နေတဲ့သူကလည်း လျှော်လက်စအဝတ်တွေကိုပစ်ချပြီး ကားစုတ်လေးဆီကိုပြေးလာကြသတဲ့။
သူ့ကိုအပြင်မှာ မတွေ့ဖူးတဲ့ ကလေးတွေကလည်း “ချန်ပီယံ၊ ချန်ပီယံ” လို့ အားရပါးရ အော်ဟစ်နေကြတာ မိုးတောင် ပွင့်မတတ်ပါပဲတဲ့။ ချန်ပီယံကြီးလည်း ဟက်ဟက်ပက်ပက်၊ တဟားဟားနဲ့ ရယ်ရင်း၊ အပျော်ကြီးပျော်နေပြီ။
အဲဒီမှာ သူသဘောပေါက်လိုက်တာက ကမ္ဘာ့ ကြိုးဝိုင်းစင်မြင့်ပေါ်မှာ သူဘယ်လောက်ပဲ ချန်ပီယံဘွဲ့ကို လက်လွှတ်လိုက်ရပေမယ့် သူ့ဇာတိရွာလေးကတော့ဖြင့်၊ သူ့ကိုတစ်သက်တာလုံး ကမ္ဘာတည်နေသမျှ ချန်ပီယံကြီးလို့ပဲ သတ်မှတ်ထားပါလား၊ သူဟာ အမြဲတမ်းချန်ပီယံဖြစ်နေပါလားလို့ သဘောပေါက်သွားတယ်။
ဒီရွာလေးကထွက်သွားပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်သွားတဲ့သူကို အကြောင်းပြုပြီး ဒီရွာလေးက ဂုဏ်ယူလို့မဆုံး ဖြစ်ရတဲ့အတွက် ကမ္ဘာကြီးပေါ်မှာ ဘယ်သူတွေကဘယ်လောက်ပဲ သူ့ကိုကဲ့ရဲ့နှိမ့်ချနေပါစေ၊ အထင်တွေသေးနေစမ်းပါစေ။ သူ့ရွာကလေးကတော့ သူ့ကို ဂုဏ်ယူလို့မဆုံးဖြစ်နေဦးမှာပါလားဆိုတာကိုလည်း သဘောပေါက်သွားတယ်။
အဲဒီအတွက် သူ့မွေးဇာတိက ရွာသူရွာသားတွေ ပျော်ရွှင်ကြည်နူး ဝမ်းမြောက်ဂုဏ်ယူနိုင်ဖို့အတွက် သူ့ဘက်ကလည်း ပြန်လည်ပေးဆပ်ကြိုးစားဖို့ လိုပါလားဆိုတာကိုပါ သဘောပေါက်သွားတယ်။
အချိန်ပိုင်းလေးအတွင်းမှာပဲ လက်ဝှေ့ချန်ပီယံဟောင်းကြီးရဲ့ ခံစားချက်တွေပြောင်းပြန်ဖြစ်သွားတယ်။ ငယ်ငယ်က စိတ်ဓာတ်ခွန်အားမျိုးတွေ၊ မျှော်လင့်ခြင်းမျိုးတွေနဲ့ ပြန်ပြီးနိုးကြားတက်ကြွ လန်းဆန်းသွားတယ်။ အဲဒီမှာတင်ပြန်ပြီးကြိုးစားလိုက်တာ ကမ္ဘာ့လက်ဝှေ့ချန်ပီယံဘွဲ့ကို ပြန်ပြီးအရယူနိုင်ခဲ့သတဲ့။
ငါပြောချင်တဲ့ပုံပြင်လေးကတော့ အဲဒါပါပဲ။ အဲဒီတော့ နင့်ကိုလည်း မာစတာဘရိန်းလို လမ်းညွှန်ရရင်တော့ ရွာကိုပြန်ပေတော့ မနှင်းကြည်ရေ” ဟုပြောပြလိုက်ရာ ပူပြီး နောက်နေပုံရသော မနှင်းကြည်သည် ယခုမှ မနှင်းကြည် ပြန်ဖြစ်သွားခဲ့ရလေတော့၏။
