အိမ်တစ်လုံးဝယ်မယ်ဆိုရင် ဘယ်လိုမျိုးကို ဝယ်ယူမှာလဲဆိုတာကို အရင်ဆုံးစဉ်းစားသင့်ပါတယ်။ တိုက်ခန်း ဝယ်ယူမှာလား၊ မြေကွက် ဝယ်ယူမှာလား၊ အိမ်တစ်ခုကို နှစ်ဦးစပ်ပြီး ဝယ်ယူမှာလား ဆိုတာတွေကို ကြိုသိထား ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ဝယ်ယူမှာက တိုက်ခန်းဖြစ်နေရင်တော့ မဝယ်ခင် ဘယ်လိုမျိုး ရောင်းချနေလဲ ဆိုတာကို ကြိုသိထားရမှာ ဖြစ်ပါတယ်။
တိုက်ခန်းဝယ်မယ်ဆိုရင် ကိုယ်ဝယ်တဲ့ တိုက်ခန်းအမျိုးအစားနဲ့ ပတ်သတ်ပြီး သိထားသင့်တာတာတွေလည်း ရှိ တယ်။ တိုက်ခန်းက ပိုင်ရှင်ကိုယ်တိုင် ဆောက်ထားတဲ့ တိုက်ခန်းကို ဝယ်မှာလား၊ ကန်ထရိုက်ပေးထားကို ဝယ် မှာလား၊ ကွန်ဒိုလို တိုက်ခန်းတွေ ဝယ်မှာလားဆိုတာကို ကြိုသိထားဖို့ လိုတယ်။ ရောင်းချတဲ့အခါမှာ ပိုင်ရှင်က ရောင်းတာတွေ ဒါမှမဟုတ် ရောင်းပိုင်ခွင့်ရှိတဲ့သူဆီက ဝယ်မှာလား စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
ဝယ်တဲ့အခါမှာလည်း တန်ဖိုးနည်းအိမ်ရာတွေ ဝယ်ယူတာတွေ၊ အဆင့်မြင့်တိုက်ခန်းတွေကို ဘဏ်နဲ့ချိတ်ဆက် ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက ရောင်းတဲ့အခါမှာ ဘယ်လောက်ရာခိုင်နှုန်းကို ကြိုသွင်းပြီး ကျန်တာကို ဘယ် နှစ်လပေးသွင်းပြီး ဝယ်ရမလဲဆိုတာတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တိုက်ခန်း အမျိုးအစားနဲ့ ပတ်သတ်ပြီး ရောင်းသူတွေဘက်က ကိုယ်တိုင်ရောင်းတာတွေ၊ ရောင်းချပိုင်ခွင့်ရှိသူတွေ ကိုယ်စားလှယ်တွေက ရောင်းချတာတွေကို ဝယ်မှာလား ဆိုတာကိုတော့ ကြိုပြီး သိထားသင့်တယ်။
Credit: The Modern