ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
BBC သတင်းဌာနက အီတလီတွင် ထုတ်လွှင့်ပြသခဲ့သော ရုပ်သံအစီအစဉ်၌ ရုပ်ရှင်မင်းသမီး အာမန်ဒါ ဟိုးလ်ဒန်းနှင့် လူရွှင်တော် အလန်ကားရ်တို့ ၂ ဦးက အီတလီနိုင်ငံ Tuscany ဒေသမှ နေအိမ်ဟောင်းတစ်လုံးကို ၁ ယူရိုဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံကြပုံကို ရိုက်ကူးပြသခဲ့သည်။
(မှတ်ချက်။ အီတလီနိုင်ငံအလယ်ပိုင်း Tuscany ဒေသ၏မြို့တော် ဖလောရင့်သည် မိုက်ကယ်အိန်ဂျလို၏ David ရုပ်တု အပါအဝင် ကမ္ဘာ့အထင်ရှားဆုံး ရီနေးဆင်း ပန်းချီနှင့် ဗိသုကာလက်ရာတို့ တည်ရှိရာဒေသ ဖြစ်သည်။)
ယခုအခါ အာမန်ဒါတို့နှစ်ဦး မွမ်းမံခဲ့သောအိမ်မှာ ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းထွက်သွားပြီ ဖြစ်သည်။
အာမန်ဒါနှင့် အလန်ကားရ်တို့ နှစ်ဦးသည် ယိုယွင်းဟောင်းနွမ်းနေသောအဆောက်အအုံကို ၁ ယူရိုမျှဖြင့် ဝယ်ယူပြီးနောက် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ပြီး အရောင်းဈေးကွက်တင်ခဲ့ရာ ဈေးကွက်တင်ပြီး ၂ လအကြာ တွင် ပေါင် ၁၈၇,၇၇၇ (ကန်ဒေါ်လာ ၂၃၈,၀၀၀) ဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။
ရုပ်သံအစီအစဉ်တွင် ပြသခဲ့သည်မှာ အာမန်ဒါနှင့် အလန်ကားရ်တို့သည် ယိုယွင်းပျက်စီးနေသောအိမ်ကို လူနေထိုင်နိုင်သည့်အိမ်အဖြစ် ပြန်လည်မွမ်းမံခဲ့ကြပုံကို ပြသထားပြီး နေအိမ်ရောင်းချမှုမှ ရရှိသည့်ငွေ အားလုံးကို Children in Need နှင့် Comic Relief အဖွဲ့များသို့ လှူဒါန်းသွားမည် ဖြစ်သည်။
အီတလီနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသော အဆိုပါ ၁၇ ရာစုအိမ်မှာ ၃ ထပ်အိမ်ဖြစ်ပြီး ဂန္ထဝင်အီတလီ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ ယခုအခါ ခမ်းနားလှပသွားပြီ ဖြစ်သည်။
အာမန်ဒါနှင့် အလန်ကားရ်တို့သည် မူရင်း ထုတ်တန်းများနှင့် ရှေးခေတ်ကြွေပြားများကို ဆက်လက်ထိန်းသိမ်း ထားခဲ့ပြီး မီးဖိုဆောင်တွင်မူ တန်ဖိုးကြီး စကျင်ကျောက်ပြားခင်း မီးဖိုခုံတစ်ခုနှင့် ထင်းသုံး မီးဖိုတို့ ထည့်သွင်း ခဲ့ကြသည်။
(BBC သတင်းဌာနက အီတလီတွင် ထုတ်လွှင့်ပြသခဲ့သော ရုပ်သံအစီအစဉ်၌ ရုပ်ရှင်မင်းသမီး အာမန်ဒါ ဟိုးလ်ဒန်းနှင့် လူရွှင်တော် အလန်ကားရ်တို့ ၂ ဦးက အီတလီနိုင်ငံ Tuscany ဒေသမှ နေအိမ်ဟောင်းတစ်လုံးကို ၁ ယူရိုဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံကြပုံကို ရိုက်ကူးပြသခဲ့ပြီး ယခုအခါ အဆိုပါအိမ်မှာ ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းထွက်သွားပြီ ဖြစ်သည်)
