ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက် အတွင်း သိန်းငါးရာဝန်းကျင် တန်ဖိုးရှိသော အိမ်ခြံမြေနှင့်တိုက်ခန်းဝယ်ယူရန်ရှာဖွေမှု များ မြင့်တက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
“ အိမ်နဲ့တိုက်ခန်း အငှားဈေးကွက်ကတောက်လျှောက်ရှိနေတယ်၊ ကားဝယ်ရင် ပြင်ဆင်စရိတ်ရှိတယ် အိမ်နဲ့တိုက်ခန်းကဝယ်ပြီးတန်းငှားရုံဘဲဆိုတော့ သိန်းထောင်ချီတဲ့ အိမ်တွေအစား သိန်းငါးရာခြောက်ရာလောက်ရှိတဲ့ တိုက်ခန်းနဲ့ အိမ်တွေကိုရှာဝယ်နေကြတယ် ” ဟု ရန်ကုန်အခြေစိုက် အကျိုးဆောင်တစ်ဦးကပြောသည်။
ရန်ကုန်တွင်အိမ်ခြံမြေဈေးများမြင့်တက်နေပြီး သိန်းတစ်ထောင်အောက် အိမ်ခြံမြေနှင့်တိုက်ခန်းများမှာ အရောင်းအဝယ်ပြန်ကောင်းနေကြောင်း သိရသည်။
တိုက်ခန်း ဈေးနှုန်းများမှာ မြို့နယ်အလိုက်ကွာခြားချက် နည်းပါးပြီး ကွန်ဒိုနှင့်အဆင့်မြင့်တိုက်ခန်း ဈေးနှုန်းများမှာ မြင့်တက်နေကြောင်းသိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်း ရှာဖွေမှုမြင့်တက်