လူ့ဘဝမှာခရီးသွားခြင်းကဘာလို့ အရေးကြီးတာလဲ

လူ့ဘဝမှာခရီးသွားခြင်းကဘာလို့ အရေးကြီးတာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1 Jul 2023 11:54 am တွင် တင်ခဲ့သည်
1351 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ခရီးသွားခြင်းက ဘာလို့အရေးကြီးတာလဲ ဘာကြောင့် ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးတွေရှိသလဲဆိုတဲ့ ဆောင်းပါးရေးရတာနည်းနည်းတော့ ထူးဆန်းပါတယ်။ ခရီးသွားခြင်းက တစ်ခါတစ်လေမှာ ကျန်းမာရေး အသက်အန္တာရာယ်အတွက် risks ယူရမယ့်အခြေအနေမျိုးရှိနေဦးမှာပါ။ ခရီးသွားခြင်းကြောင့်ရခဲ့တဲ့ အတွေ့အကြုံတွေကတော့ အန္တရာယ်တွေထက်ပိုသာလွန်နေမှာပါ။

ခရီးသွားခြင်းဟာ ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရခြင်းရဲ့ အချက် (၇)ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

 

 

1. ခရီးသွားခြင်းက နှစ်ဆပျော်ရွှင်စေတယ်။

သေချာတာပေါ့ အကြိတ်အနယ်ရုန်းကန်နေရတဲ့ နေ့စဉ်ဘဝကရုန်းထွက်တာနဲ့တင် ခရီးထွက်ရတာကပိုပြီးပျော်ရွှင်စေတယ်။

မိဘတွေ၊ ကလေးတွေ၊ ရုံးအလုပ်၊ အိမ်စာတွေ၊ အချိန်ပိုင်းအလုပ်၊ စာမေးပွဲအတွက် စာကျက်တာ ဒါမှမဟုတ် တခြားပင်ပန်းစေမယ့်အရာတွေနဲ့ ဝေးဝေးနေနိုင်မယ်ဆိုရင် သင့်မျက်နှာမှာ ပြုံးနေမှာ သေချာပါတယ်။

 

 

နောက်ပြီးတော့ ခရီးသွားခြင်းကတစ်ခြားနည်းလမ်းနဲ့လည်းပျော်ရွှင်စေပါသေးတယ်။ Cornell University က Amit Kumar, Matthew A. Killingsworth, နဲ့ Thomas Gilovich ရဲ့လေ့လာချက်အရ တစုံတခုကိုပြုလုပ်ဖို့ငွေကိုသုံးလိုက်တဲ့အခါ သုံးလိုက်တဲ့ငွေထက်ပိုမိုကြာရှည်တဲ့ ပျော်ရွှင်မှုကိုခံစားရစေမှာပဲဖြစ်ပါတယ်။ ပစ္စည်းကောင်းတစ်ခုကို ပိုင်ဆိုင်ရရှိဖို့စောင့်ဆိုင်းခြင်းထက် အတွေ့အကြုံများမှ ပျော်ရွှင်မှုကိုပိုမိုရရှိနိုင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတယ်လို့လဲ ပြောထားပါတယ်။

 

 

2. ခရီးသွားခြင်းက ပင်ပန်းမှုမှန်သမျှကို ပြန်လည်အားပြည့်စေပါတယ်

အမြဲတမ်းအတွက်ရော လက်ရှိအတွက်ရော စိတ်ကျန်းမာရေးကိုဂရုစိုက်ဖို့အတွက်အကောင်းဆုံးသောအရာ အထူးသဖြင့် college ကျောင်းသားတွေ၊ နေ့စဉ်နဲ့အမျှရုံးသွားရတဲ့သူတွေ က ခရီးသွားရင်းပြန်လည်အားဖြည့်ဖို့လိုအပ်ပါတယ်။

 

 

 

နေ့ လ ရက်တွေကုန်ဆုံးပြီး အလုပ်လုပ်မယ် စာလုပ်မယ်ဆိုတာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ရှိနိုင်ပေမယ့် နာတာရှည်စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ဓာတ်ကျမှု၊ စိုးရိမ်ပူပန်မှုနှင့် အခြားပြဿနာများနှင့် ဝေဒနာများစွာကို ခံစားရနိုင်ပါတယ်။