(၁ ယူရိုဖြင့် ဝယ်ယူကာ ပြန်လည်မွမ်းမံခဲ့ပြီး အရောင်းဈေးကွက်တင်ခဲ့ရာ ၂ လအကြာတွင် ပေါင် ၁၈၇,၇၇၇ ဖြင့် ရောင်းထွက်သွားသည်)
(ရုပ်သံအစီအစဉ်တွင် ပြသခဲ့သည်မှာ အာမန်ဒါနှင့် အလန်ကားရ်တို့သည် ယိုယွင်းပျက်စီးနေသောအိမ်ကို လူနေထိုင်နိုင်သည့်အိမ်အဖြစ် ပြန်လည်မွမ်းမံခဲ့ကြပုံကို ပြသထားပြီး နေအိမ်ရောင်းချမှုမှ ရရှိသည့်ငွေ အားလုံးကို Children in Need နှင့် Comic Relief အဖွဲ့များသို့ လှူဒါန်းသွားမည် ဖြစ်သည်။)
(အီတလီနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသော အဆိုပါ ၁၇ ရာစုအိမ်မှာ ၃ ထပ်အိမ်ဖြစ်ပြီး ဂန္ထဝင်အီတလီ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ ယခုအခါ ခမ်းနားလှပသွားပြီဖြစ်သည်။)
(ရေဒီယို show အစီအစဉ်အတွက် Heart FM သို့ အာမန်ဒါ ရောက်ရှိလာပုံ)
(ရင်ကြားနေရာကို လှစ်ဟပြသထားသော အဖြူရောင်ဝတ်စုံဖြင့် အာမန်ဒါကို တွေ့ရပုံ)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Amanda Holden and Alan Carr's renovated Tuscan house 'is sold for a staggering sum' after pair teamed up to restore the crumbling 17th century property for BBC show (dailymail)
Photo Credit: dailymail
[Zawgyi]
Britain Got Talent ဒိုင္လူၾကီး ရုပ္ရွင္မင္းသမီး အာမန္ဒါ ဟိုးလ္ဒန္းႏွင့္ လူရႊင္ေတာ္ အလန္ကားရ္တို႔ ၁ ယူရို ျဖင့္ ဝယ္ယူကာ ျပန္လည္မြမ္းမံခဲ့ေသာ ၁၇ ရာစုေနအိမ္ ကန္ေဒၚလာ ၂၃၈,၀၀၀ ျဖင့္ ေရာင္းထြက္
BBC သတင္းဌာနက အီတလီတြင္ ထုတ္လႊင့္ျပသခဲ့ေသာ ရုပ္သံအစီအစဥ္၌ ရုပ္ရွင္မင္းသမီး အာမန္ဒါ ဟိုးလ္ဒန္းႏွင့္ လူရႊင္ေတာ္ အလန္ကားရ္တို႔ ၂ ဦးက အီတလီႏိုင္ငံ Tuscany ေဒသမွ ေနအိမ္ေဟာင္းတစ္လံုးကို ၁ ယူရိုျဖင့္ ဝယ္ယူကာ ျပန္လည္မြမ္းမံၾကပံုကို ရိုက္ကူးျပသခဲ့သည္။
(မွတ္ခ်က္။ အီတလီႏိုင္ငံအလယ္ပိုင္း Tuscany ေဒသ၏ျမိဳ႕ေတာ္ ဖေလာရင့္သည္ မိုက္ကယ္အိန္ဂ်လို၏ David ရုပ္တု အပါအဝင္ ကမၻာ့အထင္ရွားဆံုး ရီေနးဆင္း ပန္းခ်ီႏွင့္ ဗိသုကာလက္ရာတို႔ တည္ရွိရာေဒသ ျဖစ္သည္။) ယခုအခါ အာမန္ဒါတို႔ႏွစ္ဦး မြမ္းမံခဲ့ေသာအိမ္မွာ ေစ်းႏႈန္းျမင့္မားစြာျဖင့္ ေရာင္းထြက္သြားျပီ ျဖစ္သည္။
အာမန္ဒါႏွင့္ အလန္ကားရ္တို႔ ႏွစ္ဦးသည္ ယိုယြင္းေဟာင္းႏြမ္းေနေသာအေဆာက္အအံုကို ၁ ယူရိုမွ်ျဖင့္ ဝယ္ယူျပီးေနာက္ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ျပီး အေရာင္းေစ်းကြက္တင္ခဲ့ရာ ေစ်းကြက္တင္ျပီး ၂ လအၾကာ တြင္ ေပါင္ ၁၈၇,၇၇၇ (ကန္ေဒၚလာ ၂၃၈,၀၀၀) ျဖင့္ ေရာင္းထြက္သြားျခင္း ျဖစ္သည္။
