ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား သတိထားစရာများ

ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြား သတိထားစရာများ - Property Knowledge in Myanmar from iMyanmarHouse.com
17 Sep 2018 12:56 pm တွင် တင်ခဲ့သည်
2917 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

နည်း(၂)မျိုး

အဆောက်အဦးများကို ကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့သည်အောက်ပါနည်း (၂)မျိုးဖြင့် ဆောင်ရွက်တတ်ကြပါသည်။ ၁။ မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ အခန်းပေးအခန်းယူဆောက်လုပ်ခြင်း။ ၂။ မြေပိုင်ရှင်ကမိမိပိုင်မြေပေါ်တွင် မိမိပိုင်အဆောက်အဦးအား မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာ အားငှားရမ်းဆောင်ရွက်ခြင်း၊ (တနည်းအားဖြင့်)P.A.E စနစ်(Per Area Estimation ) အဆောက်အဦး၏တစ်ယူနစ်ဧရိယာခန့်မှန်းတွက်ချက်ပြီးစိစစ်လက်ခံသည့်စနစ်တို့ဖြစ်ပါသည်။

ခံစားခွင့်များ

မြေပိုင်ရှင်နှင့်ကန်ထရိုက်တာတို့နှစ်ဦးသဘောတူ အခန်းပေးအခန်းယူဆောက်လုပ်ကြရာတွင် အဆောက်အဦးတစ်လုံး အတွက်ကုန်ကျစရိတ်ကို ကန်ထရိုက်တာကအကုန်အကျခံဆောက်လုပ်ရပြီး မိမိခံစားပိုင်ခွင့်ရသည့်အခန်းများကိုကြိုတင်အရစ်ကျရောင်းချခြင်း၊အခန်းဆောက်လုပ်ပြီးမှရောင်းချခြင်းများဖြစ်ပါသည်။

P.A.E စနစ်မှာထိုသို့မဟုတ်ပါ၊မြေပိုင်ရှင်မှ မိမိပိုင်မြေပေါ်တွင် မိမိပိုင်ငွေကြေးဖြင့်ကန်ထရိုက်တာအား အဆောက်အဦး၏တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးကိုကန်ထရိုက်တာမှတွက်ချက်၍အဆောက်အဦးတစ်ခုလုံး အပြီးအစီးငွေကျပ်မည်၍ မည်မျှကုန်ကျမည်၊ရယူမည်ဆိုသည်ကိုမြေပိုင်ရှင်ဘက်မှလက်ခံပြီးအဆောက်ဦးဆောက်လုပ်ခွင့် ပါမစ်ရ၍စတင်မြေတူးသည့်နေ့တွင် %မည်၍မည်မျှကိုလည်းကောင်း၊ပထမထပ်ကြမ်းခင်းပြီးလျှင် %မည်၍မည်မျှကိုလည်းကောင်း၊အဆောက်အဦးအမိုးမိုးပြီးလျှင် %မည်၍မည်မျှကိုလည်းကောင်း၊အဆောက်အဦးအားသတ်မှတ်စံချိန်စံညွှန်း၊ သတ်မှတ်ခွင့်ပြုသည့်ပုံစံအတိုင်း အဆောက်အဦးပြီးဆုံးကြောင်း သက်သေခံလက်မှတ်(ဘီစီစီ)(Building complicateCertificate ) ရလျှငf %မည်၍မည်မျှကို မြေပိုင်ရှင်က ကန်ထရိုက်တာအား ငွေပေးချေရသည့်စံနစ်ဖြင့်အဆောက်အဦးဆောက်လုပ်ခြင်း ဖြစ်ပါသည်။ကန်ထရိုက်တာအနေဖြင့်အဆောက်အဦးနှင့် ပတ်သက်၍ခံစားခွင့်မရှိပါ။

သတိပြုစရာများ

အခန်းပေးအခန်းယူစနစ်ဖြင့်ဆောက်လုပ်ရာတွင် ကန်ထရိုက်တာများသည်ကြိုတင်ငွေပေးချေမှုစနစ်ဖြင့်မိမိရပိုင်ခွင့်ရှိသည့်တိုက်ခန်းများအားလုံးကိုဖြစ်စေ၊ အားလုံးနီးပါးကိုဖြစ်စေ၊ရောင်းချနေပြီဆိုလျှင်မြေပိုင်ရှင်များဘက်မှစာချုပ်များတွင် အသိအမှတ်ပြုလက်မှတ် မထိုးပေးရန်သတိပြုဘို့အထူးလိုအပ်ပါသည်။