နိုင်ငံခြားခရီးစဉ်တွေဆိုရင်လဲ တိုင်းတပါးရဲ့မတူညီတဲ့ယဉ်ကျေးမှုကို တွေ့ကြုံခံစားရပါက နေ့စဉ်ဘဝနှင့် စိတ်ဖိစီးမှုအခြေအနေများမှ ရုန်းထွက်နိုင်မယ်။ ပြည်တွင်းမှာပဲ ဝေးတဲ့နေရာ အေးချမ်းတဲ့နေရာတွေကို တကိုယ်တော်ခရီးထွက်ခြင်းပြုလုပ်ရင်းလည်း စိတ်ကိုဖြေလျှော့နိုင်ပါတယ်။

 

 

3. ခရီးသွားခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများကို သက်သာစေပါတယ်

 

ဩစတြီးယား သုတေသီများ နှင့် နိုင်ငံတကာ Environmental Research and Public Health ဂျာနယ်မှ ထုတ်ဝေသော စမ်းသပ်မှုတွင် များစွာသော ခရီးသွားအကျိုးကျေးဇူးများထဲမှ တစ်ခုမှာ စိတ်ဖိစီးမှု နှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်ခြင်း ဖြစ်ပါတယ်။

Short term vacation ထွက်တာနဲ့တင် independent ဖြစ်မှု၊ recovery ဖြစ်နိုင်ခြင်း၊ စိတ်ဖိစီးမှုကိုလျှော့ချဖို့ positive effects သက်ရောက်နိုင်ခြင်းနဲ့ ကျန်းမာရေးအပေါ် ကြီးမားတဲ့ အပြုသဘောဆောင်ပြီး ချက်ချင်းအကျိုးသက်ရောက်မှုများ ရှိတယ်လို့လည်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

 

 

 

ဒါပေမယ့် ခရီးလမ်းက စိတ်ဖိစီးမှုမဖြစ်စေတာတော့သေချာပါစေ လေယာဉ်စီးတာကိုကြောက်တယ် သို့မဟုတ် မိသားစုခရီးအတွက်အဆင်မပြေတဲ့ကိစ္စတွေမျိုးရှိလာရင် တစ်ကိုယ်တော်ခရီးသွားခြင်းကနေ အတွေ့အကြုံယူပါ။

အရေးကြီးတာက စိတ်ကို အေးချမ်းစေပြီး ပြန်လည်ထူထောင်နိုင်ဖို့ နေ့စဉ်ဘဝရဲ့ နာတာရှည် စိတ်ဖိစီးမှုတွေကနေ ရုန်းထွက်ဖို့ အရေးကြီးတယ်။

 

 

4. ခရီးသွားခြင်းက သင့်ကို အရာသစ်တွေဆီခေါ်ဆောင်ပေးတယ်

 

 

 

ခရီးထွက်တဲ့အခါ သင့်ရဲ့ comfort zone အပြင်ကို တစ်ချက်လှမ်းလိုက်ပါ။ ပြည်တွင်းခရီးစဉ်တွေကတော်တော်လေးနီးလွန်းနေရင် ပြည်ပခရီးစဉ်တွေဆီကိုထွက်ကြည့်ပါ မတူညီတဲ့အတွေ့အကြုံတွေအများကြီးခံစားရမှာပဲဖြစ်ပါတယ်။

 

 

5. ခရီးသွားခြင်းက တစ်ခြားသူတွေကိုအရာအသစ်တွေဆီခေါ်ဆောင်သွားပေးတယ်

 

အနီးအနားက တစ်ခြားမြို့လေးမှာပဲဖြစ်ဖြစ် ကမ္ဘာတဝှမ်းက မြို့တွေမှာပဲဖြစ်ဖြစ် လူသစ်နဲ့တွေ့တဲ့အခါ ကိုယ့်ရဲ့ အစားအစာအသစ်များ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းစသည်ဖြင့် မင်းပြုလုပ်ခဲ့တဲ့အရာတိုင်းက မင်းလုပ်ခဲ့တဲ့အပြုအမူအတိုင်း သူတို့ရင်ထဲကိုရောက်ရှိလာမှာပါ။ ဒါကြောင့် မင်းရဲ့မွေးရပ်မြေရဲ့ တန်ဖိုးထားမှုတွေအတွက် သံတမန်ကောင်းတစ်ယောက်ဖြစ်ဖို့ မမေ့ပါနဲ့။

 

 

