နေအိမ်သန့်ရှင်းရေးအတွက် အိမ်သန့်ရှင်းရေးလုပ်ရမယ့် အစိတ်အပိုင်းနဲ့ နေရာတွေကတော့ တစ်အိမ်လုံးနီးပါးစာပါပဲ။ ဒီလိုအိမ်တစ် အိမ်လုံးစာ ကြီးကြပ်ပြီးတော့ ဆောင်ရွက်ရတဲ့ အိမ်သူအဖို့တော့ တကယ့်ကို ခေါင်းခဲစရာပါပဲ။ တစ်နေရာသန့်ရှင်းရေးလုပ်ပြီးတိုင်း မကြာပါ။ အခြားနေရာတွေမှာ ပြန်ပြီးတော့ ညစ်ပတ်ပြီးတော့ ပေပွ နေတာတွေ၊ စနစ်တကျမရှိတဲ့ ပစ္စည်းတွေနဲ့ အညစ်အကြေးတွေက ပြန်ပြီးတော့ ဖြစ်လာပြန်တာပါပဲ။
ဒါပေမယ့် အိမ်တစ်အိမ်ရဲ့ အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ရှိနေပါတယ်။ ဒီနေရာကို သန့်ရှင်း ပြီးတော့ ပြင်ဆင်ထားလိုက်ရုံနဲ့တင် သင့်အိမ်ကကြီးကြီးမားမား အပြစ်ရှာစရာမလိုလောက်အောင်ပါပဲ။ ဒါ့ကြောင့်မို့လို့ အိမ်ရဲ့အဓိက အရေးကြီး ပြင်ဆင်သန့်ရှင်းပေးရမယ့် နေရာအစိတ်အပိုင်လေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်….
၁။ အိမ်တွင်းမှာ ထွန်းညှိတဲ့ မီးလုံးမီးချောင်းတွေကို သန့်ရှင်းရေးလုပ် ပါ။ အိမ်ရှင်နဲ့ အိမ်သူတော်တော်များများကတော့ ဒီအစိတ်အပိုင်း တွေကို သန့်ရှင်းရေးလုပ်ဖို့ မမြင်တတ်မိကြပါဘူး။ အမှန်တကယ် တော့ ဒီ အရာတွေက တကယ့်ကိုလိုအပ်တဲ့ အစိတ်အပိုင်းတွေပဲ။ ဖုန်တွေ၊ ပင့်ကူမျှင်တန်းတွေ၊ အမှိုက်တွေ တက်နေတဲ့ မီးအလင်း ဖန်ချောင်းတွေ၊ မီးလုံးတွေက ကြည့်ရသိပ်ဆိုးပါတယ်။ နောက်ပြီး အလင်းအားတွေကိုလည်း ဖုံးကွယ်သယောင်ဖြစ်နေတာမို့လို့ ဒီ မီး လုံး၊ မီးချောင်းတွေမှာ တက်နေတဲ့ အမှိုက်တွေကို ရှင်းလင်းသင့်ပါ တယ်။ သိပ်ပြီးတော့ အပန်းမကြီးတာမို့လို့ သင့်အနေနဲ့ လုပ်ဆောင် သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။
၂။ နှစ်ရှည်လများ တပ်ဆင်ထားတဲ့ လိုက်ကာ၊ ခန်းစီးအစတွေကို ဖြုတ်လဲတာဖြစ်ဖြစ်၊ လျှော်ဖွတ်ဆေးကြောတာဖြစ်ဖြစ် ပြုလုပ်သင့်ပါ တယ်။ အိမ်တော်တော်များများမှာဆိုရင် နံရံကပ်၊ မှန်ကာ၊ ခန်းစီး လိုက်ကာတွေကို သုံးလကနေ ခြောက်လလောက်အထိကို အချိန် ကြာကြာ အသုံးပြုတတ်ကြပါတယ်။ ဒီခန်းစီးလိုက်ကာနေရာတွေက အညစ်အကြေးနဲ့ ဖုန်တွေအများဆုံး ဝင်ရောက်နိုင်တဲ့ နေရာတွေပါ ပဲ။ အဝတ်စတို့၊ ပိတ်စတို့နဲ့ အသားပြုလုပ်ထားတဲ့ ခန်းစီးတွေဆိုရင် ပိုပြီးတော့ ညစ်ပေနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီအသုံးအဆောင် အဝတ်တွေကို မကြာမကြာဖြစ်ဖြစ် လဲပေးသင့်ပါတယ်။
၃။ အခုလို ရာသီဥတုအပြောင်းအလဲမှာဆိုရင်တော့ နေအိမ်အတွက် အရေးတကြီးပြင်ဆင်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းကတော့ အိမ်ရဲ့ ရေဇလောက်တွေပါပဲ။ မိုးရာသီ၊ ဆောင်းရာသီလိုအချိန်တွေမှာ ပိုပြီး တော့ ပြင်ဆင်သင့်ပါတယ်။ ရေဇလောက်ထဲမှာ ပိတ်မိနေတဲ့ အညစ် အကြေးတွေ၊ အမှိုက်တွေနဲ့ အမိုးပေါ်ဘက် သစ်ပင်ကကျလာတဲ့ သစ်ရွက်၊ သစ်ကိုင်းတွေ စသဖြင့်အမှိုက်တွေ ဖယ်ရှားပြီးတော့ ရေ ကျမှုစနစ်တွေကို ပြင်ဆင်ပေးသင့်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)