မြန်မာနိုင်ငံမှာ ၁၉၆၀ က သတ်မှတ်ထားတဲ့ အိမ်ရှင်အိမ်ငှားဥပဒေရှိပေမဲ့ အဲသည်ဥပဒေနဲ့ အညီပြုလုပ်ဖို့ ကို ငှားရမ်းကောက်ခံနေတဲ့အဖွဲ့တွေက ကြီးကြပ်တာ တွေမရှိတာကြောင့် အိမ်ရှင်အိမ်ငှား ပြဿ နာဖြစ်လာတိုင်းမှာ ဖြေရှင်းရခက်နေတာဖြစ် ပါတယ်။
အိမ်ရှင်အိမ်ငှားစာချုပ်က ပုံသ္ဌာန်သုံးမျိုးနဲ့ ငှားရမ်းနေတာဖြစ်ပါတယ်။ သည်ပုံစံတွေက စပေါ်ယူပြီးငှားတာတွေ၊ အပြတ်ပေးပြီး ငှားရမ်းတာတွေနဲ့ စာချုပ်မရှိဘဲအလွတ်ငှားရမ်း တာတွေပဲဖြစ်ပါတယ်။ စာချုပ်နဲ့ ငှားရမ်းတဲ့ အိမ်တွေ မှာဆိုရင် စာချုပ်ထဲမှာအနေချင်လို့ ပြောင်းတာတွေ၊ ဆက်လက်မငှားချင်ဘူးဆိုရင် တစ်လကြိုပြောရမယ်ဆိုပြီး စာချုပ်မှာပါ ပြီးသားလည်းဖြစ်ပါတယ်။ ငှားရမ်းသူတွေနေနေတဲ့အတွင်းမှာပဲ တစ်ခုခုဖြစ်ခဲ့ရင်တန်ဖိုးကိုပြန်လျော်ပေး ရမယ်ဆိုတာတွေပါ ပါဝင်တာဖြစ်ပါတယ်။ စာချုပ်ပြည့်သွားခဲ့ရင်လည်း တချို့အိမ်ငှားတွေက တကယ်ပြောင်းစရာနေရာမရှိတာကြောင့် မပြောင်းပေးသေး တာလည်းဖြစ်နိုင်သလို တချို့တွေက တမင်ကတ်ပြီးမပြောင်းပေးတာတွေ လည်း ရှိနိုင်ပါတယ်။
တရားရုံးတွေမှာလည်း သည်လိုမျိုးအိမ်ရှင်အိမ်ငှားပြဿ နာတွေကို စာချုပ်တစ်ခုတည်းနဲ့ အလွယ်တကူဖြေရှင်းဖို့ လက်ခံနေကြတာလည်းဖြစ်ပါတယ်။ ဥပဒေအရဆိုရင် တရားရုံး တွေမှာဆောင်ရွက်လို့ မရနိုင်ဘဲငှားရမ်းခကြီးကြပ် ရေးအဖွဲ့ကနေငှားရမ်းခတွေကို သေချာကြီးကြပ်ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ သည်လိုမျိုးတွေဖြစ်လာတဲ့ အဓိကအကြောင်းရင်းက ငှားရမ်းခကြီးကြပ်ရေးဥပဒေတွေကို ထိထိရောက်ရောက်အသုံးမပြု၊ အရေးမယူ တာတွေ၊ မှန်မှန်ကန်ကန်မဆောင်ရွက်ပေးတာတွေကြောင့် အိမ်ရှင် အိမ်ငှားပြဿ နာတွေ ကြုံတွေ့နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
Credit: Kumudra