မြန်မာ့အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အများဆုံး မြှုပ်နှံမှုကဏ္ဍအဖြစ် ရပ်တည်နေ

မြန်မာ့အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အများဆုံး မြှုပ်နှံမှုကဏ္ဍအဖြစ် ရပ်တည်နေ - Property News in Myanmar from iMyanmarHouse.com
14 Aug 2018 11:52 am တွင် တင်ခဲ့သည်
1641 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍမှာ (၃)လအတွင်း နိုင်ငံခြားသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁၂၄၄.၈၁၉)သန်း အပါအဝင် ကျပ် (၄၁၆၂)ဘီလျံကျော်အထိ ရှိနေပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ (၂၃)ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံထားတဲ့ ကဏ္ဍဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

၂၀၁၈ ခုနှစ် ဧပြီ၊ မေနဲ့ ဇွန် သုံးလအတွင်း နိုင်ငံသားတွေရဲ့ ရင်းနှီးမြှုပ်နှံထားမှု အခြေအနေကို လေ့လာကြည့်ပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ဒေါ်လာ (၂၆၁၂.၆၂၈)သန်း အပါအဝင် ကျပ် (၃၀၁၆)ဘီလျံကျော်အထိ မြှုပ်နှံကာ စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုရဲ့ (၁၇)ရာခိုင်နှုန်းကျော်အထိရှိကာ ဒုတိယအများဆုံး မြှုပ်နှံထားတဲ့ ကဏ္ဍဖြစ်သည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဒေါ်လာ (၂၂၅၄.၀၂၃)သန်း အပါအဝင် ကျပ် (၂၈၄၆)ဘီလျံကျော်အထိ မြှုပ်နှံထားကာ စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုရဲ့ (၁၆.၂၅)ရာခိုင်နှုန်းအထိရှိကာ တတိယအများဆုံး မြှုပ်နှံထားတဲ့ ကဏ္ဍဖြစ်ပါတယ်။ ဘဏ္ဍနှစ် ကြားကာလ (၄)လအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အနေနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၆၅)ခုအထိ ခွင့်ပြု၊

အတည်ပြုပေးထားမှုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် (၈၁၃)ဘီလျံကျော်အထိရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ်က ' ၂၀၁၈ ခုနှစ် ဧပြီလမှ ဇွန်လအထိ ခွင့်ပြု၊ အတည်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆၅)ခု၊ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၁၆၇.၃၀၀)သန်း အပါအဝင် ကျပ် (၇၈၃.၁၄၂)ဘီလျံကျော် ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ (၁၆၈.၄၄၈)သန်း အပါအဝင် ကျပ် (၈၁၃.၁၈၃)ဘီလျံအထိ ခွင့်ပြုထားပြီး ဖြစ်ပါတယ် ' လို့ ပြောကြားပါတယ်။ အဆိုပါ ခွင့်ပြု၊ အတည်ပြုလုပ်ငန်း (၁၅)ခုမှာ စက်မှုကဏ္ဍ(၃)ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ(၃)ခု၊ ဟိုတယ်ကဏ္ဍ(၄)ခု၊ လယ်ယာကဏ္ဍတွင် (၁)ခုနဲ့ အခြားကဏ္ဍ (၄)ခု စသဖြင့် အသီးသီးခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ယင်းကဲ့သို့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁၅)ခုကို ခွင့်ပြု၊ အတည်ပြုပေးခဲ့ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၃၀၀)ကျော်အထိ ဖန်တီးပေးနိုင်ခဲ့ကြောင်း Myanmar Builders Guide က သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လန်ဒန်မြို့တော်ကောင်စီက အိမ်ရာမဲ့များကို မြို့တွင်းမှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးရန်အတွက် ပေါင် သန်း ၁၄၀ ဖိုး အိမ်ခြံမြေများ ဝယ်ယူလျက်ရှိ...

တူရကီတွင် ငလျင်ကြောင့် စိတ်ခြောက်ခြားခဲ့သော အမျိုးသားကြီးက လှိုဏ်ဂူထဲတွင် ပုန်းခိုနေထိုင် လျက်ရှိနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်...

ကမ္ဘာ့အသေးဆုံး ပန်းဥယျာဉ်အဖြစ် ဂင်းနက်စ်စံချိန်တင်သွားသော ဂျပန်မှ ပန်းဥယျာဉ်မှာ A4 စာရွက် ၄ ရွက်စာ အကျယ်အဝန်းသာရှိ...

[အင်္ဂလန်ရဲ့ ဈေးအသက်သာဆုံးအိမ်] အင်္ဂလန်တွင် အိပ်ခန်း ၃ ခန်းပါ နေအိမ်တစ်လုံး ၁ ပေါင်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဂျနီဖာလိုပက်ဇ် ဝယ်ယူရန် ဈေးညှိခဲ့ဖူးသော လော့စ်အ်ိနဂျလိ၏ အထင်ကရ အက်ဇ်ရီယာစံအိမ်ကြီး ရောင်းမထွက်သေးဘဲ ကန်ဒေါ်လာ ၁၆ သန်း ဈေးလျှော့ပေးလာ...

ဇနီးဖြစ်သူ၏အလောင်းနှင့်အတူ နေထိုင်နေသော ထပ်ဆင့်အော်စကာဆုရှင် Gene Hackman ကို နယူးမက္ကဆီကိုပြည်နယ်ရှိ ဒေါ်လာ ၄ သန်းတန် နေအိမ်အတွင်း ပုပ်ပွသေဆုံးလျက်တွေ့ရှိ၊ အာဏာပိုင်တို့က ၎င်းတို့ဇနီးမောင်နှံ သေဆုံး...

စင်္ကာပူမှ မိန်းကလေးတစ်ဦးက မိမိနှင့် လိုက်ဖက်မည့် ချစ်သူရှာဖွေပေးနိုင်သူကို စင်္ကာပူဒေါ်လာ ၂၀၀၀ ဆုကြေးငွေပေးမည်ဟု လူမှုကွန်ရက်တွင် ကြေညာ...

မလေးရှားတွင် စာအုပ်ဆိုင်တစ်ခုအတွင်း အစောင့်အကြပ်များမပါဘဲ တစ်ဦးတည်း စာအုပ်ရွေးနေသော မလေးရှားလက်ထောက်ဘုရင်မင်းမြတ်ကို အမျိုးသမီးတစ်ဦးက ၎င်းဝယ်ယူထားသည့် စာအုပ်များအား အမှတ်တရ လက်မှတ်ရေးထိုးခိုင်းခဲ့ပုံဖြစ်ရပ် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့က...

တရုတ်ပြည်တွင် အွန်လိုင်းဈေးဆိုင်တို့က ဓနသိဒ္ဓိပြီးသော မြေအိတ်များ ရောင်းချပေးနေရာ ဝယ်ယူသူ အလွန်များပြားနေမှု တရုတ်ပြည်တွင်း လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြားပျံ့နှံ့...

အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင် ၁,၀၀၀,၀၀၀ ဖြင့် ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်း

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
အိမ်နံပါတ်နှင့် သင်၏ကံကြမ္မာ
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Expo Singapore
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service