နေရာအသစ်ကို လည်ပတ်တဲ့အခါ၊ လူသစ်တွေနဲ့ တွေ့ဆုံပြီး အုပ်စုလိုက်ခရီးသွားတာပဲဖြစ်ဖြစ် တစ်ကိုယ်တော် ခရီးသွားတာပဲဖြစ်ဖြစ် ယဉ်ကျေးမှုအသစ်အကြောင်း လေ့လာတဲ့အခါ သင့်ဘဝအတွက် အကျိုးကျေးဇူးက ကြီးမားပါတယ် ဒါ့အပြင် သင့်သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တခြားချစ်ခင်ရသူတွေကိုလည်း အကျိုးပြုပါတယ်။ အသစ်အဆန်းများကို တွေ့ကြုံခံစားနိုင်ရုံသာမက သင့်ကျောင်း၊ အလုပ်ခွင်နှင့် မွေးရပ်မြေကို အတွေ့အကြုံတွေပြန်လည်မျှဝေပေးနိုင်ပါတယ်။

 

6. ခရီးသွားခြင်းက သင့်ခန္တာကိုယ်ကို ပိုမိုကျန်းမာစေတယ်။

 

လေဆိပ်၊ ရထားဘူတာတွေကနေ ထွက်လာပြီး တောင်တွေပေါ်တက်မယ် ကြမ်းတမ်းတဲ့လမ်းတွေကိုဖြတ်ကူးမယ် ကမ်းခြေတွေမှာ Vitamin D ကိုခံစားမယ် စသည်ဖြင့် ရီးသွားခြင်းက သင့်ကျန်းမာရေးအတွက်အထောက်အကူဖြစ်ဖို့ အကြောင်းရင်းများစွာရှိပါတယ်။

 

 

အငြိမ်းစားယူလေ့လာရေးဆိုင်ရာ Global Commission on Aging and Transamerica Center မှ လေ့လာမှုတစ်ခုအရ ခရီးသွားခြင်းသည် နှလုံးတိုက်ခိုက်ခံရနိုင်ခြေကို လျော့ကျစေပြီး သင့်ဦးနှောက်ကို ပိုမိုကျန်းမာစေသည်။ နှစ်စဉ် အားလပ်ရက် အပန်းဖြေခရီးထွက်တဲ့ အမျိုးသားတွေဟာ နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ 30% လျော့နည်းကြောင်း လေ့လာမှုက ဆုံးဖြတ်ခဲ့ပါတယ်။

 

7. ခရီးသွားခြင်းက သင့်တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်

 

သင်က ကျောင်းသား၊ အနုပညာရှင်၊ စာရေးဆရာ၊ ဓာတ်ပုံဆရာ၊ စားဖိုမှူး၊ ကြော်ငြာမန်နေဂျာ သို့မဟုတ် ရုန်းကန်နေရတဲ့ Developer တစ်ဦးလား အကြံဉာဏ်ကောင်းကို အကောင်အထည်ဖော်ရန်ခရီးသွားခြင်းက ကူညီပေးနိုင်ပါတယ်။

အပြင်ထွက်ပြီး ခရီးထွက်ပါ။

သင့်ရဲ့ ပျော်ရွှင်မှုနှင့် စိတ်ခံစားချက်ကို မြှင့်တင်ပေးမယ် အရာသစ်များကို ထိတွေ့ခွင့်ရဖို့နဲ့ သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို အားကောင်းစေမယ်၊၊ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပစ်ရန်နှင့် အခြားအရာများစွာကို ရရှိစေမည်ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Ref:  goodwall 

 

 

[Zawgyi]

 

 

ခရီးသြားျခင္းက ဘာလို႔အေရးႀကီးတာလဲ ဘာေၾကာင့္ ခရီးသြားျခင္းရဲ႕အက်ိဳးေက်းဇူးေတြရွိသလဲဆိုတဲ့ ေဆာင္းပါးေရးရတာနည္းနည္းေတာ့ ထူးဆန္းပါတယ္။ ခရီးသြားျခင္းက တစ္ခါတစ္ေလမွာ က်န္းမာေရး အသက္အႏၲာရာယ္အတြက္ risks ယူရမယ့္အေျခအေနမ်ိဳးရွိေနဦးမွာပါ။ ခရီးသြားျခင္းေၾကာင့္ရခဲ့တဲ့ အေတြ႕အႀကဳံေတြကေတာ့ အႏၲရာယ္ေတြထက္ပိုသာလြန္ေနမွာပါ။

ခရီးသြားျခင္းဟာ ဘဝရဲ႕ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ရျခင္းရဲ႕ အခ်က္ (၇)ခ်က္ကိုေဖာ္ျပေပးလိုက္ပါတယ္။ 

