ဗဟုသုတ | Posted by ရွှေစင်ဝင်း
ပြည်ပသို့ သွားရောက်အလုပ်လုပ်ရန်မှာ များစွာသောသူတို့၏ အိပ်မက်တစ်ခုဖြစ်သည်။
ဝင်ငွေပိုမိုရရှိနိုင်ခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းသစ်များနှင့် ထိတွေ့ခွင့်ရခြင်း၊ ပိုမိုကောင်းမွန်သော အနာဂတ် ဖန်တီးနိုင်ခြင်း အစရှိသောအချက်များကြောင့် ဖြစ်သည်။
ပြည်ပတွင် အလုပ်လုပ်ရန်ဆိုလျှင် အများစုမှာ ရုံးအလုပ်ကိုသာ တွေးကြသော်လည်း ကျွမ်းကျင်လုပ်သားများမှာ ဝင်ငွေမြင့်မားစွာရရှိနေမှုများလည်း ရှိသည်။
TikTok လူမှုကွန်ရက်တွင် @gamispukak အကောင့်ဖြင့် သုံးစွဲသော မလေးရှားအမျိုးသားတစ်ဦး၏ ဖြစ်ရပ်ကို ကြည့်နိုင်သည်။
ထိုအမျိုးသားက ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်ရပုံ အတွေ့အကြုံများကို မျှဝေပြောပြထားသော ဗွီဒီယိုဖိုင်တစ်ခုကို TikTok လူမှုကွန်ရက်တွင် မကြာသေးမီက တင်ခဲ့ရာ လူအများ ဆွေးနွေးစရာ အကြောင်းရပ် ဖြစ်လာသည်။
ထိုဗွီဒီယိုထဲတွင် ၎င်းက တစ်ရက်လျှင် ၂၀၂ ဒေါ်လာခန့်ရကြောင်း၊ ဗြိတိန်တွင် ကျွမ်းကျင်ပန်းရံဆရာတစ်ဦးမှာ အနည်းဆုံး ၁၄၆ ပေါင် (၁၈၃ ဒေါ်လာ) ခန့်မှ စတင်ရရှိကြောင်း ၎င်းက ပြောပြထားသည်။
ဗွီဒီယိုထဲတွင် ထိုအမျိုးသားက အလုပ်လုပ်ကိုင်နေပုံကို ရိုက်ကူးပြသထားရာ အုတ်စီခြင်း၊ ဘိလပ်မြေ အစအနများ ရှင်းထုတ်ခြင်း၊ level တိုင်းခြင်းကဲ့သို့ လုပ်ဆောင်မှုများ ပါဝင်သည်။
သူ၏ ဗွီဒီယိုတွင် စိတ်ဝင်စားဖွယ် ကောင်းသည့်အချက်တစ်ခုကို ပြောပြထားရာ မလေးရှားနိုင်ငံ၊ Sabah တွင် သင်တန်းကျောင်းတစ်ခုရှိကြောင်း ပြောပြခဲ့မှု ဖြစ်သည်။
အဆိုပါသင်တန်းကျောင်းတွင် ဗြိတိန်ရှိ ကုမ္ပဏီကြီးများတွင် အလုပ်လုပ်နိုင်ရန် ပြည်တွင်းမှ အရည်အချင်းရှိသူများကို လေ့ကျင့်သင်ကြားပေးသည်။
သင်တန်းဆင်းများသည် ဗြိတိန်သာမက ကမ္ဘာတဝန်းတွင် အလုပ်လုပ်နိုင်မည့် အသက်မွေးဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်သူများ ဖြစ်လာကြသည်။
သူ၏ TikTok ဗွီဒီယိုမှာ မလေးရှားနိုင်ငံသားများအကြား များစွာပျံ့နှံ့ခဲ့သည်။
ထိုအမျိုးသား ရရှိသော လုပ်ခအပေါ် လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက အံ့အားသင့်စွာ မှတ်ချက်ပြုသည်။
“အိုး..လစဉ် လုပ်ခလစာက ဒေါ်လာ ၅၁၀၀ ကျော်ပါလား” ဟု မှတ်ချက်ပြုရာ ထိုအမျိုးသားက “အလုပ်ကြိုးစားရင် အဲဒါထက်တောင် ပိုရတယ်” ဟု Reply ပြန်သည်။
(ဓာတ်ပုံ-screenshot via TikTok/@gamispukak)
အဆိုပါ ဗွီဒီယိုကို ကြည့်ရှုရသူများစွာမှာ လုပ်ခများပြားမှုကို အားကျလျက်ရှိပြီး ၎င်းတို့နှင့်အတူ မိသားစု၏ ဘဝများကို ပြောင်းလဲနိုင်စေရန်အတွက် ပန်းရံဆရာအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်လိုကြောင်း မှတ်ချက်ပြုသူ များပြားနေသည်။
သို့သော် ဗွီဒီယိုတင်သူ အမျိုးသားက ပြောသည်မှာ ယခုလုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်လိုသူများအနေဖြင့် တစိုက်မတ်မတ်ကြိုးစားမှုနှင့် သင့်တော်သည့်လေ့ကျင့်သင်ကြားမှုတို့ လိုအပ်ကြောင်း ပြောသည်။
ထို့အပြင် ပြည်ပတွင် အလုပ်လုပ်ကိုင်ရခြင်း၏ စိန်ခေါ်မှုများကိုလည်း ၎င်းက ထောက်ပြရာ အခွန်နှင့် လူနေမှုစရိတ် ကြီးမြင့်မှုတို့ ပါဝင်သည်။
သို့သော် အတွေ့အကြုံရှိ လုပ်သားတို့က မှတ်ချက်ပြုသည်မှာ ကုမ္ပဏီများစွာသည် နေထိုင်ရေးနှင့် စားသောက်ရေးတို့ကဲ့သို့ အခြေခံလိုအပ်ချက်များ ပံ့ပိုးပေးသည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: M’sian Man Earns RM900 Daily As Bricklayer In The UK, Allowing Him To Earn RM23,000 Per Month (weirdkaya) Photo Credit- screenshot via TikTok/@gamispukak