မြေဂရန်တစ်ခုကို သက်တမ်းတိုးတော့မယ်ဆိုရင် လျှောက်ထားမယ့် သူ ရဲ့နိုင်ငံသား စိစစ်ရေး ကတ်ပြား မိထ္ထူလိုအပ်မယ် ။ ကိုယ်တိုင် အမည်ပေါက် လိုမယ် ။ ပြီးတော့ ဂရန်မှုရင်းနဲ့ ပူးတွဲပါတဲ့ မြေပုံလိုမယ် ။ ပိုင်ဆိုင်ကြောင်း အထောက်အထားမှတ်ပုံတင် စာချုပ်စာတမ်းတွေလည်း လိုပါတယ် ။ ပြီးတော့ မြေခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံစာတွေလည်း လိုအပ်တယ်လို့ သိရပါတယ် ။
ဂရန်မြေ သက်တမ်းတိုးဖို့ လျှောက်ထားတဲ့အခါမှာ မြေဂရန်ကို သက်တမ်း တိုးပေးဖို့ သင့်မသင့်တွေ ၊ ကန့်ကွက်ချက်ရှိမရှိတွေကို စိစစ်ပြီး ကြော်ငြာ စာတွေကို အမည်ပြောင်းတုန်း က ဆောင်ရွက်ခဲ့တဲ့အတိုင်း ပြုလုပ်ပေး ရတယ်လို့ သိရပါတယ် ။ ကန့်ကွက်တဲ့သူမရှိရင် ၊ စိစစ်ပြိး ပြည့်စုံမှု ရှိတယ် ဆိုရင် စည်ပင်ကော်မတီကို တင်ပြဖို့နဲ့ ကော်မတီက သဘောတူတယ်ဆို ရင် နှစ် ၆၀ မြေငှားဂရန်ထုတ်ပေးတယ်လို့ သိရပါတယ် ။
Credit: The Modern