 1. ခရီးသြားျခင္းက ႏွစ္ဆေပ်ာ္႐ႊင္ေစတယ္။

ေသခ်ာတာေပါ့ အႀကိတ္အနယ္႐ုန္းကန္ေနရတဲ့ ေန႔စဥ္ဘဝက႐ုန္းထြက္တာနဲ႔တင္ ခရီးထြက္ရတာကပိုၿပီးေပ်ာ္႐ႊင္ေစတယ္။

မိဘေတြ၊ ကေလးေတြ၊ ႐ုံးအလုပ္၊ အိမ္စာေတြ၊ အခ်ိန္ပိုင္းအလုပ္၊ စာေမးပြဲအတြက္ စာက်က္တာ ဒါမွမဟုတ္ တျခားပင္ပန္းေစမယ့္အရာေတြနဲ႔ ေဝးေဝးေနႏိုင္မယ္ဆိုရင္ သင့္မ်က္ႏွာမွာ ၿပဳံးေနမွာ ေသခ်ာပါတယ္။ 

ေနာက္ၿပီးေတာ့ ခရီးသြားျခင္းကတစ္ျခားနည္းလမ္းနဲ႔လည္းေပ်ာ္႐ႊင္ေစပါေသးတယ္။ Cornell University က Amit Kumar, Matthew A. Killingsworth, နဲ႔ Thomas Gilovich ရဲ႕ေလ့လာခ်က္အရ တစုံတခုကိုျပဳလုပ္ဖို႔ေငြကိုသုံးလိုက္တဲ့အခါ သုံးလိုက္တဲ့ေငြထက္ပိုမိုၾကာရွည္တဲ့ ေပ်ာ္႐ႊင္မႈကိုခံစားရေစမွာပဲျဖစ္ပါတယ္။ ပစၥည္းေကာင္းတစ္ခုကို ပိုင္ဆိုင္ရရွိဖို႔ေစာင့္ဆိုင္းျခင္းထက္ အေတြ႕အႀကဳံမ်ားမွ ေပ်ာ္႐ႊင္မႈကိုပိုမိုရရွိႏိုင္ၿပီး စိတ္လႈပ္ရွားဖြယ္ေကာင္းတယ္လို႔လဲ ေျပာထားပါတယ္။

 

2. ခရီးသြားျခင္းက ပင္ပန္းမႈမွန္သမွ်ကို ျပန္လည္အားျပည့္ေစပါတယ္

အၿမဲတမ္းအတြက္ေရာ လက္ရွိအတြက္ေရာ စိတ္က်န္းမာေရးကိုဂ႐ုစိုက္ဖို႔အတြက္အေကာင္းဆုံးေသာအရာ အထူးသျဖင့္ college ေက်ာင္းသားေတြ၊ ေန႔စဥ္နဲ႔အမွ်႐ုံးသြားရတဲ့သူေတြ က ခရီးသြားရင္းျပန္လည္အားျဖည့္ဖို႔လိုအပ္ပါတယ္။ 

 

ေန႔ လ ရက္ေတြကုန္ဆုံးၿပီး အလုပ္လုပ္မယ္ စာလုပ္မယ္ဆိုတာ ကိုယ္လိုခ်င္တဲ့ပန္းတိုင္ကိုေရာက္ရွိႏိုင္ေပမယ့္ နာတာရွည္စိတ္ဖိစီးမႈ၊ ပင္ပန္းႏြမ္းနယ္မႈ၊ စိတ္ဓာတ္က်မႈ၊ စိုးရိမ္ပူပန္မႈႏွင့္ အျခားျပႆနာမ်ားႏွင့္ ေဝဒနာမ်ားစြာကို ခံစားရႏိုင္ပါတယ္။

ႏိုင္ငံျခားခရီးစဥ္ေတြဆိုရင္လဲ တိုင္းတပါးရဲ႕မတူညီတဲ့ယဥ္ေက်းမႈကို ေတြ႕ႀကဳံခံစားရပါက ေန႔စဥ္ဘဝႏွင့္ စိတ္ဖိစီးမႈအေျခအေနမ်ားမွ ႐ုန္းထြက္ႏိုင္မယ္။ ျပည္တြင္းမွာပဲ ေဝးတဲ့ေနရာ ေအးခ်မ္းတဲ့ေနရာေတြကို တကိုယ္ေတာ္ခရီးထြက္ျခင္းျပဳလုပ္ရင္းလည္း စိတ္ကိုေျဖေလွ်ာ့ႏိုင္ပါတယ္။ 

