ဗဟုသုတ | Posted by ရွှေစင်ဝင်း
နေအိမ်တစ်လုံးအရောင်းထွက်နိုင်ဖို့က သိပ်ပြီးတော့ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အိမ်ခြံမြေဈေးကွက်ထဲကို သင့်အိမ်အ ရောင်းထုတ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီးရင်တော့ သင့်ဘက်က ဘယ်လိုမျိုး အိမ်ကို အရောင်းထုတ်နိုင်မယ့် နည်းလမ်းတွေကို ကြို တင်ပြီးတော့ ပြင်ဆင်ထားသင့်သလို အိမ်အဝယ်ယူမယ့် တစ်ဖက် ဝယ်ယူသူကိုလည်း သင့်အိမ်အပေါ် စိတ်ပါဝင်စားလာအောင်လည်း သင့်ဘက်က ကြိုးစားထားရပါမယ်။ ဒီလိုမှမဟုတ်ပဲ သင့် ဘက်က ဘယ်လိုပြင်ဆင်မှုမျိုးကို ပြင်မဆင်ထားပါရင် အိမ်အရောင်းကအ လွယ်တကူ တော်တော်နဲ့ အရောင်းထွက်နိုင်မှာမဟုတ်ပါဘူး။
ဒါ့ကြောင့်မို့လို့ အိမ်ရောင်းမထွက်ရတဲ့ သတိထားစရာ အကြောင်း အရင်းလေးတွေကို ရှောင်ရှားသိရှိရအောင်လို့ ဖော်ပြပေးလိုက် ရပါတယ်….
၁။ အိမ်အရောင်းမထွက်ရတဲ့ အဓိကအကြောင်းအရင်း တစ်ခုရှာ ကြည့်မယ်ဆိုရင်တော့ အရင်ဆုံးမြင်နိုင်မှာကတော့ ဈေးနှုန်းမြင့်မား လွန်းခြင်းကြောင့်ပဲ ဖြစ်နိုင်ပါတယ်။ လက်ရှိအိမ်ခြံမြေ ဈေးကွက်ထဲ မှာ ပေါက်နေတဲ့ ဈေးနှုန်းနဲ့ သင့်အိမ်ရဲ့ ဈေးခေါ်မှုက ကွာခြားလွန်း နေတာကြောင့်ပဲ ဖြစ်ပါတယ်။ အိမ်ဝယ်ယူသူ မည်သူမဆိုကတော့ ဈေးနှုန်းသင့်တင့်သက်သာတဲ့ နေအိမ်တွေကိုပဲ ဝယ်ယူနေထိုင်ချင် ကြတာ ချည်းပါပဲ။ ဘယ်လောက်ကြီးပဲ အကောင်းဆုံးတည်ဆောက် မှုတွေ၊ အားသာချက်တွေ ရှိနေပါစေ ဈေးနှုန်းအရမ်းကြီးမြင့်မားလွန်း တဲ့ အိမ်ကိုတော့ ဝယ်ယူဖို့ ဦးစားပေးစဉ်းစားကြမှာ မဟုတ်ပါဘူး။
၂။ နောက် အရေးပါတဲ့ အချက်တစ်ချက်ကတော့ သင့်နေအိမ်တည် ရှိတဲ့နေရာက နေရာအနေအထားက အဆင်မပြေလွန်းတဲ့အတွက် ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တည်နေရာ၊ အနေအထားက ဘယ် လိုမှ နေထိုင်ချင်စရာမကောင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးမ ကောင်းခြင်း၊ လုံခြုံမှု မရှိခြင်း၊ ပတ်ဝန်းကျင်သဟဇာတမဖြစ်ခြင်း၊ အချက်အချာနေရာနဲ့ ဝေးလွန်းခြင်း၊ စသဖြင့်လူသူရောက်နည်းပါး၊ ခေါင်လီတဲ့ နေရာတွေမှာ တည်ရှိနေတာကြောင့်လည်း ဝယ်ယူသူ တွေကို မစဉ်းစားချင်ရခြင်းပဲ ဖြစ်ပါတယ်။
၃။ အရောင်းထုတ်မယ့် နေအိမ်အတွက် အပြင်အဆင်တွေကို ကြည့် ကောင်းလာအောင်၊ အဝယ်လိုက်လာအောင် ပြင်ဆင်ခြင်း၊ ပြုပြင် ခြင်းတွေ မရှိခြင်းကြောင့်လည်း အရောင်းထွက်ဖို့ ခက်ခဲနေရတာ ဖြစ်ပါတယ်။ အရောင်းထုတ်မယ့် အိမ်ဆိုတိုင်း ဒီအတိုင်း ပစ်စလက်ခတ်မထားသင့်ပါဘူး။ နောက်ဝယ်လက် ဝယ်ယူနေထိုင်ဖို့ အတွက် ပြင်ဆင်ပေးသင့်သလောက် ပြင်ဆင်ပေးရပါမယ်။ အကယ်၍များ ပြန်ပြီးပြင်ဆင်ရဖို့ မဖြစ်နိုင်တော့ဘူးဆိုလည်း အိမ်ရဲ့ အနေအထားနဲ့သင့်တော်တဲ့ ဈေးလျှော့ထားတာမျိုးကိုလည်း တစ် နည်းနဲ့ လုပ်ဆောင်သင့်ပါတယ်။ မိမိက အကောင်းဆုံးပြုပြင်မွမ်းမံ ထားမယ်ဆိုရင် ဈေးကောင်းကောင်းနဲ့ ရနိုင်မှာပါပဲ။
၎။ အိမ်အရောင်းထွက်ဖို့ ဈေးကွက်ကြော်ငြာနဲ့ ဝန်ဆောင်မှု၊ ပါးစပ် သတင်းပျံ့နှံ့မှု အားနည်းခြင်းတို့ကြောင့်လည်း အိမ်အရောင်းထွက်ဖို့ ကြန့်ကြာနှောင့်နေးရပါတယ်။ အိမ်ရောင်းဖို့အတွက် အိမ်အရောင်း ဆိုင်းပုဒ်ကြော်ငြာအပြင်ကို ပွဲစား၊ အကျိုးဆောင်နဲ့ အိမ်အရောင်းဝန် ဆောင်မှုကို အပ်နှံသင့်ရင် အပ်နှံရပါမယ်။ ဒီလိုမဟုတ်ပဲ ဝန်ဆောင် ခ၊ အကျိုးဆောင်ခကို နှမြောလို့ မိမိကိုယ်တိုင်ပဲ အရောင်းလိုက်စပ် နေခြင်းက တစ်ခါတစ်လေမှာ မထိရောက်နိုင်ပါဘူး။ ဒါ့ကြောင့်မို့လို့ အိမ်အရောင်းအတွက် ကြော်ငြာအားကို သုံးသင့်လည်း သုံးရပါမယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)