ဘ၀မှာ ကိုယ့်ထူးကိုယ်ချွန်ပြီး ချမ်းသာလာခဲ့ကြတဲ့ သန်းကြွယ်သူဌေးကြီးတွေထဲက ထက်ဝက်လောက်ကိုလေ့လာကြည့်ရာမှာတော့ သူတို့တွေရဲ့ တစ်နေ့တာ လုပ်ငန်းကိုင်ငန်းတွေမစခင် အနည်းဆုံး သုံးနာရီလောက်စောပြီး
နိုးထပြင်ဆင်လေ့ရှိတယ်လို့ လေ့လာချက်တစ်ခုအရ တွေ့ရှိရပါတယ်။
ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာခဲ့တဲ့ သူဌေးကြီး Richard Branson ဟာဆိုရင်လည်း သူ့ရဲ့ တစ်နေ့တာအလုပ်မစခင် မနက် ငါးနာရီလောက်မှာပုံမှန်အိပ်ယာထပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
အလားတူ ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံလောက် ရှိတဲ့ Twitter နဲ့ Square စီအီးအို Jack Dorsey ဟာဆိုရင်လည်း မနက်ငါးနာရီလောက်မှာပဲ အိပ်ယာကနေထတတ်ပါတယ်။သူတို့တွေဟာ အခြားသော အောင်မြင်ချမ်းသာသူတွေနဲ့တော့ ကွာခြားကြပါတယ်။
ကိုယ့်ထူးကိုယ်ချွန်ပြီး ချမ်းသာကြွယ်ဝလာကြတဲ့ သန်းကြွယ်သူဌေး ၁၇၇ဦးကို ငါးနှစ်ကြာလေ့လာခဲ့တဲ့ စာရေးဆရာ Thomas C. Corley ရဲ့ပြောကြားချက်အရတော့ အဲဒီသူဌေးတွေအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးလောက်ဟာ သူတို့တွေရဲ့ အမှန်တကယ် တစ်နေ့တာလုပ်ငန်းကိုင်ငန်းတွေမစခင် အနည်းဆုံး သုံးနာရီလောက် ကြိုပြီးအိပ်ယာကနေ နိုးနေတတ်ပြီး
ကြိုတင်အားယူလေ့ရှိကြတယ်လို့ သိရပါတယ်။
ဒီလိုမျိုး အိပ်ယာကနေ အစောကြီးထပြီး ကြိုတင်လှုပ်ရှားနိုးကြားနေတဲ့ အလေ့အထက သူတို့တွေအတွက်တော့ အချိန်ကြာမြင့်နိုင်မယ့်အစည်းအဝေးတွေ ဒါမှမဟုတ် ယာဉ်ကြောပိတ်ဆို့မှု စတဲ့ နေ့စဉ် မလွဲမသွေ
ကြုံတွေ့ရမယ့် အနှောက်အယှက်ဒုက္ခတွေကို ရင်ဆိုင်ကိုယ်တွယ်နိုင်မယ့်မဟာဗျူဟာတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ တစ်နေ့တာအတွင်း ပြီးမြောက်ရမယ်လို့ သတ်မှတ်ထားတဲ့ အရာတွေကို အားလုံးကိုပြီးပြည့်စုံနိုင်ဖို့ အချိန်ယူတာမျိုးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ စာရေးသူ Thomas C. Corley ကတော့ “ ခင်ဗျားတို့ရဲ့ အကျင့်တွေကို
ပြောင်းလဲပါ၊ ခင်ဗျားတို့ရဲ့ ဘ၀ကို ပြောင်းလဲပါ” လို့ ရေးသားထားတာဖြစ်ပါတယ်။
ယခုလို မနက်ခင်းစောစောစီးစီး တစ်နေ့တာကြုံတွေ့ရမယ့် ကိစ္စတွေအတွက် အသင့်ရင်ဆိုင်ဖို့ ပြင်ဆင်ထားခြင်းက သင့်ဘ၀ကို သင်ကိုယ်တိုင်ပိုမိုထိန်းချုပ်နိုင်မယ်လို့ ၎င်းက ရေးသားထားပါတယ်။ “ ဒီလိုမျိုး မနက်စောစော ထတတ်တဲ့အကျင့်က သင့်ကို ယုံကြည်မှုတွေ တိုးပွားစေမှာမလွဲပါပဲ၊ တကယ်တမ်းမှာလည်း သင့်ဘ၀ကိုတည့်မတ်ပေးနိုင်ပါလိမ့်မယ်၊
ဒီအကျင့်ကြောင့်လည်း သင့်ဘ၀တစ်ခုလုံးအတွက် စိတ်ဓါတ်ခွန်အားတစ်ခု
ရရှိစေပါလိမ့်မယ်” လို့ ၎င်းက ရေးသားထားပါတယ်။
အလားတူ မနက်ခင်းတစ်ခုဟာ နေ့တစ်နေ့အတွက် ထုတ်လုပ်နိုင်စွမ်း အရှိဆုံးသော အချိန်ဖြစ်တယ်လို့ The Wall Street Journal က
ဖော်ပြပါတယ်။ ဘာလို့လဲဆိုတော့ အနှောက်အယှက်တွေ ပေါ်မလာခင်မှာမနက်ခင်းမှာပဲ ကိစ္စ၀ိစ္စတွေကို ကိုင်တွယ်ထားနိုင်ရမယ်လို့ ဆိုပါတယ်။
“ ခင်ဗျားအနေနဲ့ အေးဆေးတည်ငြိမ်ပြီး အခြားဘယ်သူ့အနှောက်အယှက်နဲ့ မကြုံရနိုင်တဲ့အချိန်မျိုးမှာမှ ခင်ဗျားအတွက် ပိုပြီး ထိထိရောက်ရောက်လုပ်ကိုင်နိုင်မှာဖြစ်သလို အရေးကြီးလှတဲ့ အလုပ်တွေကို အပြီးသတ်နိုင်မှာဖြစ်ပါ
တယ်” လို့ စိတ်ပညာရှင် Josh Davis က ပြောပါတယ်။
“မနက်နေမထွက်ခင် အိပ်ယာကနေ နိုးနေတာက Text messagesတွေ၊ အီးမေးလ်တွေနဲ့ လူမှုမီဒီယာက noti တွေစတဲ့ နေ့စဉ် ကြုံတွေ့ရနိုင်တဲ့ အနှောက်အယှက်တွေနဲ့ စောစောစီးစီး ကြုံလာစရာအကြောင်းလည်း ရှိမှာမဟုတ်တဲ့အပြင် ဘယ်သူကမှလည်း မနက်လေးနာရီလောက်ကြီး ခင်ဗျားတို့ဆီ မေးလ်ပို့တာ၊ ဖုန်းခေါ်တာမျိုး လုပ်မှာမဟုတ်ပါဘူး” လို့Davis
က ပြောသွားပါတယ်။
ယင်းအတွက်ကြောင့်မို့လည်း မနက်စောစောစီးစီး ထပြီးတော့ စတင်အား
ယူတာမျိုးက အရေးကြီးကြောင်း Corley က ၎င်းရဲ့စာအုပ်မှာ ရေးသားထား
ပါတယ်။
Credit: SFJ Strategy First