ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
တရုတ်အစိုးရသည် ကြီးမားသော အိမ်ခြံမြေစီမံကိန်းကြီးပေါင်းများစွာ အကောင်အထည်ဖော်ခဲ့သည်။
တရုတ်ပြည်တလွှားရှိ ယင်းတို့သော စီမံကိန်းများစွာမှာ လူသူကင်းမဲ့သော စွန့်ပစ်ခံစီမံကိန်းကြီးများအဖြစ် အဆုံးသတ်သွားခဲ့သည်။
State Guest Mansions အမည်ရှိ စီမံကိန်းကြီးကို ကြည့်ပါ။ ထိုစီမံကိန်းကြီးမှာ အလွန်ချမ်းသာကြွယ်ဝသော ထိပ်တန်းအလွှာတို့အတွက် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုအိမ်ရာစီမံကိန်းကြီးတွင် လက်ရှိတွေ့ရသည်မှာ နွားအုပ်များ၊ ရာပေါင်းများစွာသော စွန့်ပစ်ခံစံအိမ်ကြီးများ၏ အမိုးခုံး ဝရန်တာများနှင့် ကျောက်တုံး မျက်နှာစာများတွင် တစ္ဆေ သရဲများသဖွယ် လှည့်လည်သွားလာနေသော အခါအားလျော်စွာ တွေ့ရသည့် စူးစမ်းလေ့လာသူများသာ ဖြစ်သည်။
တည်နေရာမှာ တရုတ်ပြည် အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်၏မြို့တော် ရှန်းယန်ရှိ တောင်ကုန်းများ ဝန်းကျင်တွင် တည်ရှိပြီး ပေကျင်းမြို့၏ အရှေ့မြောက်ဘက် မိုင် ၄၀၀ ခန့် အကွာတွင် တည်ရှိသည်။
ထိုစီမံကိန်းကို ရှန်ဟိုင်းမြို့အခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Greenland Group က ၂၀၁၀ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
AFP သတင်းဌာန၏ ဖော်ပြချက်အရ စီမံကိန်းမှာ ၂ နှစ်ခန့်အကြာတွင် တဖြည်းဖြည်းနှေးကွေးလာကာ တဝက်တပျက်ဖြင့် ရပ်ဆိုင်းသွားခဲ့သည်။
ယနေ့အထိ အဆိုပါအိမ်များမှာ စွန့်ပစ်ထားဆဲဖြစ်ပြီး ခြောက်ခြားဖွယ်အိမ်တန်းတို့မှာ ဗိသုကာပြောင်းခင်းကြီး တစ်ခုသဖွယ်ပင်။
(နွားနှင့် အခြားယာတောမွေးမြူရေးတိရ စ္ဆာန်များ ယာယီမွေးမြူထားသည့်နေရာ။ ဓာတ်ပုံ-Jade Gao/ AFP / Getty Images)
ဒေသတွင်းမှ လယ်သမားတို့က စွန့်ပစ်ခံစံအိမ်ကြီးများကြားရှိ မြေနေရာများတွင် ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်နေကြသည်။
စွန့်ပစ်ခံစံအိမ်တို့၏ ဂိုဒေါင်ဖြစ်ဖွယ်ရှိသောနေရာများမှာ ယခုအခါ ကောက်ရိုးသိုလှောင်ရာနေရာဖြစ်နေပြီး အဆောက်အအုံများကြားတွင် တန်းနှစ်ခုပါ ခြံများခတ်ကာ နွားများ ထားရှိလျက်ရှိသည်။
(အရောင်းစင်တာတွင် အိမ်ရာ ပုံစံငယ်ကို တွေ့ရပုံ။ ဓာတ်ပုံ-Jade Gao/ AFP / Getty Images)
