" အခွန်မဆောင် " " အမည်မပြောင်း " အိမ်ခြံမြေ ဝယ်/ရောင်း နည်းလမ်းကောင်း
" အခွန်မဆောင် " " အမည်မပြောင်း " အိမ်ခြံမြေ ဝယ်/ရောင်း နည်းလမ်းကောင်း - Property Knowledge in Myanmar from iMyanmarHouse.com
30 Jun 2023 2:59 pm တွင် တင်ခဲ့သည်
1377 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
လူ့ဘဝရလာကတည်းက လူသားအားလုံးဟာ စားဖို့အတွက် အစာရှာရတယ်။ " ခန္ဓာကိုယ်လုံခြုံဖို့အတွက် အဝတ်ရှာ၍ ဝတ်ရတယ်။ " " အပူ။ အအေးဒဏ်မှ ကင်းလွတ်ဖို့အတွက် နေစရာအိမ်ဆောက်၍ နေထိုင်ကြရတယ် " ဤသည်မှာ လူတို့အတွက် မရှိမဖြစ်လိုအပ်သော " ဒို့တာဝန်အရေးသုံးပါး " ဖြစ်နေပါလား။ အဲင်္ဒိလို စားရေး၊ ဝတ်ရေး၊ နေရေးအတွက် အပြေးအလွှား ရှာဖွေကြ၊ ကြိုးစားလုပ်က်ိုင်ကြသည့်ကြားမှ အခွင့်အခါကောင်း အလုပ်အကိုင်ကောင်းများနှင့် တည့်တည့်တိုးသူများမှာ မျက်စိအောက်တွင် မယုံနိုင်လောက်အောင် တိုးတက်ကြီးပွားသူများကိုလည်း တွေ့ဖူးပါတယ်။ ထို့သူများမှာတော့ ကံကောင်းသူများဟု ဆိုရပါမည်။
မြေကြီးက ရွှေသီးရမယ်ဆိုတဲ့ မျှော်လင့်ချက်
" မောင်ကောင်းဖေ " လိုပဲ လူတော်တော်များများမှာ ပိုလျှံငွေများကို ဘဏ်မှာအပ်နှံထားသူများရှိသလို အချို့ကျတော့လည်း အိမ်ခြံမြေကွက်များ ဝယ်ထားရင် အမြတ်ပိုရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မြေကို စိတ်ဝင်စားကြတယ်။ အရေးကြီးဆုံးက အဆောက်အဦးဆောက်ဖို့အတွက် မြေနေရာကျယ်ကျယ်လိုမယ်။ ဒီလိုဆို နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူများလာရင်လည်း မြေငှါးစားမယ် ဒါမှမဟုတ် အကျိုးတူပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြို့သစ်များမှာ မြေကွက်များများဝယ်၍ ရင်းနှီးမြှုပ်နှံထားဖို့ စိတ်ဝင်စားနေကြတယ်။ ဒါမှ မြေကြီးမှ ရွှေသီးမှာလေ။ နေ့စဉ်ထုတ်သတင်းစာ ကြေးမုံ။ မြန်မာ့အလင်း တို့မှာ ကြည့်လိုက်ရင်လည်း အိမ်ခြံမြေအကျိုးဆောင်များရဲ့ မြေကွက်ဝယ်လိုရောင်းလိုကြောင်း နဲ့ ဈေးကောင်းပေးဝယ်တယ်ဆိုတဲ့ ကြော်ငြာများကို ကြည့်ခြင်းအားဖြင့် ဝယ်လိုအားများနေကြောင်း သိနိုင်ပါတယ်။
ထို့အတူ နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြသူ ဒေါ်လာစားများကလည်း ခြိုးခြံစုဆောင်းထားတဲ့ ငွေပိုငွေလျှံများနဲ့ မြေကွက်များ၊ တိုက်ခန်းများ ဝယ်ယူရင်းနှီးမြှုပ်နှံလာကြတာတွေ့ရပါတယ်။ မြေကွက်နည်းတူ တိုက်ခန်းများ၊ ကွန်ဒို များ၊ လုံးချင်းအိမ်ရာ များကို လည်း စိတ်ဝင်စားပြီး ဝယ်ယူသူများလည်း ရှိပါတယ်။
