တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီး၏ လက်ဝတ်ရတနာများ ထုခွဲရောင်းချခဲ့ရ၊ ထိုသူမှာ လူတိုင်းသိသော ကမ္ဘာကျော်သူဌေးကြီး၏ ညီဖြစ်၊ ထိုသူမည်သူနည်း
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီး၏ လက်ဝတ်ရတနာများ ထုခွဲရောင်းချခဲ့ရ၊ ထိုသူမှာ လူတိုင်းသိသော ကမ္ဘာကျော်သူဌေးကြီး၏ ညီဖြစ်၊ ထိုသူမည်သူနည်း - Property Knowledge in Myanmar from iMyanmarHouse.com
18 Apr 2024 12:23 pm တွင် တင်ခဲ့သည်
1368 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
တချိန်က ကမ္ဘာ့ဆဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ငွေအလုံအလောက်မရှိသောကြောင့် ဇနီး၏ လက်ဝတ်ရတနာများ ထုခွဲရောင်းချ ခဲ့ရသော ပုဂ္ဂိုလ်တစ်ဦး ရှိသည်။
ထိုသူမှာ လူတိုင်းသိသော ကမ္ဘာကျော်သူဌေးကြီး၏ ညီဖြစ်သည်။ ထိုသူမည်သူနည်း။
စီးပွားရေး ရွေးချယ်မှု မှားယွင်းခြင်းနှင့် ကြိုတင်တွက်ချက်နိုင်စွမ်း မရှိခြင်းတို့မှာ အောင်မြင်နေသော စီးပွားရေး အင်ပါယာကြီးတစ်ခုကို အောက်ဆုံးအထိ ဆွဲချသွားနိုင်ကြောင်း ထိုပုဂ္ဂိုလ်၏ ဖြစ်ရပ်က သင်ခန်းစာတစ်ခုအဖြစ် ပြသနေသည်။
ထိုပုဂ္ဂိုလ်ကား….အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ်အမ်ဘာနီ၏ ညီဖြစ်သူ အနီးအမ်ဘာနီ ဖြစ်သည်။
Reliance ကုမ္ပဏီကို ညီအစ်ကို ၂ ဦး ခွဲဝေရယူချိန်တွင် အနီးအမ်ဘာနီမှာ ကန်ဒေါ်လာ ၄၂ ဘီလီယံ ချမ်းသာ ခဲ့ပြီး ထိုခေတ်ထိုကာလက ကမ္ဘာပေါ်တွင် ဆဌမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။
အနီးအမ်ဘာနီသည် ထိပ်ဆုံးမှ အောက်ဆုံးသို့ ကျဆင်းသွားခဲ့ရသူဖြစ်ပြီး အစ်ကိုဖြစ်သူ မူကက်ရှ်အမ်ဘာနီမှာမူ လုပ်ငန်းများ ကြီးပွားတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကာ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး စက်မှုလုပ်ငန်းရှင် များတွင် တစ်ဦးအပါအဝင် ဖြစ်လာသည်အထိ လှမ်းတက်နိုင်ခဲ့သည်။
အနီးအမ်ဘာနီ၏ ဆုံးဖြတ်ချက် မှားယွင်းမှုများမှာ သူ့အား အောက်ဆုံးသို့ ဆွဲချသွားခဲ့ခြင်း ဖြစ်သည်။
ကောင်းမွန်သည့် စီးပွားရေး စီမံကိန်း၊ စီးပွားရေးအမြင်မရှိဘဲ ကုမ္ပဏီပေါင်းများစွာ ဆက်တိုက် တည်ထောင်ခဲ့သည်။
တယ်လီကွန် ဆက်သွယ်ရေးကဏ္ဍ၊ စွမ်းအင်၊ အခြေခံ အဆောက်အအုံနှင့် ဖျော်ဖြေရေးနယ်ပယ်တို့တွင် ထိပ်သီးကုမ္ပဏီ ဖြစ်လာရန် ကြီးမားသော အိပ်မက်များ မက်ခဲ့သည်။
သို့သော် သူ၏ စီမံကိန်းများအပေါ် စီမံကွပ်ကဲမှု ညံ့ဖျင်းခဲ့သည်။ ခန့်မှန်းထားသည်ထက် ပိုမိုသည့် ကုန်ကျစရိတ်များ၊ မှားယွင်းသော စီးပွားရေး စီမံကိန်းနှင့် အမြတ်အစွန်း နည်းပါးခြင်းတို့ကြောင့် အနီးအမ်ဘာနီမှာ အကြွေးစတင်လာသည်။