(စွန့်ပစ်လိုက်ချိန်တွင် စီမံကိန်းမှာ အတော်ပင် ပြီးစီးနေပြီ ဖြစ်သည်။ ဓာတ်ပုံ-Jade Gao/ AFP / Getty Images)
စွန့်ပစ်ခံစံအိမ်ကြီးများ၏ အတွင်းပိုင်းများကို မြင်ရလျှင် ပို၍ စိတ်မကောင်းဖွယ်ရှိသည်။
အခန်းများအတွင်း စကျင်ကြမ်းခင်းများ၊ ကော်လံတိုင်များ၊ ဖန်မီးဆိုင်းများ၊ အကွက်ဖော် ဖောင်းကြွ မျက်နှာကြက်များ၊ အနုစိတ် သစ်ကွက်အလှစီခြင်းများတွေ့ရမည်ဖြစ်သော်လည်း ဖုန်များထူထပ်စွာ တက်နေ သည့်အပြင် အမှိုက်များလည်း အလွန်ပွနေသည်။
အရောင်းစင်တာခန်းတွင်ကား ဆောက်လုပ်ထားသော စံအိမ်အလုံးပေါင်း ၂၆၀ ၏ ပုံစံငယ်ကို တွေ့ရသည်။
“ဒီအိမ်တွေကို ငွေ သန်းပေါင်းများစွာနဲ့ သူတို့ ရောင်းခဲ့ကြတယ်။ ဒါပေမယ့် ချမ်းသာသူတွေက အိမ်တစ်လုံး တောင် မဝယ်ခဲ့ကြပါဘူး” ဟု Guo အမည်ရှိ လယ်သမားတစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။
(စံအိမ်တို့၏ ပန်းဥယျာဉ်များဖြစ်ခဲ့ဖွယ်ရှိသောနေရာတွင် ယခုအခါ လယ်သမားတို့က ထွန်ယက်စိုက်ပျိုးထား ကြသည်။ ဓာတ်ပုံ-Jade Gao/ AFP / Getty Images)
ယခုအိမ်ရာကြီးအနီးတွင် အခြားသော စွန့်ပစ်ခံ အထပ်မြင့် အိမ်ရာစီမံကိန်းတစ်ခုလည်း ရှိနေသည်။
Wall Street ဂျာနယ်မှ သတင်းထောက် Jonathan Cheng က ထိုအိမ်ရာသို့ မကြာသေးမီက သွားရောက်ခဲ့ပြီး ဗွီဒီယိုရိုက်ကူးခဲ့ကာ ဂျာနယ်၏ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားသည်။
ထိုစီမံကိန်းကို တရုတ်ပြည်၏ အကြီးမားဆုံး လူနေအိမ်ခြံမြေ developer ဖြစ်သော Evergrande Group က အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
(တရုတ်ပြည် Huangshan မြို့မှ စွန့်ပစ်ခံ အိမ်ရာစီမံကိန်းတစ်ခု။ ဓာတ်ပုံ-Zhang Peng/ LightRocket/ Getty Images)
(မလေးရှားနိုင်ငံမှ လူသူအလွန်နည်းပါးလှသော Forest City စီမံကိန်းမှာ လူပေါင်း ၇၀၀၀၀၀ နေထိုင်နိုင်ရန် ရည်ရွယ်ကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ- Apama Nori/ Bloomberg/ Getty Images)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Story Behind the Many Ghost Towns of Abandoned Mansions Across China (architecturaldigest)
Photo Credit- Jade Gao/ AFP / Getty Images- Zhang Peng/ LightRocket- Apama Nori/ Bloomberg