မြေကွက်နဲ့ တိုက်ခန်းဝယ်ရင် အရေးကြီးဆုံးက အရှုပ်အရှင်းကင်းဖို့ပဲ။
ဒီတော့ တိုက်ခန်းပဲဝယ်ဝယ်၊ မြေကွက်ပဲဝယ်ဝယ်၊ အရေးကြီးဆုံးက ဝယ်ယူသောမြေနှင့် တိုက်တို့မှာ အပေါင်အနှံအရှုပ်အရှင်းကင်းဖို့က အဓ်ိကဖြစ်တယ်။ တိုက်ခန်းဝယ်ယူပါက မူလအခန်းပိုင်ရှင်က စာရွက်စာတမ်းအဆက်အစပ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် မိမိနောက်ဆုံး ဝယ်ယူပိုင်ဆိုင်သူဖြစ်ကြောင်း မြေရှင်သိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ များသောအားဖြင့် အခန်းပိုင်ရှင်များဟာ မိမိတို့ရောင်းချတဲ့ တိုက်ခန်းရောင်းရငွေမှ (၁%) တစ်ရာခိုင်နှုန်းကို မြေရှင်ကိုမပေးလိုကြဘူး။ ဒီတော့ မြေရှင်မသိပဲ ဝယ်ယူလိုက်မိသောသူများ နောက်ပိုင်းမှာ အရှုပ်အရှင်းပြဿနာပေါင်းစုံနဲ့ ကြုံတွေ့နေရတတ်တယ်။ အိုးအိမ်တိုက်ခန်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပေးထားသော လူနေထိုင်ခွင့် BCC လက်မှတ်မိတ္တူနှင့် ကန်ထရိုက်တာနှင့်ဝယ်ယူသူတို့ ချုပ်ဆိုထားတဲ့တိုက်ခန်းအရောင်းအဝယ်စာချုပ်များသာရှိကြပါတယ်။ အခွန်မလာသေးမီ ယင်းစာချုပ်များဖြင့်ပင် အဆင့်ဆင့်ရောင်းဝယ်နေထိုင်ကြသည်ကိုတွေ့ရပါတယ်။
အခြားသူအမည်မှ မိမိအမည် ပြောင်းချင်ရင် အဆင့်ဆင့် ဆောင်ရွက်ရတယ်။
မြေနှင့်အိမ်ဝယ်ယူကြရာတွင် ဂရန်အမည်ပေါက် လုံးချင်းအိမ် ဝယ်ယူခြင်း၊ ပါမစ်မြေကွက်ဝယ်ယူခြင်း၊ ဂရန်အမည်ပေါက်မြေကွက် ဝယ်ယူခြင်း ဆိုပြီး ကွဲပြားသွားပါတယ်။ အရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနှင့် အိမ်ဝယ်ရင် ကျပ် တစ်သိန်း တန်ဖိုးအထက်ဆိုပါက စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ပြီး အရောင်းအဝယ်စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။
မိမိအမည်ပေါက် ရဖို့အရေး မြို့တော်စည်ပင် / အိုးအိမ်ဦးစီးဌာနမှာ အရောင်းမြေပုံကူး ရတယ်။ အခွန်ရုံးမှာ အခွန်ဆောင်ရတယ်။ ပြီးတော့ စာချုပ်ရုံးမှာ မှတ်ပုံတင်စာချုပ် ရတယ်။ မှတ်ပုံတင်စာချုပ်ထွက်လာတော့မှ မြို့တော်စည်ပင်၊ အိုးအိမ်ဦးစီးဌာနတို့မှာ မိမိအမည်ပေါက် ပြောင်းရတယ်။
" မြေကွက်သက်သက်နှင့် " " အိမ်နှင့်မြေ အရောင်းအဝယ် " စာချုပ်ချုပ်ရင် ရန်ကုန်- မန္တလေး စည်ပင်နယ်နိမိတ်အတွင်းဖြစ်ပါက ပစ္စည်းတန်ဖိုးရဲ့ (၄%) တံဆိပ်ခေါင်း အခွန်ဆောင်ရတယ်။ တစ်ခါဝင်ငွေခွန် ဥပဒေအရ ဝင်ငွေစည်းကြပ်ခွန်ကျတော့ ပစ္စည်းတန်ဖိုးရဲ့ (၃%) ဆောင်ရတယ်။ ဥပမာ - ကျပ်သိန်း (၁၀၀၀) နဲ့ မြေနှင့်အိမ်အရောင်းအဝယ်ချုပ်ရင် ဝင်ငွေခွန် (၃%) နဲ့ တံဆိပ်ခေါင်းခွန် (၄%) ပေါင်းရင် စုစုပေါင်း (၇%) အခွန်ဆောင်ရတယ်။ အိမ်တန်ဖိုးက သီးသန့် အခွန်ဆောင်ရပြန်တယ်။
