ဗဟုသုတ | Posted by ရွှေစင်ဝင်း
အခုခေတ်ကတော့ မြေကွက်တွေ ရှိတယ်ဆိုရင် ကန်ထရိုက်ပေးထားတာကတော့ တော်တော်လေး ခေတ်စားလာတယ် ။ ပေးတော့မယ်ဆိုရင်လည်း ကိုယ် ကန်ထရိုက်ပေးမယ့် ကုမ္ပဏီက လယ်လို ကုမ္ပဏီမျိုးလဲဆိုတာကိုလည်း သေသေချာချာ လေ့လာထားသင့်တယ် ။ ဆောက်နေတုန်း မပြီးသေးဘဲ ကန်ထရိုက်ထွက်ပြေးသွားရင် ကိုယ်ပဲ နစ်နာမှာ ၊ ပြီးတော့ တခြားကန်ထရိုက်တွေကလည်း ပြန်ဆောက်ပေးမှာ မဟုတ်ဘူးဆိုတော့ မဆောက်ခင် စုံစမ်းထားတာ အကောင်းဆုံး ဖြစ်ပါတယ် ။
မြေကွက်ကို ကန်ထရိုက်ကတော့ ပေးလိုက်ပါပြီ ။ ဆောက်နေတုန်း အတောအတွင်းမှာ ကိုယ်က ဘယ်မှာ သွားနေရမယ်ဆိုတာတွေ ၊ အဲဒါတွေကို တချို့ကန်ထရိုက်တွေက နေဖို့ကို ရှာပေးတာရှိတယ် ။ တချို့ကျတော့ ကန်ထရိုက်တာတွေက စရိတ်ပေးတာလည်း ရှိပါတယ် ။ ပြီးတော့ ဆောက်ပြီးရင် ကိုယ်က ဘယ်နှခန်းရမယ် ၊ ငွေကြေးဘယ်လောက်ရမယ်ဆိုတာကို သေချာမေးထားသင့်ပါတယ် ။
မြေကွက်တစ်ခုကို ကန်ထရိုက်ပေးတော့မယ်ဆိုရင် ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ် ။ မြေပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းတွေလိုမယ် ။ အရေးကြီးတာက စည်ပင်ကို ဘယ်လောက်အခွန်ဆောင်ရမလဲ စတာတွေကိုပါ သိထားရမယ် ။ ခိုင်မာယုံကြည်ရတဲ့ ကန်ထရိုက်တာတွေနဲ့ ဆောက်လုပ်သင့်ပါတယ် ။
Credit: The Kumudra