အောင်မြင်တဲ့ လူမှုကူညီရေးစွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာစေဖို့ အကြံပြုချက် (၅) ချက်

အောင်မြင်တဲ့ လူမှုကူညီရေးစွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာစေဖို့ အကြံပြုချက် (၅) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
11 Jul 2016 11:56 am တွင် တင်ခဲ့သည်
1970 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။ စွန့်ဦးတီထွင်သူတွေအားလုံးသိထားသလိုပဲ၊ အောင်မြင်မှုဆိုတာတစ်ညတည်းနဲ့တည်ဆောက်ယူလို့မရပါဘူး။ ''ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ အောင်မြင်မှုကို အဓိပ္ပာယ်ပြန်လည်သတ်မှတ်ခြင်း '' လို့အမည်ရတဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာအတွက် ကျွန်တော်တို့ဟာ လူမှုကူညီရေးစွန့်ဦးတီထွင်သူပေါင်း ၅၅၀ ကျော်နဲ့တွေ့ဆုံပြီး သူတို့ရဲ့အောင်မြင်မှု လမ်းကြောင်းဆီလျှောက်ရာလမ်းတွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီလို အအောင်မြင်ဆုံးလူမှုကူညီရေး စွန့်ဦးတီထွင်သူတွေနဲ့ တွေ့ဆုံမေးမြန်းရာကနေ လေ့လာတွေ့ရှိခဲ့တဲ့ အကြံပြုချက် ၅-ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) ကိုယ့်လုပ်ငန်းရဲ့ အဆင့်တိုင်းမှာ အကျိုးသက်ရောက်မှုကောင်းရှိအောင် ရည်ရွယ်လုပ်ဆောင်ပါ။

သင့်ရဲ့လုပ်ငန်းပုံစံက သင့်အလုပ်သမားတွေကနေ နောက်ဆုံးစားသုံးသူအထိ အားလုံးအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်သလို လူမှုပတ်ဝန်းကျင်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒါကြောင့် အဆင့်တိုင်းမှာ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ လုပ်ငန်းပုံစံမျိုးဖြစ်ဖို့ အစကနဦးကတည်းက စဉ်းစားထားဖို့လိုပါတယ်။ အဲဒီလိုနှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့လုပ်ငန်းပုံစံမျိုးက သင့်ကိုအောင်မြင်မှုရရှိစေပြီး အကျိုးအမြတ်လည်း ရရှိစေမှာ ဖြစ်ပါတယ်။

(၂) အားလုံးသိအောင် ကြေညာပါ။

ကိုယ့်လုပ်ငန်းကို လူများနိုင်သမျှများများ သတိပြုမိစေဖို့ ကြိုးစားပါ။ ပြီးတော့ ကျွမ်းကျင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းကြီး တွေက အထောက်အပံ့ပေးဖို့ကမ်းလှမ်းမှုတွေကိုလည်း ဖြစ်နိုင်သမျှလက်ခံပါ။ လူမှုကူညီရေးစွန့်ဦးတီထွင်လုပ်ငန်းရှင် အများစုဟာ သူတို့ရဲ့လုပ်ငန်းကိုလူသိနည်းလို့ အောင်မြင်မှု ရသင့်သလောက်မရတာမျိုးနဲ့ ကြုံရတတ်ပါတယ်။ လူအများအပြားဆီကနေ ရန်ပုံငွေကောက်ခံပေးတဲ့ အဖွဲ့အစည်းမျိုးတွေဟာ လူမှုကူညီရေးလုပ်ငန်းရှင်တွေ ရှင်သန်တိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။

(၃) စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ လက်တွဲဆောင်ရွက်ပါ။

စီးပွားရေးလုပ်ငန်းကြီးတွေဟာ သင်နဲ့သင့်လုပ်ငန်းကို အကူအညီ၊ အဆက်အသွယ်တွေ ပေးနိုင်ရုံတင်မကဘဲ သင့်လုပ်ငန်း ကို သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုစနစ်ထဲမှာ ပါဝင်ဆောင်ရွက်ခိုင်းတာမျိုးလည်း လုပ်လာနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် သင့်အနေနဲ့ သူတို့ကိုယ်တိုင်လူမှုကူညီရေးစွန့်ဦးတီထွင်လုပ်ဆောင်မှုတွေ သူတို့ရဲ့လုပ်ငန်းမှာထည့်သွင်းလုပ်ဆောင်လာ အောင် စည်းရုံးလှုံ့ဆော်ဖို့ အခွင့်အရေးလည်း ရလာနိုင်ပါသေးတယ်။

(၄) ဆန္ဒပြင်းပြပါ၊ စီးပွားရေးအမြင်ရှိပါ။

မှန်ကန်တဲ့စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်တွေကနေတစ်ဆင့် သင့်ရဲ့လူမှုကူညီရေးမစ်ရှင်အတွက် ကောင်းမွန်တဲ့ရလဒ်တွေ ရရှိလာနိုင်ပါတယ်။ စီးပွားရေးပိုင်းကတည်ငြိမ်မှုရှိနေမှ သင့်လူမှုကူညီရေးလုပ်ငန်းတွေရဲ့ အကျိုးသက်ရောက်မှုကလည်း တည်ငြိမ်မှုရှိမယ်ဆိုတာ သတိရပါ။

(၅) သင်လုပ်နေတာလည်း စီးပွားရေးလုပ်ငန်းတစ်ခုပဲဆိုတာ မမေ့ပါနဲ့။

လူမှုကူညီရေးလုပ်ငန်းတွေလုပ်ဆောင်တဲ့ လုပ်ငန်းမှာလည်း ၀န်ထမ်းတွေကို လစာပေးဖို့၊ ၀န်ဆောင်မှုတွေပေးအပ်ဖို့ အတွက် ၀င်ငွေစီးဆင်းမှုရှိရတာပါပဲ။ တခြား လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းတွေ ၀င်ငွေရအောင် ဘယ်လို လုပ်ကြသလဲဆိုတာကို လေ့လာဖို့၊ မေးမြန်းဖို့ မကြောက်ပါနဲ့။ စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။

Credit: duwun

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလင်းရောင်အားနည်းတဲ့ အခန်းမှာနေရလို့ စိတ်ညစ်နေလား? ဒီအချက်လေးတွေလိုက်နာကြည့်ပါ
အလင်းရောင်အားနည်းတဲ့ အခန်းမှာနေရလို့ စိတ်ညစ်နေလား? ဒီအချက်လေးတွေလိုက်နာကြည့်ပါ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယူနိုင်ကြောင်းကြေညာ၊ ရတနာသေတ္တာများ တည်ရှိသည့်နေရာများအကြောင်း စာအုပ်တစ်အုပ်ရေ...

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ဂရိနိုင်ငံတွင် အိမ်နီးချင်းတို့၏ နေအိမ်များအတွင်း မကြာခဏ ဝင်ရောက်ကာ ဖိနပ်များ၏ အနံ့ကို ရှူကြည့်သော အမျိုးသား
ဂရိနိုင်ငံတွင် အိမ်နီးချင်းတို့၏ နေအိမ်များအတွင်း မကြာခဏ ဝင်ရောက်ကာ ဖိနပ်များ၏ အနံ့ကို ရှူကြည့်သော အမျိုးသား
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
magical-world
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service