အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ Dong Mingzhu ဟာတရုတ်နိုင်ငံမှာ
အအောင်မြင်ဆုံးအမျိုးသမီးလုပ်ငန်းရှင်ဖြစ်ပြီးတော့ ၂၂ ဘီလီယံ
ဒေါ်လာတန်ကြေးရှိတဲ့ အဲကွန်း လုပ်ငန်း Gree Electric ရဲ့ ဥက္ကဌ
ဖြစ်ပါတယ်။
သူဟာ အလွန်အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး တော့
ခွင့်မယူတာ ၂၇နှစ်ရှိပြီလို့သိရပါတယ်။Dong Mingzhu ဟာ ပြီးခဲ့တဲ့
တစ်ပတ်တုန်းကForbes China မှာ ထိပ်သီး အမျိုးသမီးလုပ်ငန်းရှင်
အယောက် ၁၀၀ စာရင်းမှာပါရှိခဲ့ပြီး နိုင်ငံတကာမှာလူသိများ
လာတာဖြစ်ပါတယ်။
Forbes China ကထုတ်ပြန်တဲ့စာရင်းမှာ Dong Mingzhu ဟာ
ထိပ်ဆုံးမှာပါရှိခဲ့တာဖြစ်ပါတယ်။ သူ့ကုမ္ပဏီဟာ တစ်နှစ်ကို ၀င်ငွေ
ဒေါ်လာ ၁၂ ဘီလီယံရှိပြီးတော့ တရုတ်ပြည်မှာ Dong Mingzhu
ဟာ လူသိများတဲ့ နာမည်ကျော် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။
သူဟာ ၁၉၈၄ ခုနှစ်မှာ အမျိုးသားဖြစ်သူသေဆုံးသွားပြီးနောက်
၃ နှစ်အရွယ်သားငယ်ကို အဖွားဖြစ်သူနဲ့ထား ကာစတင်
အလုပ်ထွက်လုပ်ခဲ့တာဖြစ်ပါတယ်။
Greeကုမ္ပဏီကို ၁၉၉၀ ခုနှစ်မှာ အရောင်းဝန်ထမ်းအနေနဲ့
စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အရည်အချင်းပြည့်ဝကာ
အလုပ်ကြိုးစားတာကြောင့် မြန်မြန်ဆန်ဆန်ပဲ ရာထူးတွေတိုးလာခဲ့
တယ်လို့ သိရပါတယ်။
၂၆ နှစ်ကြာတဲ့အခါမှာတော့ Gree ဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံး
အဲကွန်းထုတ်လုပ်သူတွေထဲကတစ်ခုဖြစ်လာပြီးတော့ တရုတ်နိုင်ငံမှာ
အဲကွန်း ၅ လုံးရောင်းရရင် ၂ လုံးဟာ Gree ကုမ္ပဏီထုတ်တွေဖြစ်တဲ့
အထိ ရောင်းအားတွေရှိနေပါတယ်။
The New York Times သတင်းစာက သူကိုတရုတ်နိုင်ငံရဲ့
အတော်ဆုံး အမျိုးသမီးလုပ်ငန်းရှင်လို့ ဖော်ပြခဲ့ပြီးတော့ သူ့ရဲ့ လေးစားအားကျဖွယ်ကောင်းတဲ့ ပုံသက်သေကြောင့်
ဝန်ထမ်းပေါင်း ၇သောင်းကျော်ဟာလည်း ကုမ္ပဏီအပေါ်မှာ
သစ္စာရှိပြီးကြိုးစားကြတယ်လို့ ဆိုပါတယ်။
Credit: SFJ Strategy First