မေး။ ။အဆောက်အအုံတွေအတွက် BBC ဆိုတာက ဘာကို ခေါ်တာလဲ။
ဖြေ။ ။ BBC ဆိုတာကတော့ ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံ လက်မှတ်ကို ခေါ်တာဖြစ်တယ်။ သည် သက်သေခံလက်မှတ်ရဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ သိထားရမယ့် အချက်တွေလည်း ရှိပါတယ်။ အထပ် မြင့် အဆောက်အအုံတွေ အဲ့ဒါတွေကတော့ လေးထပ်နဲ့ အထက်တွေ၊ ပြီးတော့ အထပ်နိမ့်တွေက သုံးထပ်ခွဲ အ ထိ အဲ့သည်လိုတွေအပေါ် မူတည်ပြီး ကွဲပြားသွားတာလည်း ရှိတယ်။
မေး။ ။အထပ်မြင့်တွေအတွက်ဆိုရင်ကော ဘာတွေလိုအပ်လဲ။
ဖြေ။ ။အထပ်မြင့်တွေမှာဆိုရင်တော့ ပိုင်ရှင်ရဲ့ မှတ်ပုံတင်၊ ဘီဘီစီလျှောက်လွှာ၊ သက်ရှိဖြစ်ကြောင်း ဝန်ခံ ချက်တွေ၊ သက်ဆိုင်ရာမြို့နယ်တွေရဲ့ မကန့်ကွက်ပါဘူးဆိုတဲ့ ထောက်ခံချက်တွေ၊ ဆောက်လုပ်ခွင့် ပါမစ်တွေ၊ ပုံစံတွေ၊ ငွေသွင်းချလန်မိတ္တူနဲ့ အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း လိုင်စင် အင်ဂျင်နီယာတွေရဲ့ မှတ် ချက် လိုဂို၊ ကန်ထရိုက်တာတွေရဲ့ ဝန်ခံစာချုပ်တွေ လိုအပ်တယ်။
မေး။ ။အထပ်မြင့်နဲ့ အထပ်နိမ့် ဘာကွာခြားချက်တွေ ရှိတာလဲ။
ဖြေ။ ။ကွာခြားချက်ကတော့ အထပ်နိမ့် တိုက်တွေဆိုရင် သန့်ရှင်းရေးဌာနရဲ့ အမှိုက်ပုံး ဝယ်ပြီးကြောင်း ထောက်ခံချက်၊ ပြည်တွင်း အခွန်ဦးစီးဌာနရဲ့ အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက်တွေ လိုအပ်ပါတယ်။ သူ့မှာ မပါတာက ကန်ထရိုက်ရဲ့ ထောက်ခံချက်တွေတော့ မလိုဘူး။
Credit: The Kumudra