[Zawgyi]
တရုတ္ျပည္မွ လူသူကင္းမဲ့ေသာ တေစၦျမိဳ႕ၾကီးမ်ားႏွင့္ စြန္႔ပစ္ခံ စံအိမ္ၾကီးမ်ား
တရုတ္အစိုးရသည္ ၾကီးမားေသာ အိမ္ျခံေျမစီမံကိန္းၾကီးေပါင္းမ်ားစြာ အေကာင္အထည္ေဖာ္ခဲ့သည္။
တရုတ္ျပည္တလႊားရွိ ယင္းတို႔ေသာ စီမံကိန္းမ်ားစြာမွာ လူသူကင္းမဲ့ေသာ စြန္႔ပစ္ခံစီမံကိန္းၾကီးမ်ားအျဖစ္ အဆံုးသတ္သြားခဲ့သည္။
State Guest Mansions အမည္ရွိ စီမံကိန္းၾကီးကို ၾကည့္ပါ။ ထိုစီမံကိန္းၾကီးမွာ အလြန္ခ်မ္းသာၾကြယ္ဝေသာ ထိပ္တန္းအလႊာတို႔အတြက္ ရည္ရြယ္ကာ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။
ထိုအိမ္ရာစီမံကိန္းၾကီးတြင္ လက္ရွိေတြ႔ရသည္မွာ ႏြားအုပ္မ်ား၊ ရာေပါင္းမ်ားစြာေသာ စြန္႔ပစ္ခံစံအိမ္ၾကီးမ်ား၏ အမုိးခံုး ဝရန္တာမ်ားႏွင့္ ေက်ာက္တံုး မ်က္ႏွာစာမ်ားတြင္ တေစၦ သရဲမ်ားသဖြယ္ လွည့္လည္သြားလာေနေသာ အခါအားေလ်ာ္စြာ ေတြ႔ရသည့္ စူးစမ္းေလ့လာသူမ်ားသာ ျဖစ္သည္။
တည္ေနရာမွာ တရုတ္ျပည္ အေရွ႕ေျမာက္ပိုင္း ေလ်ာင္နင္းျပည္နယ္၏ျမိဳ႕ေတာ္ ရွန္းယန္ရွိ ေတာင္ကုန္းမ်ား ဝန္းက်င္တြင္ တည္ရွိျပီး ေပက်င္းျမိဳ႕၏ အေရွ႕ေျမာက္ဘက္ မိုင္ ၄၀၀ ခန္႔ အကြာတြင္ တည္ရွိသည္။
ထိုစီမံကိန္းကို ရွန္ဟိုင္းျမိဳ႕အေျခစိုက္ အိမ္ျခံေျမ developer ျဖစ္ေသာ Greenland Group က ၂၀၁၀ ျပည့္ႏွစ္တြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္း ျဖစ္သည္။
AFP သတင္းဌာန၏ ေဖာ္ျပခ်က္အရ စီမံကိန္းမွာ ၂ ႏွစ္ခန္႔အၾကာတြင္ တျဖည္းျဖည္းေႏွးေကြးလာကာ တဝက္တပ်က္ျဖင့္ ရပ္ဆိုင္းသြားခဲ့သည္။
ယေန႔အထိ အဆိုပါအိမ္မ်ားမွာ စြန္႔ပစ္ထားဆဲျဖစ္ျပီး ေျခာက္ျခားဖြယ္အိမ္တန္းတို႔မွာ ဗိသုကာေျပာင္းခင္းၾကီး တစ္ခုသဖြယ္ပင္။
(ႏြားႏွင့္ အျခားယာေတာေမြးျမဴေရးတိရ စၦာန္မ်ား ယာယီေမြးျမဴထားသည့္ေနရာ။ ဓာတ္ပံု-Jade Gao/ AFP / Getty Images)
ေဒသတြင္းမွ လယ္သမားတို႔က စြန္႔ပစ္ခံစံအိမ္ၾကီးမ်ားၾကားရွိ ေျမေနရာမ်ားတြင္ ထြန္ယက္စိုက္ပ်ဳိးမႈမ်ား ျပဳလုပ္ေနၾကသည္။
စြန္႔ပစ္ခံစံအိမ္တို႔၏ ဂိုေဒါင္ျဖစ္ဖြယ္ရွိေသာေနရာမ်ားမွာ ယခုအခါ ေကာက္ရိုးသိုေလွာင္ရာေနရာျဖစ္ေနျပီး အေဆာက္အအံုမ်ားၾကားတြင္ တန္းႏွစ္ခုပါ ျခံမ်ားခတ္ကာ ႏြားမ်ား ထားရွိလ်က္ရွိသည္။