“ဟုတ်ပါ့နော်၊ ငါလဲဆင်းရဲသူ၊ ဆင်းရဲသားဘဝကလာခဲ့တာပဲဟာ။ အခုအခြေအနေမှာ ငါက မူရင်းဘဝလောက်တောင် ပြန်နိမ့်မသွားသေးပါဘူး။ မြတ်တောင်မြတ်နေတုန်းပဲ။ အဲဒီလိုပြောပြပေးတဲ့အတွက် နင့်ကို ကျေးဇူးတင်ပါတယ်။ စောစောတုန်းက ဘာမှန်းမသိလိုက်တဲ့ နင့်ရဲ့ လက်ဖက်ရည်လေးကလည်း ခုမှ ကောင်းသွားတာဟ။ တော်တော်ကောင်းတဲ့ လက်ဖက်ရည်ပဲ” ဟု ပြောပြောဆိုဆိုနဲ့နဲ့ပဲ လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်ဖင်ကပ်ကို ပါးစပ်ဟခံရင်း ပြောလေတော့၏။ ပြောရင်းလည်းရယ်လေ၏။ ထိုအခါကျမှပင် ကျွန်ုပ်တို့၏စကားဝိုင်းမှာလည်း ရယ်သံမောသံများ စတင်ပေါ်ထွက်လာပါလေတော့၏။
ထို့နောက်တွင်မှ- မနှင်းကြည်က
“နင့်ဆီက လက်ဝှေ့ချန်ပီယံဟောင်းနဲ့ မာစတာဘရိန်းပုံပြင်ကိုကြားရတာ အရမ်းကောင်းပါတယ်။ ဗေဒင်ဆရာအဖြစ်နဲ့ ပြောပေးပါဦး။ အခုတလော ငါ့မှာအရေးကြီးဆုံးက အိမ်ဒုက္ခပဲ။ အိုးပိုင်အိမ်ပိုင်မရှိတော့ အရမ်းဒုက္ခရောက်တယ်ဟာ။ အိမ်ငှားဘဝမှာလည်း ဟိုပြေးသည်းပြောင်းနဲ့ အရမ်းဒုက္ခရောက်တာ။
အဲဒီတော့အိမ်မပိုင်ခင်မှာလည်း နေရာလေးအတည်တကျမြဲချင်တယ်။ ပြီးတော့အိမ်ပိုင်လေးလည်း လိုချင်တယ်ဟာ။ ဗေဒင်ဆရာအဖြစ်နဲ့ ကူညီပါဦး။” ဟု ပူဆာပြန်ပါလေ၏။
ကျွန်ုပ်လည်း သောက်လက်စ စီးကရက်တိုကို အနီးရှိဆေးလိပ်ခံခွက်ထဲü ထိုးချေလိုက်ရင်း-
“အစိန္တေယျ” အစချီတဲ့ ဘုရားရှိခိုးတယ်လေဟာ။ ထိပ်ဆုံးက “အစိန္တေယျ” ဆိုတာကိုပဲ ပုတီးစိပ်ရမယ်။ တစ်နေ့ကို နင့်ရဲ့ သက်စေ့ပုတီး အပတ်ရေရအောင် စိပ်ရမယ်။ ရက်ပေါင်းကလည်း နင့်ရဲ့ သက်စေ့ရက်ပြည့်အောင် အဓိဋ္ဌာန်ပုတီး စိပ်ရမယ်။ အဲဒီအဓိဋ္ဌာန်နဲ့အတူ နေရာအတည်တကျ မြဲအောင်၊ အိုးပိုင်အိမ်ပိုင် ရအောင် ကြိုးစားပေတော့ဟေ့။” ဟု ပြောပြလိုက်ရပါလေတော့သတည်း။ ထိုစကားကို ကြားမှပင် ကျွန်ုပ်၏သူငယ်ချင်း မနှင်းကြည်မှာလည်း မျက်နှာတွင် ပြုံးရိပ်သန်း ကြည်လင်သွားကာ တကယ့် မနှင်းကြည် ဖြစ်သွားခဲ့ရ ပါလေတော့သတည်း။”
Credit: mm-homedecor