အခွန်ရှောင်ပြီး Power (ပါဝါ) နဲ့ နေသူများ။
ဒီတော့ မှတ်ပုံတင်စာချုပ် မချုပ်ပဲ မိမိဝယ်ယူတဲ့မြေကွက်ဟာ အမှန်အကန်ဖြစ်ဖို့နဲ့ အရှုပ်အရှင်းကင်းကင်းနဲ့ ဝယ်ယူပိုင်ဆိုင်ထားချင်ကြတယ်။ မိမိဝယ်ယူမည့် နှစ် (၆၀) ဂရန်မြေတို့၊ ပါမစ်မြေကွက်တို့ဟာ အစစ်အမှန်မှ ဟုတ်ရဲ့လားဆိုတာ သိချင်ကြတယ်။ အခွန်မဆောင်ချင်တဲ့အတွက် ဂရန်အမည်ပေါက်သူ ရောင်းသူထံမှ ကိုယ်စားလှယ် လွှဲစာ General Power ဖြစ်စေ Special Power ဖြစ်စေ ယူပြီး နေလိုက်ကြတယ်။
အိမ်ခြံမြေဂရန်နဲ့ ဓါတ်ပုံပါမစ်မြေကွက်ကိုဝယ်ရင် ပထမဆုံးအကြိမ်စရန်ငွေ အနည်းအငယ်ပေးပြီးရင် (နှစ်ပတ်) (တစ်လ) လောက် ခွာချိန်ပြီး ဂရန်စစ် မစစ်၊ ပါမစ် စစ် မစစ် ဝယ်ယူသူက စစ်ဆေးဝယ်လေ့ရှိကြတယ်။ စစ်ဆေးတဲ့အခါ မှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားရောက် စုံစမ်းစစ်ဆေးလေ့ ရှိကြတယ်။
ရန်ကုန်မြို့တော် စည်ပင် (မြို့တော်ခန်းမ) မှာလည်း စစ်ဆေးကြည့်။
ယခုအခါမှာတော့ ဂရန်မြေ၊ ပါမစ်မြေကွက်များနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေ စီမံခန့်ခွဲမှုဌာန (မြို့တော်ခန်းမ) မှာ အိမ်ခြံမြေ ဝယ်ယူသူများ၊ ရောင်းမှာ၊ ဝယ်မှား၊ မဖြစ်အောင် ဆုံးရှုံးနစ်နာမှု မဖြစ်စေရန် ပိုင်ရှင်အမည်ပေါက် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးလျက်ရှိပါတယ်။ ဒါမှလည်း ဝယ်သူအတွက် အရှုပ်အရှင်း ကင်းမကင်း ကြိုတင်သိနိုင်လို့ မြို့တော်စည်ပင်ကို မောင်ကောင်းဖေ တို့ ကျေးဇူးတင်ရပါတယ်။
ဝယ်ရောင်းသမားများစာ အိုအိမ်နဲ့ မြို့တော်စည်ပင်မှာ စစ်ဆေးပြီးမှန်ကန်တယ်ဆိုရင်တော့ အပြီးအပိုင်အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကြပါတယ်။ လက်ရှိမှာတော့ အဲဒီလို စာချုပ်ချုပ်ဆိုပြီး ရောင်းဝယ်လာကြတာတွေများလာပါတယ်။
အရပ်ကတိစာချုပ်ကိုင်ဆောင်ပြီး စာချုပ်ကိုမှတ်ပုံမတင်၊ အမည်မပြောင်းပဲ ရောင်းသူအမည်ပေါက်ထံက General Power (သို့မဟုတ်) Special Power ယူထားလိုက်ပြီး မြို့တော်စည်ပင်မှာ " အရောင်းမြေပုံ " ကူးကာ လက်လွှဲလက်ပြောင်းရောင်းချသူများလည်း မောင်ကောင်းဖေ တွေ့လာရပါပြီ။ ဒီနည်းလမ်းကလည်း အခွန်ရှောင်နည်းတစ်မျိုးဖြစ်လို့ ဝယ်ရောင်းပွဲစားများအတွက် နည်းလမ်းကောင်း တစ်ခု ဖြစ်နေပါတော့တယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Neighbourhood
royal-hill
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service