တိုက်ခန်းဝယ်တော့မယ်ဆိုရင် အစိုးရကရောင်းနေတာကို အရစ်ကျစနစ်နဲ့ဝယ်တာတွေ၊ ကန်ထရိုက်တိုက်ဝယ်ယူတာတွေနဲ့ ပုဂ္ဂလိကရောင်းနေတာကို အရစ်ကျစနစ်နဲ့ ဝယ်ယူတာတွေ ရှိတယ်လို့သိရပါတယ်။
ကန်ထရိုက်တာဆီကနေဝယ်ယူမယ်ဆိုရင် ကန်ထရိုက်စာချုပ်တွေရယ်၊ စည်းကမ်းချက်နဲ့အညီဆောက်နိုင်မလားဆိုတာတွေရယ်၊ နောက်မိမိဝယ်ယူထားတဲ့ တိုက်ခန်းတွေကို နောက်ထပ်တစ်ယောက်ကို ရောင်းချထားခြင်း ရှိမရှိဆိုတာကို သေချာသိထားရမှာဖြစ်ပါတယ်။ ကန်ထရိုက်တာတွေရောင်းတဲ့တိုက်ခန်းတွေက နှစ်ယောက်ရောင်း၊ သုံးယောက် ရောင်းတွေနဲ့ ပြဿနာတွေတက်နေတာလည်းဖြစ်ပါတယ်။ ဒါတွေက အများဆုံးကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။
ကုမ္မဏီတွေကရောင်းတာတွေကို ဝယ်ယူမယ်ဆိုရင်လည်း သည်ကုမ္မဏီက တကယ်ရှိလားမရှိဘူးလားဆိုတဲ့ နောက်ကြောင်းတွေကိုသေချာစုံစမ်းသင့်တာလည်းဖြစ်ပါတယ်။ တကယ်လို့ ကုမ္မဏီတွေက ရောင်းချတာတွေက အရှုံးပေါ်လို့ထွက်သွားတယ်ဆိုရင် ဝယ်ယူထားတဲ့သူတွေနစ်နာမှဖြစ်ပါတယ်။ တိုက်ခန်းဝယ်ယူပြီးပြီဆိုရင်လည်း စည်းကမ်း ချက်တွေကိုတောင်းပြီး ဖတ်ကြည့်သင့်ပါတယ်။ ငွေသွင်းနေတုန်းမှာ စည်းကမ်းချိုးဖောက်ခဲ့ရင်ဘာတွေဖြစ်နိုင်လဲ၊ တိုက်ခန်းရောင်းချသူဘက်က ဘာတွေလုပ်ကိုင်နိုင်ပြီးတော့ မိမိကိုယ်တိုင်လည်း ဘယ်လိုလိုက်နာကာကွယ်သင့်လဲဆိုတာကို ကြိုတင်စဉ်းစားပြီးဝယ်ယူဖို့လိုတာလည်းဖြစ်ပါတယ်။
Credit: The Kumudra