 

3. ခရီးသြားျခင္းက စိတ္ဖိစီးမႈနဲ႔ စိုးရိမ္ပူပန္မႈမ်ားကို သက္သာေစပါတယ္ 

ဩစႀတီးယား သုေတသီမ်ား ႏွင့္ ႏိုင္ငံတကာ Environmental Research and Public Health ဂ်ာနယ္မွ ထုတ္ေဝေသာ စမ္းသပ္မႈတြင္ မ်ားစြာေသာ ခရီးသြားအက်ိဳးေက်းဇူးမ်ားထဲမွ တစ္ခုမွာ စိတ္ဖိစီးမႈ ႏွင့္ စိုးရိမ္ပူပန္မႈမ်ားကို ေလွ်ာ့ခ်ေပးႏိုင္ျခင္း ျဖစ္ပါတယ္။

Short term vacation ထြက္တာနဲ႔တင္ independent ျဖစ္မႈ၊ recovery ျဖစ္ႏိုင္ျခင္း၊ စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ဖို႔ positive effects သက္ေရာက္ႏိုင္ျခင္းနဲ႔ က်န္းမာေရးအေပၚ ႀကီးမားတဲ့ အျပဳသေဘာေဆာင္ၿပီး ခ်က္ခ်င္းအက်ိဳးသက္ေရာက္မႈမ်ား ရွိတယ္လို႔လည္း သုေတသီမ်ားက ေတြ႕ရွိခဲ့ပါတယ္။ 

 

ဒါေပမယ့္ ခရီးလမ္းက စိတ္ဖိစီးမႈမျဖစ္ေစတာေတာ့ေသခ်ာပါေစ ေလယာဥ္စီးတာကိုေၾကာက္တယ္ သို႔မဟုတ္ မိသားစုခရီးအတြက္အဆင္မေျပတဲ့ကိစၥေတြမ်ိဳးရွိလာရင္ တစ္ကိုယ္ေတာ္ခရီးသြားျခင္းကေန အေတြ႕အႀကဳံယူပါ။

အေရးႀကီးတာက စိတ္ကို ေအးခ်မ္းေစၿပီး ျပန္လည္ထူေထာင္ႏိုင္ဖို႔ ေန႔စဥ္ဘဝရဲ႕ နာတာရွည္ စိတ္ဖိစီးမႈေတြကေန ႐ုန္းထြက္ဖို႔ အေရးႀကီးတယ္။

 

 

4. ခရီးသြားျခင္းက သင့္ကို အရာသစ္ေတြဆီေခၚေဆာင္ေပးတယ္ 

 

ခရီးထြက္တဲ့အခါ သင့္ရဲ႕ comfort zone အျပင္ကို တစ္ခ်က္လွမ္းလိုက္ပါ။ ျပည္တြင္းခရီးစဥ္ေတြကေတာ္ေတာ္ေလးနီးလြန္းေနရင္ ျပည္ပခရီးစဥ္ေတြဆီကိုထြက္ၾကည့္ပါ မတူညီတဲ့အေတြ႕အႀကဳံေတြအမ်ားႀကီးခံစားရမွာပဲျဖစ္ပါတယ္။ 

 

5. ခရီးသြားျခင္းက တစ္ျခားသူေတြကိုအရာအသစ္ေတြဆီေခၚေဆာင္သြားေပးတယ္ 

အနီးအနားက တစ္ျခားၿမိဳ႕ေလးမွာပဲျဖစ္ျဖစ္ ကမာၻတဝွမ္းက ၿမိဳ႕ေတြမွာပဲျဖစ္ျဖစ္ လူသစ္နဲ႔ေတြ႕တဲ့အခါ ကိုယ့္ရဲ႕ အစားအစာအသစ္မ်ား၊ ယဥ္ေက်းမႈ၊ ဘာသာစကား၊ ဓေလ့ထုံးတမ္းစသည္ျဖင့္ မင္းျပဳလုပ္ခဲ့တဲ့အရာတိုင္းက မင္းလုပ္ခဲ့တဲ့အျပဳအမူအတိုင္း သူတို႔ရင္ထဲကိုေရာက္ရွိလာမွာပါ။ ဒါေၾကာင့္ မင္းရဲ႕ေမြးရပ္ေျမရဲ႕ တန္ဖိုးထားမႈေတြအတြက္ သံတမန္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ မေမ့ပါနဲ႔။ 