အနီးအမ်ဘာနီ၏ ကုမ္ပဏီများမှာ ကြွေးမြီများ တစထက်တစ မြင့်မားလာရာ ကုမ္ပဏီတစ်ခုပြီးတစ်ခု ရောင်းထုတ် လာရသည်။
တယ်လီကွန် ကုမ္ပဏီ Rcom မှာ သူ၏ မှားယွင်းသော ဆုံးဖြတ်ချက်များကြောင့် ရူပီး ကုဋေ ၂၅၀၀၀ အထိ အကြွေးတင်ခဲ့သည်။
အနီးအမ်ဘာနီသည် တရုတ်ဘဏ်များမှ ပုဂ္ဂလိက အာမခံချက်ဖြင့် ချေးငွေများ ထုတ်ယူခဲ့သော်လည်း ပြန်မဆပ်နိုင်ခဲ့ချေ။
ထို့ကြောင့် လန်ဒန်ရှိ တရားရုံးတွင် တရားစွဲခံရကာ အကြွေး ရူပီး ၅၄၄၆ ကုဋေကို ဘဏ် ၃ ခုထံ ပြန်ဆပ်ရန် တောင်းဆိုခြင်း ခံခဲ့ရသည်။
အနီးအမ်ဘာနီက တရားရုံးတွင် ဒေဝါလီခံကြောင်း ပြောကြားခဲ့ပြီး မိမိ၌ ငွေမရှိတော့ကြောင်း ပြောကြားခဲ့သည်။
သူ၏ အကြွေး စုစုပေါင်းမှာ ရူပီး ကုဋေ ၄၀,၀၀၀ ဝန်းကျင်ခန့် ရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။
အနီးအမ်ဘာနီ၏ ကြွယ်ဝမှုမှာ သုညအခြေအနေသို့ ရောက်ရှိသွားပြီး ရှေ့နေခများ ပေးရန် ဇနီးဖြစ်သူ၏ လက်ဝတ်ရတနာများ ရောင်းချခဲ့ရသည်။
အနီးအမ်ဘာနီက ပြောခဲ့သည်မှာ ၎င်း၌ ကားတစ်စင်းမှ လွဲ၍ မည်သည့်အရာမှ မရှိတော့ကြောင်း၊ သာမန်ဘဝ တွင် နေထိုင်လျက်ရှိကြောင်း ပြောခဲ့သည်။
သို့သော် ယင်းနောက်ပိုင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အချက်အလက်များအရ အနီးအမ်ဘာနီ၏ ကြွယ်ဝမှု ရူပီး ကုဋေ ၂၅၀ ရှိကြောင်း သိရပြီး မွမ်ဘိုင်းမြို့တွင် ၁၇ ထပ်တိုက် တစ်လုံး ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
ဘဏ် ၃ ခုတွင် တင်နေသော ကြွေးမြီများကို အနီးအမ်ဘာနီ၏ Reliance ကုမ္ပဏီမှ မကြာသေးမီက ပြန်လည် ပေးဆပ်ခဲ့သည်။
Reliance Power ၏ ကုမ္ပဏီခွဲ ၂ ခုဖြစ်သော Kalai Power Pvt Ltd နှင့် Reliance Cleangen Ltd တို့က ကြွေးမြီ ရူပီး ၁၀၂၃ ကုဋေ ပြန်လည်ပေးဆပ်ခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet man, once 6th richest in world, then fell into Rs 40000 crore debt, sold his wife’s jewellery for…(dnaindia)
Photo Credit: dnaindia
[Zawgyi]
Photo Credit: dnaindia
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ...
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ...
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင်းထားပေးသဖြင့် Polytechnic မှ ဒီပလိုမာရကာ ထိုသူဌေး၏ ကုမ္ပဏီတွင် မန်နေဂျာအဖြစ် လုပ်ကိုင်ပြီး အောင်...
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင်းထားပေးသဖြင့် Polytechnic မှ ဒီပလိုမာရကာ ထိုသူဌေး၏ ကုမ္ပဏီတွင် မန်နေဂျာအဖြစ် လုပ်ကိုင်ပြီး အောင်...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
shwe-wutthmone
golden-city
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service