ရုပ္သံအစီအစဥ္တြင္ ျပသခဲ့သည္မွာ အာမန္ဒါႏွင့္ အလန္ကားရ္တို႔သည္ ယိုယြင္းပ်က္စီးေနေသာအိမ္ကို လူေနထိုင္ႏိုင္သည့္အိမ္အျဖစ္ ျပန္လည္မြမ္းမံခဲ့ၾကပံုကို ျပသထားျပီး ေနအိမ္ေရာင္းခ်မႈမွ ရရွိသည့္ေငြ အားလံုးကို Children in Need ႏွင့္ Comic Relief အဖြဲ႔မ်ားသို႔ လွဴဒါန္းသြားမည္ ျဖစ္သည္။
အီတလီႏိုင္ငံအလယ္ပိုင္းတြင္ တည္ရွိေသာ အဆိုပါ ၁၇ ရာစုအိမ္မွာ ၃ ထပ္အိမ္ျဖစ္ျပီး ဂႏၳဝင္အီတလီ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားကာ ယခုအခါ ခမ္းနားလွပသြားျပီ ျဖစ္သည္။
အာမန္ဒါႏွင့္ အလန္ကားရ္တို႔သည္ မူရင္း ထုတ္တန္းမ်ားႏွင့္ ေရွးေခတ္ေၾကြျပားမ်ားကို ဆက္လက္ထိန္းသိမ္း ထားခဲ့ျပီး မီးဖုိေဆာင္တြင္မူ တန္ဖုိးၾကီး စက်င္ေက်ာက္ျပားခင္း မီးဖိုခံုတစ္ခုႏွင့္ ထင္းသံုး မီးဖိုတို႔ ထည့္သြင္း ခဲ့ၾကသည္။
(BBC သတင္းဌာနက အီတလီတြင္ ထုတ္လႊင့္ျပသခဲ့ေသာ ရုပ္သံအစီအစဥ္၌ ရုပ္ရွင္မင္းသမီး အာမန္ဒါ ဟိုးလ္ဒန္းႏွင့္ လူရႊင္ေတာ္ အလန္ကားရ္တို႔ ၂ ဦးက အီတလီႏိုင္ငံ Tuscany ေဒသမွ ေနအိမ္ေဟာင္းတစ္လံုးကို ၁ ယူရိုျဖင့္ ဝယ္ယူကာ ျပန္လည္မြမ္းမံၾကပံုကို ရိုက္ကူးျပသခဲ့ျပီး ယခုအခါ အဆိုပါအိမ္မွာ ေစ်းႏႈန္းျမင့္မားစြာျဖင့္ ေရာင္းထြက္သြားျပီ ျဖစ္သည္)
(၁ ယူရိုျဖင့္ ဝယ္ယူကာ ျပန္လည္မြမ္းမံခဲ့ျပီး အေရာင္းေစ်းကြက္တင္ခဲ့ရာ ၂ လအၾကာတြင္ ေပါင္ ၁၈၇,၇၇၇ ျဖင့္ ေရာင္းထြက္သြားသည္)
(ရုပ္သံအစီအစဥ္တြင္ ျပသခဲ့သည္မွာ အာမန္ဒါႏွင့္ အလန္ကားရ္တို႔သည္ ယိုယြင္းပ်က္စီးေနေသာအိမ္ကို လူေနထိုင္ႏိုင္သည့္အိမ္အျဖစ္ ျပန္လည္မြမ္းမံခဲ့ၾကပံုကို ျပသထားျပီး ေနအိမ္ေရာင္းခ်မႈမွ ရရွိသည့္ေငြ အားလံုးကို Children in Need ႏွင့္ Comic Relief အဖြဲ႔မ်ားသို႔ လွဴဒါန္းသြားမည္ ျဖစ္သည္။)
(အီတလီႏိုင္ငံအလယ္ပိုင္းတြင္ တည္ရွိေသာ အဆိုပါ ၁၇ ရာစုအိမ္မွာ ၃ ထပ္အိမ္ျဖစ္ျပီး ဂႏၳဝင္အီတလီ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားကာ ယခုအခါ ခမ္းနားလွပသြားျပီျဖစ္သည္။)
(ေရဒီယို show အစီအစဥ္အတြက္ Heart FM သို႔ အာမန္ဒါ ေရာက္ရွိလာပံု)
(ရင္ၾကားေနရာကို လွစ္ဟျပသထားေသာ အျဖဴေရာင္ဝတ္စံုျဖင့္ အာမန္ဒါကို ေတြ႔ရပံု)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Amanda Holden and Alan Carr's renovated Tuscan house 'is sold for a staggering sum' after pair teamed up to restore the crumbling 17th century property for BBC show (dailymail)
Photo Credit: dailymail