၁၃ ဒေါ်လာဖြင့် ဘ၀စခဲ့သည့် သန်းကြွယ်သူဌေး

၁၃ ဒေါ်လာဖြင့် ဘ၀စခဲ့သည့် သန်းကြွယ်သူဌေး - Property Knowledge in Myanmar from iMyanmarHouse.com
20 Feb 2017 12:28 pm တွင် တင်ခဲ့သည်
2696 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အမေရိကန်တွင် ၁၃ ဒေါ်လာဖြင့် ဘ၀စခဲ့သည့် လုပ်ငန်းပိုင်ရှင် သန်းကြွယ်သူဌေး U PHILIP MAUNG

အမေရိကန်သို့ ရောက်ရှိချိန်တွင်သူ့ အိပ်ကပ်ထဲ၌ ၁၃ ဒေါ်လာသာကျန်တော့သည်။ မိတ်ဆွေဆို၍ လည်း တစ်ယောက်သာ ရှိသည်။ တစ်ဦးတည်းသောမိတ်ဆွေ၏ ကူညီနိုင်သည့် အနေအထားမှာ သူ နေထိုင်သည့် အခန်း တွင် ၂ ရက် ၃ ရက်သာ နေထိုင်ခွင့်ပြုမည်ထက် မပိုခြင်းဖြစ်သည်။ ထို့ အခြေအနေမျိုးဖြင့် သူ့ ဘ၀ကို စခဲ့ရသည် ဟု မြန်မာပြည်ဖွါး အမေရိကန်နိုင်ငံသား ကိုဖိလစ်မောင်က ဆိုသည်။ သို့ သော် ၂၇နှစ် ကြာပြီး မြန်မာပြည်သို့ ပြန်လာချိန်တွင်မူ သူဘ၀က များစွာ ပြောင်းသွားခဲ့ပြီ။ အမေရိကန်နိုင်ငံတွင် ဒုတိယ ဆိုင်ခွဲအများဆုံး ဆူရှိ လုပ်ငန်းပိုင်ရှင် ဖြစ်နေပြီဖြစ်သည်။ ဆုတံဆိပ် ၁၄ ခု ရရှိထားပြီး အမေရိကန် သမ္မတကပင် ညစားဖိတ်ကျွေးဂုဏ်ပြု ခံရသည့်အထိ အောင်မြင်သော လုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။

အမေရိကန်နိုင်ငံ စီးပွါးရေး ကျဆင်း၍ ကုမ္ပဏီအများစု အရှုံးပေါ်နေချိန်တွင် သူကုမ္ပဏီမှာ အမြတ် ရနေခဲ့သည်။သူ အလုပ်စတင်လုပ်ချိန်တွင် ပိုက်ဆံရရန်သာ သိခဲ့သည်။ လုပ်ငန်းအောင်မြင့်သော်လည်း သူမပျော်နိုင်။ ထိုအခြေမှ သူ့ကို ပြောင်းလဲစေ ခဲ့သည် မှာ စာအုပ်တစ်အုပ်ကြောင့် ဟု ကိုဖိလစ်မောင်က ကုန်သည်စက်မူ အသင်းတွင် ပြုလုပ်သော သူ ၏အမေရိကန် အတွေ့ အကြုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများအား မျှဝေခဲ့သည်။ ထိုစာအုပ်မှာ စာရေးဆရာ Jim Collin ၏ Good to Great စာအုပ် ဖြစ်သည်။ စာရေးဆရာ ဂျင်ကော်လင်းအနေဖြင့် စာအုပ်တစ်အုပ်ရေးမည် ဆိုပါက လေးနှစ်ငါးနှစ် လေ့လာပြီးမှ ရေး သားသူဖြစ်သည်။ ထို့ ကြောင့်လဲ သူရေးခဲ့သည့် စာအုပ်တိုင်း အရောင်းရဆုံး စာရင်းဝင်ခဲ့သည်။ ကိုဖိလစ်မောင်ဘ၀ကို ပြောင်းလဲစေသည့် စာအုပ်မှာ မအောင်မြင်သော ကုမ္ပဏီများ အကြောင်း လေ့လာရေးသားထားခြင်း ဖြစ်သည်။

