[အင်္ဂလန်ရဲ့ ဈေးအသက်သာဆုံးအိမ်] အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

[အင်္ဂလန်ရဲ့ ဈေးအသက်သာဆုံးအိမ်] အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
11 Mar 2025 10:17 am တွင် တင်ခဲ့သည်
348 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်တွင် အိပ်ခန်း ၃ ခန်း၊ ခုံးထွက်ပြတင်းများ၊ ရှုခင်းအလှများပိုင်ဆိုင်ထားသော အိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

တည်နေရာမှာ ဟမ့်ပ်ရှိုင်းယား ကောင်တီ၊ New Forest ခရိုင်တွင် ဖြစ်သည်။

အမျိုးသားစာရင်းအင်းရုံးမှ အချက်အလက်များအရ New Forest ခရိုင်တွင် ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ပျမ်းမျှအိမ်ဈေးမှာ ပေါင် ၃၈၉၀၀၀ ဖြစ်သည်ဟု ဆိုသည်။

(▲ bowling green ကစားကွင်း၏ စိမ်းလန်းသောရှုခင်းများ တွေ့မြင်ရသည်။ ဓာတ်ပုံ-Mitchells Estate Agents, New Milton)

(▲ New Forest ခရိုင်၊ New Milton ဈေးမြို့လေး၏ မြိ့လယ်တွင် တည်ရှိသည်။ ဓာတ်ပုံ-Mitchells Estate Agents, New Milton)

(▲ ပြန်လည်မွမ်းမံဆောက်လုပ်နိုင်သည့် အလားအလာရှိသည်။ ဓာတ်ပုံ-Mitchells Estate Agents, New Milton)

Whitefield လမ်းရှိ နေအိမ်ထဲသို့ ဝင်လိုက်သည်နှင့် သစ်ကြမ်းခင်းက ဆီးကြိုနေမည် ဖြစ်သည်။

မြေညီထပ်တွင် နေအိမ်ရှေ့ကို တွေ့မြင်ရသော ကြီးမားသည့် ခုံးထွက်ပြတင်းကြီးများပါသော နားနေခန်း/ညစာစားခန်း ရှိသည်။

မီးဖိုဆောင်တွင် နံရံကပ်နှင့် အောက်ခြေဗီရိုအံများပါဝင်ပြီး အိမ်ပြင်သို့ထွက်သည့် တံခါးပေါက်တစ်ခု ရှိသည်။

အောက်ထပ်တွင် အိပ်ခန်းနှင့်၊ ရေချိုးခန်းတစ်ခန်းလည်းပါဝင်ပြီး အိပ်ခန်းတွင်လည်း သစ်ကြမ်းခင်းများ ဖြစ်သည်။

အပေါ်ထပ်တွင် အခြား နားနေခန်း/ညစာစားခန်းတစ်ခုရှိပြီး bay window ကြီးတစ်ခုပါဝင်ကာ အပြင်ဘက်ဆီရှိ bowling green ၏ စိမ်းလန်းသောရှုခင်းများကို တွေ့မြင်နေရသည်။

မီးဖိုဆောင်နှင့် double bedroom တို့တွင် built-in storage နေရာများ ပါသည်။

အနီးတွင် ရထားဘူတာရုံ ၂ ခုရှိရာ ၁ ဒသမ ၄ မိုင်အကွာတွင် New Milton ဘူတာနှင့် ၂ ဒသမ ၅ မိုင်အကွာတွင် Sway ဘူတာရုံတို့ ဖြစ်သည်။

New Milton မြို့လယ်တွင် တည်ရှိသော ယခုအိမ်မှာ အလုံးစုံပြန်လည်ပြုပြင်မှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ရောင်းချပေးမည့် ကုမ္ပဏီဖြစ်သည့် Mitchells အကျိုးဆောင်ကုမ္ပဏီက ပြောသည်။

ယခုနေအိမ်ကို ကြမ်းခင်းဈေး ၁ ပေါင် သတ်မှတ်ထားပြီး ချိတ်ပိတ် တင်ဒါဖြင့် ရောင်းချသွားမည်ဖြစ်ကာ ဝယ်ယူလိုသူတို့အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက် မွန်းတည့်ချိန်မတိုင်မီ နောက်ဆုံးထားကာ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း Mitchells က ထုတ်ပြန်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: CHEAP STREET-Britain’s cheapest home with 3 bedrooms, huge bay windows & spectacular views goes on sale for just £1 Photo Credit- Mitchells Estate Agents, New Milton

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...

[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...

တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ

တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်

MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service