(အေရာင္းစင္တာတြင္ အိမ္ရာ ပံုစံငယ္ကို ေတြ႔ရပံု။ ဓာတ္ပံု-Jade Gao/ AFP / Getty Images)
(စြန္႔ပစ္လိုက္ခ်ိန္တြင္ စီမံကိန္းမွာ အေတာ္ပင္ ျပီးစီးေနျပီ ျဖစ္သည္။ ဓာတ္ပံု-Jade Gao/ AFP / Getty Images)
စြန္႔ပစ္ခံစံအိမ္ၾကီးမ်ား၏ အတြင္းပိုင္းမ်ားကို ျမင္ရလွ်င္ ပို၍ စိတ္မေကာင္းဖြယ္ရွိသည္။
အခန္းမ်ားအတြင္း စက်င္ၾကမ္းခင္းမ်ား၊ ေကာ္လံတိုင္မ်ား၊ ဖန္မီးဆိုင္းမ်ား၊ အကြက္ေဖာ္ ေဖာင္းၾကြ မ်က္ႏွာၾကက္မ်ား၊ အႏုစိတ္ သစ္ကြက္အလွစီျခင္းမ်ားေတြ႔ရမည္ျဖစ္ေသာ္လည္း ဖုန္မ်ားထူထပ္စြာ တက္ေန သည့္အျပင္ အမိႈက္မ်ားလည္း အလြန္ပြေနသည္။
အေရာင္းစင္တာခန္းတြင္ကား ေဆာက္လုပ္ထားေသာ စံအိမ္အလံုးေပါင္း ၂၆၀ ၏ ပံုစံငယ္ကို ေတြ႔ရသည္။
“ဒီအိမ္ေတြကို ေငြ သန္းေပါင္းမ်ားစြာနဲ႔ သူတို႔ ေရာင္းခဲ့ၾကတယ္။ ဒါေပမယ့္ ခ်မ္းသာသူေတြက အိမ္တစ္လံုး ေတာင္ မဝယ္ခဲ့ၾကပါဘူး” ဟု Guo အမည္ရွိ လယ္သမားတစ္ဦးက AFP သတင္းဌာနသို႔ ေျပာသည္။
(စံအိမ္တို႔၏ ပန္းဥယ်ာဥ္မ်ားျဖစ္ခဲ့ဖြယ္ရွိေသာေနရာတြင္ ယခုအခါ လယ္သမားတုိ႔က ထြန္ယက္စိုက္ပ်ဳိးထား ၾကသည္။ ဓာတ္ပံု-Jade Gao/ AFP / Getty Images)
ယခုအိမ္ရာၾကီးအနီးတြင္ အျခားေသာ စြန္႔ပစ္ခံ အထပ္ျမင့္ အိမ္ရာစီမံကိန္းတစ္ခုလည္း ရွိေနသည္။
Wall Street ဂ်ာနယ္မွ သတင္းေထာက္ Jonathan Cheng က ထိုအိမ္ရာသို႔ မၾကာေသးမီက သြားေရာက္ခဲ့ျပီး ဗြီဒီယိုရိုက္ကူးခဲ့ကာ ဂ်ာနယ္၏ ဝက္ဘ္ဆိုက္တြင္ လႊင့္တင္ထားသည္။
ထိုစီမံကိန္းကို တရုတ္ျပည္၏ အၾကီးမားဆံုး လူေနအိမ္ျခံေျမ developer ျဖစ္ေသာ Evergrande Group က အေကာင္အထည္ေဖာ္ခဲ့ျခင္း ျဖစ္သည္။
(တရုတ္ျပည္ Huangshan ျမိဳ႕မွ စြန္႔ပစ္ခံ အိမ္ရာစီမံကိန္းတစ္ခု။ ဓာတ္ပံု-Zhang Peng/ LightRocket/ Getty Images)
(မေလးရွားႏိုင္ငံမွ လူသူအလြန္နည္းပါးလွေသာ Forest City စီမံကိန္းမွာ လူေပါင္း ၇၀၀၀၀၀ ေနထိုင္ႏိုင္ရန္ ရည္ရြယ္ကာ ေဆာက္လုပ္ထားျခင္းျဖစ္သည္။ ဓာတ္ပံု- Apama Nori/ Bloomberg/ Getty Images)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: The Story Behind the Many Ghost Towns of Abandoned Mansions Across China (architecturaldigest)
Photo Credit- Jade Gao/ AFP / Getty Images- Zhang Peng/ LightRocket- Apama Nori/ Bloomberg