ထို့ စာအုပ်ထဲတွင် သူရင်ကို ထိမှန်စေသော စားသားအချို့ အား အခုလို ရှင်းပြခဲ့သည်။ " ကုမ္ပဏီ နှစ်မျိုးရှိပါတယ်...ကောင်းတဲ့ ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီ ပေါ့...။ ကောင်းတာက ၀င်ငွေ တိုးတက်မှု ရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့" "နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ သူကျတော့ ငွေကြေးတစ်ခုတည်းတင် မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘ၀နဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါဝင်လာပါတယ်" ဟုဆိုသည်။ ထို့ အချိန်က စပြီး သူ့ကုမ္ပဏီတွင် ကုမ္ပဏီယဉ်ကျေးမှု ဖြစ်သော Core Value သတ်မှတ်ရန် စတင်ခဲ့ သည်။ ထိုသို့ သတ်မှတ်ရန်အတွက် သူဝန်ထမ်းအားလုံးထံမှ ကုမ္ပဏီကို မည်သည့် ပုံစံဖြစ်ချင်သလဲ ဟု မေးခဲ့သည်။ ၀န်ထမ်းအားလုံးမှ အဆိုပြုသော အချက်ပေါင်း ၁၀၀ ကျော်ရရှိပြီး ထိုထဲမှ အားလုံးလုပ်ချင်သည့် ၁၁ ချက်ကို ကုမ္ပဏီ၏ Core Value အဖြစ်သတ်မှတ်ခဲ့သည်။

" Value ကို ဘယ်လို တည်ဆောက်မလဲ Core Value တွေ သတ်မှတ်တဲ့ အခါမှာ All Inclusive ပါဝင်ရမယ် ဆုံးဖြတ်တဲ့ အခါမှာတော့ တစ်ယောက် နှစ်ယောက်ကပဲ ဆုံးဖြတ်ရတယ် ဆိုတာတော့ တော်တော်အသုံးဝင်တယ်" ဟု ကိုဖိလစ်မောင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ မြန်မာရှေ့ ဆောင်ဘဏ် မှ ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်စိုးမင်းက ဆိုသည်။ သတ်မှတ်ခဲ့သော အချက် ၁၁ ချက်ကို သူအပါအ၀င် အားလုံးက လိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့ကြသည်။

သူ့ ကုမ္ပဏီအတွက် သတ်မှတ်ထားသော Core Value နံပတ် ၁ မှာ Service High-Speed and High-Teach ဖြစ်သည်။ နံပါတ် ၁ Core Value နှင့်ပတ်သက်၍ အခုလို ရှင်းပြခဲ့သည်။ "စားသုံးသူတွေကို အဓိကထား ၀န်ဆောင်မှု ပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး ၀မ်းသွားတယ် ပြောတယ်။ ဒါပေမယ့် သူအဲ့နေ့က အစားစုံတယ် ပြောတယ်။
ကျွန်တော်တို့ ဘာမှမမေးဘူး ချက်ချင်း ဆေးခန်းပြပေးတယ်၊ ကျွန်တော်တို့က ဆေးပို့ပေးတယ် နောက်ဆုံး အိမ်သာသုံးစက္ကူတောင် ပို့ပေးတယ်။ ပြီးတော့ ဒေါ်လာ 100 တန် ဘောင်ချာတောင် ပို့ပေးတယ်။ ဈေးတွက်တွက်ရင်တော့ မကိုက်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ customers ကို အလေးထားတာ သိစေချင်တယ်" ဟု ကိုဖိလစ်မောင်က ရှင်းပြခဲ့သည်။

နံပတ် ၂ Core Value မှာ Inspire and Be Inspire ဖြစ်သည်။အထက်အောက် ယုံကြည်မှုကို အလေးထား တည်ဆောက်ပေးထားခြင်း ဖြစ်သည်။ " အောက်ကို လုပ်ပိုင်ခွင့် ပေးထားတယ်။ မှားချင်မှားပလေ့စေ။ ပြတ်သားတိကျဖို့ လိုတယ်။ ခေါင်းဆောင်က တုန့်နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှု ရဖို့ဆိုတာက ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့ အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကို ယူမှရမှာ" ဟု ကိုဖိလစ်မောင်က ရှင်းပြခဲ့သည်။