ကန်ထရိုက်တာအနေဖြင့်အရောင်းစာချုပ်၊ စရန်ပေးစာချုပ်တို့ချုပ်ပေး၍အတိုးဖြင့်ငွေချေးယူတတ်ခြင်း၊အမှန်ရောင်းချလျှင်လည်းရပိုင်ခွင့်ဆက်လက်မကျန်ရှိ၍ အဆောက်အဦးအားပဋိညာဉ်ပါအတိုင်းပြီးဆုံးအောင်မဆောင်ရွက်ဘဲရှောင်တိန်းထွက်ပြေးနိင်ပါသည်။ မြေပိုင်ရှင်အနေဖြင့်လက်မှတ်ရေးထိုးပေးမိလျှင်ကန်ထရိုက်တာထံမှအခန်းကြိုဝယ်သူများမှ ကန်ထရိုက်တာနှင့်အတူပူးတွဲတရားစွဲဆိုခြင်းခံရမည်ဖြစ်ပါသည်။

ထို့အပြင်ကန်ထရိုက်တာသည်အခန်းတစ်ခန်းတည်းကို နှစ်ဦးသို့မဟုတ်သုံး/လေးဦးတို့ကိုဆင့်ကဲဆင့်ကဲရောင်းချတတ်၍မြေပိုင်ရှင်အနေဖြင့် ကန်ထရိုက်တာအားအားနာမှု ယုံကြည်မှုတို့ဖြင့် လက်မှတ်ထိုးပေးမိပါက ကန်ထရိုက်တာ၏အရှုပ်ထဲ ကိုယ်ပါ "ပဲလှော်ကြားဆားညပ်တတ်ပါသည်"။သက်ဆိုင်ရာYCDC မှဆောက်လုပ်ခွင့်ပါမစ်ကျပြီးနောက် အဆောက်အဦးမဆောက်သေးဘဲအခန်းများကိုကြိုတင်၍အောက်ဈေးဖြင့်ရောင်းချနေသည့်ကန်ထရိုက်တာများဆိုလျှင် သတိနှင့်ကြပ်မှတ်သင့်ပါသည် ထွက်ပြေးတိမ်း ရှောင်နိင်ပါသည်။

တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ လိုင်စင်အငှားဖြင့်ဆောက်လုပ်သည့်ကန်ထရိုက်တာများ လည်း ရှိပါသည်။ထိုသို့ လိုင်စင်အငှားနှင့်ဆောက်မည့်ကန်ထရိုက်တာနှင့်ဆိုလျှင် လိုင်စင်ပိုင်ရှင်ကန်ထရိုက်တာကိုပါစာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားရန်လိုအပ်ပါသည်။

PAE စနစ်ဖြင့်ဆောက်လုပ်သောမြေပိုင်ရှင်များအဖို့ လိုင်စင်ရအင်ဂျင်နီယာတစ်ဦးနှင့်စံချိန်စံညွှန်းများကိုအမြဲမပြတ် စစ်ဆေးသင့်ပါသည်။

ကန်ထရိုက်တာအနေဖြင့်အဆောက်အဦး၏တစ်ယူနစ်ဧရိယာအပေါ်ခန့်မှန်းတန်ဘိုးတွက်ချက်ရယူ ဆောက်လုပ်ခြင်း၊ (တနည်းအားဖြင့်) ပုတ်ပြတ်စနစ် ဖြစ်ခြင်း၊(တစ်နည်းအားဖြင့်) မြန်မာအခေါ်တန်စား၊ပေစားစနစ်ဖြစ်သည့်အတွက်ကန်ထရိုက်တာတို့အနေဖြင့်မိမိတို့အတွက် ပိုမိုအကျိုးအမြတ်ရစေရန်အဆောက်အဦးတွင် အသုံးပြုမည့်ပစ္စည်းများ၏ အရည်အသွေးအပေါ်ခို၍ ဆောက်လုပ်တတ်ကြပါသည်။ (မကြာခဏကန်ထရိုက်တာနှင့်မြေပိုင်ရှင်တို့အကြားအထက်ပါအချက်များအပေါ်သတိမထားမိကြဘဲ အမှုများဖြစ်ပွားတတ်သောကြောင့် ဆောင်ရန်၊ရှောင်ရန်တင်ပြရခြင်းဖြစ်ပါသည်။)

 

Credit - ဥပဒေ ဗဟုသုတ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service