 

ေနရာအသစ္ကို လည္ပတ္တဲ့အခါ၊ လူသစ္ေတြနဲ႔ ေတြ႕ဆုံၿပီး အုပ္စုလိုက္ခရီးသြားတာပဲျဖစ္ျဖစ္ တစ္ကိုယ္ေတာ္ ခရီးသြားတာပဲျဖစ္ျဖစ္ ယဥ္ေက်းမႈအသစ္အေၾကာင္း ေလ့လာတဲ့အခါ သင့္ဘဝအတြက္ အက်ိဳးေက်းဇူးက ႀကီးမားပါတယ္ ဒါ့အျပင္ သင့္သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ တျခားခ်စ္ခင္ရသူေတြကိုလည္း အက်ိဳးျပဳပါတယ္။ အသစ္အဆန္းမ်ားကို ေတြ႕ႀကဳံခံစားႏိုင္႐ုံသာမက သင့္ေက်ာင္း၊ အလုပ္ခြင္ႏွင့္ ေမြးရပ္ေျမကို အေတြ႕အႀကဳံေတြျပန္လည္မွ်ေဝေပးႏိုင္ပါတယ္။

 

6. ခရီးသြားျခင္းက သင့္ခႏၲာကိုယ္ကို ပိုမိုက်န္းမာေစတယ္။ 

ေလဆိပ္၊ ရထားဘူတာေတြကေန ထြက္လာၿပီး ေတာင္ေတြေပၚတက္မယ္ ၾကမ္းတမ္းတဲ့လမ္းေတြကိုျဖတ္ကူးမယ္ ကမ္းေျခေတြမွာ Vitamin D ကိုခံစားမယ္ စသည္ျဖင့္ ရီးသြားျခင္းက သင့္က်န္းမာေရးအတြက္အေထာက္အကူျဖစ္ဖို႔ အေၾကာင္းရင္းမ်ားစြာရွိပါတယ္။ 

 

အၿငိမ္းစားယူေလ့လာေရးဆိုင္ရာ Global Commission on Aging and Transamerica Center မွ ေလ့လာမႈတစ္ခုအရ ခရီးသြားျခင္းသည္ ႏွလုံးတိုက္ခိုက္ခံရႏိုင္ေျခကို ေလ်ာ့က်ေစၿပီး သင့္ဦးေႏွာက္ကို ပိုမိုက်န္းမာေစသည္။ ႏွစ္စဥ္ အားလပ္ရက္ အပန္းေျဖခရီးထြက္တဲ့ အမ်ိဳးသားေတြဟာ ႏွလုံးေရာဂါနဲ႔ ေသဆုံးႏိုင္ေျခ 30% ေလ်ာ့နည္းေၾကာင္း ေလ့လာမႈက ဆုံးျဖတ္ခဲ့ပါတယ္။ 

7. ခရီးသြားျခင္းက သင့္တီထြင္ဖန္တီးႏိုင္စြမ္းကို ျမႇင့္တင္ေပးပါတယ္ 

သင္က ေက်ာင္းသား၊ အႏုပညာရွင္၊ စာေရးဆရာ၊ ဓာတ္ပုံဆရာ၊ စားဖိုမႉး၊ ေၾကာ္ျငာမန္ေနဂ်ာ သို႔မဟုတ္ ႐ုန္းကန္ေနရတဲ့ Developer တစ္ဦးလား အႀကံဉာဏ္ေကာင္းကို အေကာင္အထည္ေဖာ္ရန္ခရီးသြားျခင္းက ကူညီေပးႏိုင္ပါတယ္။

အျပင္ထြက္ၿပီး ခရီးထြက္ပါ။

သင့္ရဲ႕ ေပ်ာ္႐ႊင္မႈႏွင့္ စိတ္ခံစားခ်က္ကို ျမႇင့္တင္ေပးမယ္ အရာသစ္မ်ားကို ထိေတြ႕ခြင့္ရဖို႔နဲ႔ သင့္စိတ္နဲ႔ ခႏၶာကိုယ္ကို အားေကာင္းေစမယ္၊၊ စိတ္ဖိစီးမႈႏွင့္ စိုးရိမ္ပူပန္မႈမ်ားကို ဖယ္ရွားပစ္ရန္ႏွင့္ အျခားအရာမ်ားစြာကို ရရွိေစမည္ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Ref: goodwall

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service