နံပတ် ၃ Core Value မှာ Open and Honest Communication ဖြစ်သည်။ "အစပိုင်း ၁၀ နှစ်လောက်က ကျွန်တော်က ရုံးခန်းထဲမှာပဲ ထိုင်နေခဲ့တာ။ ဘယ်သူမှ တံခါးလာမခေါက်ရဲဘူး။ ဒီတော့ သူတို့ဆီက အတွေးအမြင်အသစ်တွေ မရလာဘူး။ နောက် ကျွန်တော်ရုံးခန်းကို အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့ အတူတူ လုပ်တယ်။

အစပိုင်းက အဆင်မပြေဖြစ်ပေမယ့် နောက်ပိုင်း ရင်းနှီးလာတာနဲ့အမျှ အဆင်ပြေလာတယ်။ သူတို့ဆီက အကြံဥာဏ်တွေ ရလာတယ်။ ဒါလည်း ကောင်းတဲ့ အချက်ပဲ" အခြားသော အချက်များမှာ ကိုယ်လာတဲ့ ပတ်ဝန်းကျင်ကို မမေ့ရန်၊ ၀န်ထမ်းတွေကို အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါ သင်ပေးခြင်း၊ ပြဿနာ တစ်ခုခုဖြစ်လာပါက လွဲမချပဲ အားလုံးတိုင်ပင်ပြီး ဖြေရှင်းခြင်း နှင့် အလုပ်လုပ်ရင် Team work ကို အလေးထားစေခြင်းတို့ ဖြစ်သည်။

"၀န်ထမ်းတွေကို မာန်နေဂျာ ပုံစံမျိုး မဟုတ်ပဲနဲ့ Leader ( ခေါင်းဆောင် ) ပုံစံအုပ်ချုပ်တာ ခိုင်းလို့ လုပ်တာ မဟုတ်ဘူး ကိုကိုယ်တိုင်က လုပ်ချင်လို့ လုပ်တာမျိုးဖြစ်အောင် အုပ်ချုပ်တာ" ဟု ကိုဖိလစ်မောင်၏ ဆွေးနွေးပွဲအား တက်ရောက်နားထောင်ခဲ့သူ မယမင်းခင်းက သုံးသပ်သည်။ ကိုဖိလစ်မောင်၏ အတွေ့ အကြံဆွေးနွေးပွဲတွင် လူကြိုက်များသော တစ်ခုမှာ ၀န်ထမ်းချိန် သတ်မှတ် မထားပဲ ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဆုံးဖြတ်စဉ်က အခြားသော လုပ်ငန်းရှင်များ က သူအား ရူးသွားပြီး ဟုပင် ပြောဆိုကြောင်း ကိုဖိလစ်မောင်က ရှင်းပြခဲ့သည်။

ခေတ်လူငယ်များအနေဖြင့် ထိန်းချုပ်မှုကို မကြိုက်သဖြင့် ထိုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်ပြီး ထိန်းချုပ်မူ့ မျာားပါက တီထွင်မှု ကျဆင်းလာနိုင်သည် ဟု သူယုံကြည်ခဲ့၍ ဖြစ်သည်။

"ဆရာ့ဆွေးနွေးမှုထဲမှာ အကြိုက်ဆုံးက Hissho ရဲ့ဝန်ထမ်းတွေကို ရုံးတက်ချိန် ဆင်းချိန် သတ်မှတ်မပေးဘဲ လွတ်လပ်စွာ နေစေတာပါပဲ။ ဒီ့အတွက် အလုပ်လုပ်ချိန်တွေ တိုလာတယ်။ ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာတယ်ဆိုတာကို သဘောအကျဆုံးပဲ"ဟုဆွေးနွေးပွဲကို လာရောက် နား ထောင်သူ ကိုဖြိုးေ၀၀င်းက ပြောသည်။ ကိုဖိလစ်မောင် ၏ ဖတ်ဘူးသော စာအုပ်များနှင့် အတွေ့ အကြုံအရ ၀န်ထမ်းများအား အဆင့် ၅ ဆင့်ခွဲ ခြား သတ်မှတ်ထားသည်။

