ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းဖော်ဆောင်ရန် အဆိုပြုလွှာဖိတ်ခေါ်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းဖော်ဆောင်ရန် အဆိုပြုလွှာဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
15 Aug 2018 10:45 am တွင် တင်ခဲ့သည်
2305 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မြေ ၁၈၃ ဧက၌ အကောင်အထည်ဖော်မည့်
နိုင်ငံ့ဝန်ထမ်း အိမ်ရာစီမံကိန်းကို စိတ်ဝင်စားသည့် ကုမ္ပဏီများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံပိုင်သတင်းစာများတွင် အဆိုပြုလွှာဖိတ်ခေါ်ထားသည်။

စီမံကိန်း၌ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းအိမ်ရာများအပြင် စီးပွားရေးဆိုင်ရာ အဆောက် အအုံများ၊ ဈေးဝယ်စင်တာအဆင့် မြင့်လူနေအိမ်ရာများနှင့် ယာဉ်ရပ်နားနေရာများကို ဖော်ဆောင်မည်ဖြစ်၍ စိတ်ဝင်စားသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအား ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု တိုင်းအစိုးရ က ဆိုသည်။

တိုင်းအစိုးရ၏ တင်ဒါအ ကြောင်း အသေးစိတ်မေးမြန်းရန် ဖော်ပြထားသည့် ဖုန်းနံပါတ်သို့ ဆက်သွယ်ရာတွင် ‘‘အသေးစိတ် ကို ဖြေကြားလို့မရဘူး။ အပေါ်က ဆရာများ ညွှန်ကြားချက်အတိုင်း လုပ်ပေးနေရတာပါ ’’ ဟု ဖုန်းလက်
ခံဖြေကြားသူကပြောသည်။

စိတ်ဝင်စားသည့် ကုမ္ပဏီ များသည် အိတ်ပိတ်အဆိုပြုလွှာ ကို စက်တင်ဘာ ၇ ရက်တွင် ပြန်လည်တင်ပြရမည်ဟု တိုင်းအစိုးရ က ကြေညာထားသည်။

‘‘ တိုင်းအစိုးရက ရှင်းပြထား တာတော့ လူတန်းစားပေါင်းစုံနေ နိုင်အောင် လုပ်တယ်လို့ ဆိုထား တယ်။ ကျွန်တော့်အမြင်ပြောရရင် ဒဂုံမြို့သစ်အတွက် ဒါတွေက လို အပ်ပါတယ်။ အငှားအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာလိုဟာမျိုးတွေက အလုပ်သမားတွေအတွက် လိုအပ်ပါတယ် ’’ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောသည်။

မြို့သစ်စီမံကိန်းအပြင် ရှိရင်းစွဲ မြို့သစ်များဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် သမ္မတ၏လမ်း ညွှန်မှုကို တိုင်းအစိုးရက အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါစီမံကိန်းသည် တိုင်း အစိုးရက ၂၀၁၈ မေလတွင် လွှတ်တော်သို့ တင်ပြခဲ့သည့် ကျပ်ဘီလီ ယံ ၁,၀၀၀ ကျော်တန်ဖိုးရှိ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းများအနက်မှ တစ်ခုဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံမြေများ ဝယ်ယူလျက်ရှိ...

တူရကီတွင် ငလျင်ကြောင့် စိတ်ခြောက်ခြားခဲ့သော အမျိုးသားကြီးက လှိုဏ်ဂူထဲတွင် ပုန်းခိုနေထိုင် လျက်ရှိနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်...

ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ...

[အင်္ဂလန်ရဲ့ ဈေးအသက်သာဆုံးအိမ်] အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေးလျှော့ပေးလာ...

ဇနီးဖြစ်သူ၏အလောင်းနှင့်အတူ နေထိုင်နေသော ထပ်ဆင့်အော်စကာဆုရှင် Gene Hackman ကို နယူးမက္ကဆီကိုပြည်နယ်ရှိ ဒေါ်လာ ၄ သန်းတန် နေအိမ်အတွင်း ပုပ်ပွသေဆုံးလျက်တွေ့ရှိ၊ အာဏာပိုင်တို့က ၎င်းတို့ဇနီးမောင်နှံ သေဆုံး...

စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုကွန်ရက်တွင် ကြေညာ...

မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျိုးသမီးတစ်ဦးက ၎င်းဝယ်ယူထားသည့် စာအုပ်များအား အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့ပုံဖြစ်ရပ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က...

တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားပျံ့နှံ့...

အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင် ၁,၀၀၀,၀၀၀ ဖြင့် ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုက

အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

အိန္ဒိယတွင် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ထုတ်ကာ AI နည်းပညာဖြင့် အစားထိုးခဲ့သော လုပ်ငန်းရှင် တစ်ဦးက ၎င်း၏ အတွေ့အကြုံအား ထ

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသောကြောင့် လာမည့် ဧပြီလမှ စတင်ပြီး တိုကျိုတွင် ရက်သတ္တပတ်လျှင် ၄ ရက်သာ ရုံးတက်ရက်အဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service