ရန်လိုသည့် လူမျိုး အပျက်သဘောမြင်သူ ငါဆိုသည့် အတ္တများနေသူ ငါ့တို့  ( We are Great ) နှင့် ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်သူဟူ၍ ဖြစ်သည်။ သုတနေသန စစ်တမ်းအရ အမေရိကန်နိုင်ငံမှာတွင် အတ္တများနေသူများ ၄၉ ရာခိုင်နှုန်း ငါတို့ ဟု စဉ်းစား သူက ၂၂ ရာခိုင်နှုန်းနှင့် ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်သူမှာ ၂ ရာခိုင်နှုန်းသာ ရှိသည်။ သူ့ အနေဖြင့် မြန်မာနိုင်ငံမှာ စွန်းဦးတီထွင်လုပ်ငန်း လုပ်ကိုင်ချင်သူများနှင့် ပတ်သက်၍လည်း အချက်သုံးချက် လုပ်ဆောင်ရန်ညွှန်ပြခဲ့သည်။ ထိုအချက် ၃ ချက်မှာ မိမိအလုပ်အား နှစ်ခြိုက်မှုရှိပါ စေ ( Pacsion ) ၊ရည်ရွယ်ချက်ရှိပါစေ ( Purpose ) နှင့် အမြတ်ရပါစေ( Profit ) တို့ ဖြစ်သည်။ ထို အချက် ၃ ချက်နှင့် ပတ်သက်၍ ဦးဖိလစ်မောင်က အခုလိုပဲရှင်းပြခဲ့သည်။

ဆိုလိုတာက မိမိအလုပ်ကို နှစ်ခြိုက်မှုရှိရမယ်။စိတ်မ၀င်စားဘဲလုပ်နေရင်တော့ ဘာမှထူးလာမှ မဟုတ်ဘူး တိကျတဲ့ ရည်ရွယ်ချက် ရှိရမယ်။ ငွေကြေးတစ်ခုတည်း မဟုတ်တဲ့ ရည်ရွယ်ချက်ပေါ့။ ကိုယ်အောင်မြင်လာရင် ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လို ထောက်ပံ့ပေးမလဲ ဆိုတာမျိုး။ ဒါမှရှင်သန်ရတာ အဓိပ္ပါယ်ရှိမှာပေါ့။ ဒါကို အခြေခံ ကြိုးစားမယ်ဆိုရင် နောက်ဆုံး Profitက အလိုလိုရလာမှာပါ.....။ ကိုဖိလစ်မောင် အောင်မြင်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ သူ၏၀န်ထမ်းများအား လုပ်ငန်းခွင်တွင် ပျော်ရွှင်အောင် ဆောင်ရွက်ပေးထားခြင်း ဖြစ်သည်။ သူအနေဖြင့်လည်း လုပ်ငန်းရှင်တစ်ယောက်ပုံစံဖြင့် အလုပ်လုပ်ခြင်း မဟုတ်ပေ။ ခေါင်းဆောင်တစ်ယောက်ပုံစံဖြင့် သူလုပ်ငန်းအား ပုံဖော်သွားခဲ့သည်။ထိုအချက်သည် သူ့လုပ်ငန်း အောင်မြင်ရခြင်း၏ သော့ချက် ဖြစ်ပါသည်။

Credit: Entrepreneursme
၁၃ ဒေါ်လာဖြင့် ဘ၀စခဲ့သည့် သန်းကြွယ်သူဌေး - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယူနိုင်ကြောင်းကြေညာ၊ ရတနာသေတ္တာများ တည်ရှိသည့်နေရာများအကြောင်း စာအုပ်တစ်အုပ်ရေ...

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
imyanmarmarket
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service